လူစားဝင်ပြီး လူစားပြန်လဲခံရတဲ့ ဆာနီရဲ့အဖြစ်ကို စာနာပေးခဲ့ကြတဲ့ ဘိုင်ယန်ကြယ်ပွင့်တွေ

လေဗာကူဆင်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ ဘိုင်ယန်ရဲ့စနေညဘွန်ဒက်စ်လီဂါအဝေးကွင်းပွဲစဉ်မှာ တောင်ပံကစားသမားဆာနီဟာ လူစားဝင်လာခဲ့ပေမယ့် လူစားပြန်လဲခံခဲ့ရတာကြောင့် စိတ်ပျက်ဖွယ်ဖြစ်ခဲ့ရပြီး အဲဒီအတွက် ဘိုင်ယန်ကြယ်ပွင့်တွေဖြစ်ကြတဲ့ လီဝန်ဒေါစကီးနဲ့သောမတ်စ်မူလာတို့က စာနာပေးခဲ့ကြပါတယ်။

အဲဒီပွဲမှာ ပူပူနွေးနွေးကမ္ဘာ့အကောင်းဆုံးကစားသမားဆုရှင်လီဝန်ဒေါစကီးဟာ နောက်ကျအနိုင်ဂိုးအပါအဝင် ဘိုင်ယန်အတွက် နှစ်ဂိုးစလုံးသွင်းယူပေးခဲ့ပေမယ့် ပွဲအပြီးမှာ ဆာနီရဲ့အဖြစ်ကသာ ပိုပြီးလူပြောများခဲ့တာပါ။

အဲဒီမန်စီးတီးတောင်ပံကစားသမားဟောင်းဟာ ၃၂ မိနစ်အရောက်မှာ ဒဏ်ရာရသွားတဲ့ကိုမန်အစား လူစားဝင်လာတာဖြစ်ပြီး ၆၈ မိနစ်မှာတော့ လူငယ်ကစားသမားမူစီယာလာနဲ့ လူစားလဲခံခဲ့ရတာပါ။

ပွဲအပြီးမှာတော့ ဘိုင်နယ်မြူးနစ်နည်းပြဟန်ဆီဖလစ်က ၂၄ နှစ်အရွယ် ဆာနီကို မဖြစ်မနေသာ လူစားလဲခဲ့ရတာဖြစ်ပြီး အပြစ်ပေးခံရတာမဟုတ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။

ဆာနီဟာ မန်စီးတီးကနေရောက်လာပြီးကတည်းက ၁၆ ပွဲမှာ ၅ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးပေးထားပြီး ဘိုင်ယန်မှာ အခြေကျဖို့အတွက် သူ့ကို အချိန်ပေးသင့်ကြောင်းလည်း လီဝန်ဒေါစကီးက ပြောကြားခဲ့ပါတယ်။

”သူက အချိန်နည်းနည်းလေးပဲ လိုတာပါ။ လာမယ့်နှစ်မယ်ဆိုရင် သူ့အရည်အသွေးကို ပြလိမ့်မယ်လို့ ကျွန်တော် သေချာပေါက်ပြောနိုင်ပါတယ်”လို့ လီ်ဝန်ဒေါစကီးက ဆာနီဘက်က ပြောပေးခဲ့ပါတယ်။

ဒီအချိန်မှာ တိုက်စစ်ကစားဖော်မူလာကလည်း ဆာနီကို ထိပ်တန်းကစားသမားတစ်ယောက်အဖြစ် ဖော်ပြခဲ့ပြီး မကြာခင်မှာ ဘိုင်ယန်အတွက် အဓိကကြာသူဖြစ်လာမယ်လို့ ဆိုခဲ့ပါတယ်။

”ဖလစ်(နည်းပြ)မှာလည်း သူ့အကြောင်းပြချက်ရှိမှာပါ။ ကျွန်တော်တို့ကတော့ ဆာနီနဲ့အတူတွဲကစားရတာ တကယ်ကို အဆင်ပြေပါတယ်။ ကောင်လေးက တကယ်ကို ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ပြီး သူကာလရှည်နားနေခဲ့ရတာပါ။ သူကိုယ်တိုင်လည်း ပိုပြီလုပ်ပြချင်မှာပါ”မူလက ဆိုခဲ့တာပါ။

Zawgyi

လူစား၀င္ၿပီး လူစားျပန္လဲခံရတဲ့ ဆာနီရဲ႕အျဖစ္ကို စာနာေပးခဲ့ၾကတဲ့ ဘိုင္ယန္ၾကယ္ပြင့္ေတြ

ေလဗာကူဆင္ကို ၂-၁ နဲ႔အႏိုင္ရခဲ့တဲ့ ဘိုင္ယန္ရဲ႕စေနညဘြန္ဒက္္စ္လီဂါအေ၀းကြင္းပြဲစဥ္မွာ ေတာင္ပံကစားသမားဆာနီဟာ လူစား၀င္လာခဲ့ေပမယ့္ လူစားျပန္လဲခံခဲ့ရတာေၾကာင့္ စိတ္ပ်က္ဖြယ္ျဖစ္ခဲ့ရၿပီး အဲဒီအတြက္ ဘိုင္ယန္ၾကယ္ပြင့္ေတြျဖစ္ၾကတဲ့ လီ၀န္ေဒါစကီးနဲ႔ေသာမတ္စ္မူလာတို႔က စာနာေပးခဲ့ၾကပါတယ္။

အဲဒီပြဲမွာ ပူပူေႏြးေႏြးကမာၻ႔အေကာင္းဆုံးကစားသမားဆုရွင္လီ၀န္ေဒါစကီးဟာ ေနာက္က်အႏိုင္ဂိုးအပါအ၀င္ ဘုိင္ယန္အတြက္ ႏွစ္ဂိုးစလုံးသြင္းယူေပးခဲ့ေပမယ့္ ပြဲအၿပီးမွာ ဆာနီရဲ႕အျဖစ္ကသာ ပိုၿပီးလူေျပာမ်ားခဲ့တာပါ။

အဲဒီမန္စီးတီးေတာင္ပံကစားသမားေဟာင္းဟာ ၃၂ မိနစ္အေရာက္မွာ ဒဏ္ရာရသြားတဲ့ကိုမန္အစား လူစား၀င္လာတာျဖစ္ၿပီး ၆၈ မိနစ္မွာေတာ့ လူငယ္ကစားသမားမူစီယာလာနဲ႔ လူစားလဲခံခဲ့ရတာပါ။

ပဲြအၿပီးမွာေတာ့ ဘိုင္နယ္ျမဴးနစ္နည္းျပဟန္ဆီဖလစ္က ၂၄ ႏွစ္အရြယ္ ဆာနီကို မျဖစ္မေနသာ လူစားလဲခဲ့ရတာျဖစ္ၿပီး အျပစ္ေပးခံရတာမဟုတ္ေၾကာင္း ရွင္းလင္းခဲ့ပါတယ္။

ဆာနီဟာ မန္စီးတီးကေနေရာက္လာၿပီးကတည္းက ၁၆ ပြဲမွာ ၅ ဂိုးသြင္း၊ ၃ ဂိုးဖန္တီးေပးထားၿပီး ဘုိင္ယန္မွာ အေျခက်ဖုိ႔အတြက္ သူ႔ကို အခ်ိန္ေပးသင့္ေၾကာင္းလည္း လီ၀န္ေဒါစကီးက ေျပာၾကားခဲ့ပါတယ္။

”သူက အခ်ိန္နည္းနည္းေလးပဲ လိုတာပါ။ လာမယ့္ႏွစ္မယ္ဆုိရင္ သူ႔အရည္အေသြးကို ျပလိမ့္မယ္လုိ႔ ကၽြန္ေတာ္ ေသခ်ာေပါက္ေျပာႏိုင္ပါတယ္”လို႔ လီ္၀န္ေဒါစကီးက ဆာနီဘက္က ေျပာေပးခဲ့ပါတယ္။

ဒီအခ်ိန္မွာ တိုက္စစ္ကစားေဖာ္မူလာကလည္း ဆာနီကို ထိပ္တန္းကစားသမားတစ္ေယာက္အျဖစ္ ေဖာ္ျပခဲ့ၿပီး မၾကာခင္မွာ ဘုိင္ယန္အတြက္ အဓိကၾကာသူျဖစ္လာမယ္လုိ႔ ဆိုခဲ့ပါတယ္။

”ဖလစ္(နည္းျပ)မွာလည္း သူ႔အေၾကာင္းျပခ်က္ရွိမွာပါ။ ကၽြန္ေတာ္တို႔ကေတာ့ ဆာနီနဲ႔အတူတြဲကစားရတာ တကယ္ကို အဆင္ေျပပါတယ္။ ေကာင္ေလးက တကယ္ကို ထိပ္တန္းကစားသမားတစ္ေယာက္ျဖစ္ၿပီး သူကာလရွည္နားေနခဲ့ရတာပါ။ သူကိုယ္တုိင္လည္း ပိုၿပီလုပ္ျပခ်င္မွာပါ”မူလက ဆုိခဲ့တာပါ။