လူစားဝင်ကစားရင် ဘယ်လိုခြေစွမ်းပြရလဲဆိုတာ ပြသခဲ့တဲ့ ဗာဒီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ် ပွဲစဉ် (၆) ရဲ့ပွဲကောင်းတစ်ပွဲ ဖြစ်တဲ့ အာဆင်နယ် အသင်း နဲ့ လက်စတာစီးတီး အသင်း ပွဲမှာတော့

လက်စတာစီးတီး အသင်းဟာ တိုက်စစ်မှူး ဗာဒီ ရဲ့ ခေါင်းတိုက် သွင်းဂိုးနဲ့အတူ အနိုင် သုံးမှတ် ရရှိ သွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပွဲအစမှာတင် လာကာဇက် ရဲ့ ခေါင်းတိုက်ချက် ဂိုးဝင်သွားခဲ့ပေမယ့်

လူကျွံဘော အဖြစ် သတ်မှတ်ခဲ့တာကြောင့် ဂိုးရရှိခြင်း မရှိခဲ့ပါဘူး ။

ပထမပိုင်းမှာ အာဆင်နယ် အသင်းဟာ ကစားကွက် အသာစီး ၊ ဂိုးပေါက် ကန်သွင်းမှုတွေ အများအပြား ရရှိခဲ့ပေမယ့်

ကစားသမားတွေရဲ့ အဆုံးသတ် မသေချာမှု ၊ အလောကြီးနေမှု ၊ နှောင့်နှေးမှုတွေကြောင့် ဂိုးရရှိခဲ့ခြင်း မရှိပါဘူး။

အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာကစားခဲ့ရပေမယ့်လည်း ဗာဒီရဲ့ မိနစ် ၈၀ သွင်းဂိုးနဲ့ ထိချက်နာရကာ၊ အဆင့် ၁၀ နေရာမှာ ရပ်တည်နေရပါတယ်။

အဓိကတိုက်စစ်မှူးအူဘာမီယန်ပါဝင်ခဲ့ပေမယ့်လည်း ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

၂၀၁၄ ခုနှစ်နောက်ပိုင်း အူဘာမီယန်ဟာ လိဂ်ပွဲငါးပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေမှုက ပထမဆုံးအကြိမ်ဖြစ်လာခဲ့ပြီး

အာဆင်နယ်အသင်းခေါင်းဆောင်ဟာ ဒီရာသီမှာ လိဂ်ဂိုးတစ်ဂိုးတည်းသာ ရရှိထားခဲ့ပါတယ်။

လက်စတာစီးတီး အသင်းဟာ ပထမပိုင်းတစ်ပိုင်းလုံးကို တိုက်စစ်မှူးမပါဘဲ ကစားခဲ့ပြီး ဒုတိယပိုင်း ဗာဒီ ဝင်လာချိန်မှာတော့ ပွဲအလှည့်အပြောင်း ဖြစ်သွားခဲ့ပါတယ်။

ဗာဒီဟာ လူစားဝင်ကစားပြီး မိနစ် ၂၀ အကြာမှာတင် လက်စတာ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

လက်စတာစီးတီးအသင်းဟာ အဲဒီ နိုင်ပွဲကြောင့် ထိပ်ဆုံးက အဲဗာတန် အသင်းနဲ့ တစ်မှတ်ကွာ အနေအထားကိုရောက်ရှိလာပါတယ်။

ဗာဒီဟာ အာဆင်နယ်နဲ့ ပွဲမှာ ဒဏ်ရာသက်သာခါစ ဖြစ်တာကြောင့် ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့ဘဲ အရန်လူစာရင်းမှာသာ ပါဝင်ခဲ့သူပါ။

ဒါပေမယ့်ဗာဒီ လူစားဝင်လာချိန်မှာ လက်စတာအသင်းရဲ့ ကစားပုံဟာ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့ပြီး အနိုင်ဂိုးပါ ရရှိ သွားခဲ့တာဖြစ်ပါတယ်။

ဗာဒီဟာ အာဆင်နယ်အသင်းဘက်ကို စုစုပေါင်း သွင်းဂိုး ၁၁ ဂိုး အထိသွင်းထားပြီးပါပြီ။

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အာဆင်နယ်ဘက်ကို ဗာဒီထက် ဂိုးပို သွင်းနိုင်တဲ့သူဆိုလို့ ၁၂ ဂိုးသွင်းယူထာတဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီပဲရှိပါတယ်။

ဗာဒီဟာ မန်စီးတီး အသင်းကို ၉ ဂိုး ၊လီဗာပူးအသင်းကို ၇ ဂိုး ၊ စပါး နဲ့ မန်ယူနိုက်တက်အသင်းကို ငါးဂိုးစီ ၊ ချဲလ်ဆီး အသင်းကို ၄ ဂိုးအထိ သွင်းယူပေးထားပါတယ်။

ဗာဒီကြောင့် လက်စတာကမှတ်တမ်းဆိုးကို ချေဖျက်နိုင်ခဲ့ပြီး၊ အာဆင်နယ်ကတော့ ၂၀၂၀ ခုနှစ်အတွင်းမှာ ပထမဆုံးအကြိမ်အိမ်ကွင်းရှုံးပွဲကို ရင်ဆိုင်ခဲ့ရပါတယ်။

လက်စတာ စီးတီး အသင်းဟာအဲဒီ နိုင်ပွဲမတိုင်ခင် အထိ အာဆင်နယ် အသင်း အိမ်ကွင်းမှာ အနိုင်မရတာ ၄၇ နှစ်ကျော်ကြာ ရှိခဲ့ပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လူစားဝင္ကစားရင္ ဘယ္လိုေျခစြမ္းျပရလဲဆိုတာ ျပသခဲ့တဲ့ ဗာဒီ

ပရီးမီးယားလိဂ္ ပြဲစဥ္ (၆) ရဲ႕ပြဲေကာင္းတစ္ပြဲ ျဖစ္တဲ့ အာဆင္နယ္ အသင္း နဲ႔ လက္စတာစီးတီး အသင္း ပြဲမွာေတာ့

လက္စတာစီးတီး အသင္းဟာ တိုက္စစ္မႉး ဗာဒီ ရဲ႕ ေခါင္းတိုက္ သြင္းဂိုးနဲ႔အတူ အႏိုင္ သုံးမွတ္ ရရွိ သြားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ပြဲအစမွာတင္ လာကာဇက္ ရဲ႕ ေခါင္းတိုက္ခ်က္ ဂိုးဝင္သြားခဲ့ေပမယ့္

လူကြၽံေဘာ အျဖစ္ သတ္မွတ္ခဲ့တာေၾကာင့္ ဂိုးရရွိျခင္း မရွိခဲ့ပါဘူး ။

ပထမပိုင္းမွာ အာဆင္နယ္ အသင္းဟာ ကစားကြက္ အသာစီး ၊ ဂိုးေပါက္ ကန္သြင္းမႈေတြ အမ်ားအျပား ရရွိခဲ့ေပမယ့္

ကစားသမားေတြရဲ႕ အဆုံးသတ္ မေသခ်ာမႈ ၊ အေလာႀကီးေနမႈ ၊ ေႏွာင့္ေႏွးမႈေတြေၾကာင့္ ဂိုးရရွိခဲ့ျခင္း မရွိပါဘူး။

အာဆင္နယ္အသင္းဟာ အိမ္ကြင္းမွာကစားခဲ့ရေပမယ့္လည္း ဗာဒီရဲ႕ မိနစ္ ၈၀ သြင္းဂိုးနဲ႔ ထိခ်က္နာရကာ၊ အဆင့္ ၁၀ ေနရာမွာ ရပ္တည္ေနရပါတယ္။

အဓိကတိုက္စစ္မႉးအူဘာမီယန္ပါဝင္ခဲ့ေပမယ့္လည္း ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။

၂၀၁၄ ခုႏွစ္ေနာက္ပိုင္း အူဘာမီယန္ဟာ လိဂ္ပြဲငါးပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ေနမႈက ပထမဆုံးအႀကိမ္ျဖစ္လာခဲ့ၿပီး

အာဆင္နယ္အသင္းေခါင္းေဆာင္ဟာ ဒီရာသီမွာ လိဂ္ဂိုးတစ္ဂိုးတည္းသာ ရရွိထားခဲ့ပါတယ္။

လက္စတာစီးတီး အသင္းဟာ ပထမပိုင္းတစ္ပိုင္းလုံးကို တိုက္စစ္မႉးမပါဘဲ ကစားခဲ့ၿပီး ဒုတိယပိုင္း ဗာဒီ ဝင္လာခ်ိန္မွာေတာ့ ပြဲအလွည့္အေျပာင္း ျဖစ္သြားခဲ့ပါတယ္။

ဗာဒီဟာ လူစားဝင္ကစားၿပီး မိနစ္ ၂၀ အၾကာမွာတင္ လက္စတာ အသင္းအတြက္ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာပါ။

လက္စတာစီးတီးအသင္းဟာ အဲဒီ ႏိုင္ပြဲေၾကာင့္ ထိပ္ဆုံးက အဲဗာတန္ အသင္းနဲ႔ တစ္မွတ္ကြာ အေနအထားကိုေရာက္ရွိလာပါတယ္။

ဗာဒီဟာ အာဆင္နယ္နဲ႔ ပြဲမွာ ဒဏ္ရာသက္သာခါစ ျဖစ္တာေၾကာင့္ ပြဲထြက္လူစာရင္းမွာ မပါဝင္ခဲ့ဘဲ အရန္လူစာရင္းမွာသာ ပါဝင္ခဲ့သူပါ။

ဒါေပမယ့္ဗာဒီ လူစားဝင္လာခ်ိန္မွာ လက္စတာအသင္းရဲ႕ ကစားပုံဟာ သိသိသာသာ တိုးတက္ေကာင္းမြန္လာခဲ့ၿပီး အႏိုင္ဂိုးပါ ရရွိ သြားခဲ့တာျဖစ္ပါတယ္။

ဗာဒီဟာ အာဆင္နယ္အသင္းဘက္ကို စုစုေပါင္း သြင္းဂိုး ၁၁ ဂိုး အထိသြင္းထားၿပီးပါၿပီ။

ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ အာဆင္နယ္ဘက္ကို ဗာဒီထက္ ဂိုးပို သြင္းႏိုင္တဲ့သူဆိုလို႔ ၁၂ ဂိုးသြင္းယူထာတဲ့ ယူႏိုက္တက္ တိုက္စစ္မႉးေဟာင္း ဝိန္း႐ြန္းနီပဲရွိပါတယ္။

ဗာဒီဟာ မန္စီးတီး အသင္းကို ၉ ဂိုး ၊လီဗာပူးအသင္းကို ၇ ဂိုး ၊ စပါး နဲ႔ မန္ယူႏိုက္တက္အသင္းကို ငါးဂိုးစီ ၊ ခ်ဲလ္ဆီး အသင္းကို ၄ ဂိုးအထိ သြင္းယူေပးထားပါတယ္။

ဗာဒီေၾကာင့္ လက္စတာကမွတ္တမ္းဆိုးကို ေခ်ဖ်က္ႏိုင္ခဲ့ၿပီး၊ အာဆင္နယ္က​ေတာ့ ၂၀၂၀ ခုႏွစ္အတြင္းမွာ ပထမဆုံးအႀကိမ္အိမ္ကြင္းရႈံးပြဲကို ရင္ဆိုင္ခဲ့ရပါတယ္။

လက္စတာ စီးတီး အသင္းဟာအဲဒီ ႏိုင္ပြဲမတိုင္ခင္ အထိ အာဆင္နယ္ အသင္း အိမ္ကြင္းမွာ အႏိုင္မရတာ ၄၇ ႏွစ္ေက်ာ္ၾကာ ရွိခဲ့ပါၿပီ။