လူစားလဲခံရလို့ ဒေါသထွက်တဲ့ မာနေးအတွက် ကလော့ပ်ရဲ့ ပြောစကား
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လူစားလဲတဲ့ ကိစ္စအတွက် ဒေါခွီးတဲ့ အထဲမှာ မာနေးလည်းပါပါတယ်။ စနေနေ့မှာ လီဗာပူးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်ကို မာနေး၊ မာမီနို၊ ဆာလက်၊ မီနာမီနို နှင့် ဟန်ဒါဆန်တို့ရဲ့ သွင်းဂိုးများနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲဒီပွဲစဉ်ရဲ့ ပွဲကစားချိန် ၅၇ မိနစ်မှာ လူစားလဲခံလိုက်ရတဲ့ မာနေးဟာ ဆာလက်နှင့်လူစားလဲတဲ့အတွက် ဒေါသထွက်နေ တဲ့ပုံပေါက်နေခဲ့ပါတယ်။
မာနေးဟာ ဆဲဟတ်ပက်မှာ သူ့ရဲ့ ပွဲကစားချိန် ပြီးသွားခဲ့ပြီ ဆိုတာကို သဘောပေါက် သွားခဲ့ပြီးနောက် အစပိုင်းမှာ လူစားလဲဖို့ ဆန္ဒမရှိတဲ့ဟန် ပြသ ခဲ့တာကို ကလော့ပ်က မြင်တွေ့ ခဲ့တာ ဖြစ်ပါတယ်။
ဆီနီဂေါ လက်ရွေးစင်ဟာ ပထမပိုင်းမှာ လီဗာပူး အတွက် ဂိုးတစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့တဲ့ အပြင် သွင်းဂိုး တစ်ဂိုးလည်း ဖန်တီး ပေးနိုင်ခဲ့သူ ဖြစ်ပြီး ကွင်းထဲကနေ ထွက်လာချိန်မှာ နည်းပြကလော့ပ်ကို မကျေနပ်ဟန် ပြသ ခဲ့ပါတယ်။
လီဗာပူးနည်းပြ ကလော့ပ်ကတော့ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ငြင်းဆိုသွားခဲ့ကာ သူ့ရဲ့ကစားသမားက ဒေါသမထွက်ခဲ့ပါဘူးလို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ “မိုဆာလက် လူစားဝင်လာတာကြောင့် သူ ဒေါသထွက် ခဲ့တာ မဟုတ်ပါဘူး။
သူကနာရီကို ကြည့်လိုက်တဲ့ အချိန်မှာ စောနေသေးတယ်လို့ ထင်နေတာကြောင့် မပျော်မရွှင် ဖြစ်ခဲ့တာပါ။သူကမပျော်မရွင်ဖြစ်နေပေမယ့်လည်း ဖရီးကစ် ကန်တာကိုတော့ ကြည့်နေခဲ့ပါတယ်”
“ကျွန်တော်ရဲ့ကစားသမားတွေက စစ်သားတွေမဟုတ်ပါဘူး။ လူစားလဲခံရတဲ့အချိန် ဒီလိုတုံ့ပြန်တာကတော့ သဘာဝပါပဲ။ ဒါပေမယ့် နည်းပြ ပြောတဲ့ အရာအားလုံး လုပ်သွားဖို့ လိုအပ်ပါတယ်။ သူတို့ဟာ ကျွန်တော် ပြောတဲ့ အတိုင်း လုပ်ကြပါတယ်။ ပွဲပြီး နောက်ကျွန်တော်တို့ စကားပြောတဲ့အခါမှာတော့ မာနေးက အဆင်ပြေပါတယ်။ အားလုံး ကောင်းပါတယ်။” လို့ လီဗာပူးနည်းပြ ကလော့ပ်ကပြောဆိုပါတယ်။
မာနေး ထွက်ခွာ ခဲ့တဲ့ အချိန်မှာ ၄-၀ နဲ့ ဦးဆောင်နေတဲ့ လီဗာပူးအသင်းဟာ လက်ကျန် နာရီဝက်မှာ နောက်ထပ် ၃ ဂိုး ထပ်မံ သွင်းယူ နိုင်ခဲ့ပါတယ်။ အဆိုပါ သွင်းဂိုးတွေထဲက နှစ်ဂိုးကို လူစားဝင် ကစားသမား ဖြစ်သူ မိုဟာမက်ဆာလက်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ပွဲကြပ် ကာလမတိုင်ခင်မှာတော့ လီဗာပူးအသင်းဟာ အမှတ်ပေး ဇယားရဲ့ထိပ်မှာ ဆက်လက်ရပ်တည်နိုင်နေတာဖြစ်ပါတယ်။
ဝက်စ်ဘရွန်းနှင့်မကစားမီ လီဗာပူးအသင်းဟာ တစ်ပတ်လောက် အနားရရှိထားတာဖြစ်ပြီး အဲဒီပွဲစဉ် ပြီးနောက်မှာတော့ နယူးကာဆယ်အသင်း ၊ ဆောက်သမ်တန်အသင်းတို့နှင့်ဆက်လက် ရင်ဆိုင်ကစားသွားရမှာဖြစ်ပါတယ်။ လီဗာပူးနည်းပြ ကလော့ပ်ရဲ့ လမ်းညွှန်ချက်တွေနဲ့ ပြောစကားနားထောင်တယ်ဆိုတဲ့ အသင်းသားတွေရဲ့ အခြေအနေကို ဆက်ကြည့်ကြရအောင်ပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi