လူစုံထုတ်လာတဲ့ယူနိုက်တက်ကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံလိဂ်မျှော်လင့်ချက်ရှင်သန်နေဆဲ လီဗာပူး

ပြီးခဲ့တဲ့အပတ်က ယူနိုက်တက်ပရိသတ်တွေ ဆန္ဒပြလို့ ရွှေ့ဆိုင်းခဲ့ရတဲ့ ယူနိုက်တက်-လီဗာပူးပွဲကို ယမန်နေ့ညက ပြန်လည်ကျင်းပခဲ့ရာ အပြန်အလှန်သွင်းဂီုးတွေနဲ့အတူ ပရိသတ်ကို ဖျော်ဖြေနိုင်ခဲ့ပြီး လီဗာပူးက နောက်ကနေလိုက်ကစားကာ ၂-၄ ဂိုးနဲ့ အနိုင်ယူသွားပါတယ်။


လီဗာပူးနည်းပြ ကလော့ပ်အတွက် အိုးထရက်ဖို့ဒ်ကွင်းမှာ ပထမဆုံးနိုင်ပွဲက လီဗာပူးအတွက်လည်း အဖိုးတန်ခဲ့ပြီး ချန်ပီယံလိဂ်မျှော်လင့်ချက်လည်း ရှင်သန်လာပါတယ်။

ဒီဇင်ဘာလက ပဲလေ့စ်ဘက်ကို ၂ဂိုးသွင်းယူပြီးချိန်ကတည်းက ၁ဂိုးပဲသွင်းယူထားနိုင်တဲ့ ဖာမီနိုက ဒီပွဲမှာ တစ်ဦးတည်း ၂ဂိုးသွင်းယူကာ ဝေဖန်မှုတွေကို အဆုံးသတ်လိုက်ပါတယ်။


ဒါ့အပြင် အဆုံးသတ်ဂိုးသွင်းယူခဲ့တဲ့ ဆာလာကလည်း ယခုရာသီပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို လိုက်မီသွားပြီး ၂၁ဂိုးသွင်းယူထားပါတယ်။
ဒီရလဒ်ကြောင့် လီဗာပူးဟ အဆင့် ၅ နေရာ ရောက်လာပြီး အဆင့် ၄နေရာက ချဲလ်ဆီးနဲ့ တစ်ပွဲလျော့ ၄ မှတ်အကွာ ရောက်လာပါတယ်။


တကယ်လို့ လီဗာပူးဟာ တနင်္ဂနွေညမှာ ဝက်စ်ဘရွန်းကိုသာ အနိုင်ရခဲ့ရင် ချဲလ်ဆီးနဲ့ တစ်မှတ်၊ အဆင့် ၃နေရာက လက်စတာနဲ့ ၃ မှတ်ပဲ အသီးသီးကွာတော့မှာဖြစ်ပြီး မေလ ၁၈ ရက်နေ့မှာ ချဲလ်ဆီးနဲ့ လက်စတာတို့ ရင်ဆိုင်ရမှာဖြစ်လို့ လီဗာပူးအတွက် ပိုကောင်းသွားပါတယ်။
အင်္ဂါညက လက်စတာကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ လူစာရင်းကို တစ်သင်းလုံးနီးပါးအပြောင်းအလဲပြုလုပ်ခဲ့တဲ့ ယူနိုက်တက်ဟာ ဒီပွဲမှာ တောင့်တင်းတဲ့လူစာရင်းကို ထုတ်သုံးလာပေမယ့် ယခုရာသီပရီးမီးယားလိဂ်မှာ ၆ပွဲမြောက်အိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။


နှစ်သင်းစလုံး ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပွဲစလို့သိပ်မကြာခင်မှာပဲ အငြင်းပွားဖွယ်ဖြစ်ရပ်ပေါ်ပေါက်ခဲ့ပါတယ်။
ပင်နယ်တီဧရိယာစည်းနားမှာ ဖီးလစ်ကို ဘိုင်လီ ဖျက်ထုတ်တာနဲ့ပတ်သက်လို့ ကွင်းလယ်ဒိုင် တေလာက အစောပိုင်းမှာ ပြစ်ဒဏ်ဘောပေးလိုက်ပေမယ့် ကွင်းဘေးမှာရှိနေတဲ့မော်နီတာကို သွားမကြည့်ဘဲ သူ့ဆုံးဖြတ်ချက်ကို ပြန်ပြင်လိုက်ပါတယ်။

ဘိုင်လီက ဖီးလစ်ကို မထိခင် ဘောလုံးအရင်ထိသွားတာမှန်ပေမယ့် ခြေထောက်က ဖီးလစ်ကို ကြမ်းတမ်းစွာထိသွားပါတယ်။
ဒီဖြစ်ရပ်မတိုင်ခင်ကတည်းက ယူနိုက်တက်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး စည်းထဲကနေ ဖာနန်ဒက်စ် ခြေခုံနဲ့ အုပ်ပြီး ဝေ့ဝိုက်ကန်သွင်းတာ ဖီးလစ်နဲ့ထိကာ ဂိုးထဲဝင်သွားတာပါ။


ဒါပေမဲ့ လီဗာပူးကလည်း ဆက်တိုက်ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၃၃မိနစ်မှာ ဖီးလစ်ရဲ့ကန်သွင်းချက်ကို ဂျိုတာက နောက်ပေါက်လေးနဲ့ လမ်းကြောင်းပေးလိုက်လို့ လီဗာပူးအသင်း ချေပဂိုးရရှိခဲ့ပါတယ်။

ဒါ့အပြင် ပထမပိုင်းပြီးခါနီးမှာ ညာတောင်ပံက အာနိုးလ်ရဲ့ပြစ်ဒဏ်ဘောကို တိုက်စစ်မှူး ဖာမီနိုက အဝေးတိုင်ထောင့်ကနေ ပေါ့ဂ်ဘာရဲ့လူကပ်ကစားမှုကို ရုန်းထွက်ကာ ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။


နောက်ပြီး ဒုတိယပိုင်းပြန်စလို့ ၂မိနစ်အကြာမှာ အာနိုးလ်ရဲ့ကန်ချက်ကို ယူနိုက်တက်ဂိုးသမား ဟန်ဒါဆန် ပုတ်ထုတ်လို့ ပြန်ထွက်လာတာကနေ အသင့်ရှိနေတဲ့ ဖာမီနိုက ပိတ်သွင်းလိုက်လို့ လီဗာပူးအသင်း တတိယမြောက်ဂိုးရခဲ့ပါတယ်။
ပွဲချိန် ၆၇ မိနစ်မှာ ကာဗာနီ အသာမျှောပေးတာကို ရက်ရှ်ဖို့ဒ်က ဘယ်ခြေနဲ့ အနိမ့်ဘောကန်သွင်းကာ ယူနိုက်တက်အတွက် ဒုတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။


ပွဲပြီးခါနီးမှာတော့ ဆာလာက တစ်ယောက်တည်း ဆွဲပြေးလာပြီး ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့ အေးအေးဆေးဆေးကန်သွင်းကာ လီဗာပူးအတွက် အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Zawgyi
လူစုံထုတ္လာတဲ့ယူႏိုက္တက္ကို ဂိုးျပတ္အႏိုင္ယူၿပီး ခ်န္ပီယံလိဂ္ေမွ်ာ္လင့္ခ်က္ရွင္သန္ေနဆဲ လီဗာပူး
ၿပီးခဲ့တဲ့အပတ္က ယူႏိုက္တက္ပရိသတ္ေတြ ဆႏၵျပလို႔ ေရႊ႕ဆိုင္းခဲ့ရတဲ့ ယူႏိုက္တက္-လီဗာပူးပြဲကို ယမန္ေန႔ညက ျပန္လည္က်င္းပခဲ့ရာ အျပန္အလွန္သြင္းဂီုးေတြနဲ႔အတူ ပရိသတ္ကို ေဖ်ာ္ေျဖႏိုင္ခဲ့ၿပီး လီဗာပူးက ေနာက္ကေနလိုက္ကစားကာ ၂-၄ ဂိုးနဲ႔ အႏိုင္ယူသြားပါတယ္။
လီဗာပူးနည္းျပ ကေလာ့ပ္အတြက္ အိုးထရက္ဖို႔ဒ္ကြင္းမွာ ပထမဆုံးႏိုင္ပြဲက လီဗာပူးအတြက္လည္း အဖိုးတန္ခဲ့ၿပီး ခ်န္ပီယံလိဂ္ေမွ်ာ္လင့္ခ်က္လည္း ရွင္သန္လာပါတယ္။

ဒီဇင္ဘာလက ပဲေလ့စ္ဘက္ကို ၂ဂိုးသြင္းယူၿပီးခ်ိန္ကတည္းက ၁ဂိုးပဲသြင္းယူထားႏိုင္တဲ့ ဖာမီႏိုက ဒီပြဲမွာ တစ္ဦးတည္း ၂ဂိုးသြင္းယူကာ ေ၀ဖန္မႈေတြကို အဆုံးသတ္လိုက္ပါတယ္။
ဒါ့အျပင္ အဆုံးသတ္ဂိုးသြင္းယူခဲ့တဲ့ ဆာလာကလည္း ယခုရာသီပရီးမီးယားလိဂ္မွာ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနတဲ့ စပါးတိုက္စစ္မွဴး ဟယ္ရီကိန္းကို လိုက္မီသြားၿပီး ၂၁ဂိုးသြင္းယူထားပါတယ္။
ဒီရလဒ္ေၾကာင့္ လီဗာပူးဟ အဆင့္ ၅ ေနရာ ေရာက္လာၿပီး အဆင့္ ၄ေနရာက ခ်ဲလ္ဆီးနဲ႔ တစ္ပြဲေလ်ာ့ ၄ မွတ္အကြာ ေရာက္လာပါတယ္။
တကယ္လို႔ လီဗာပူးဟာ တနဂၤေႏြညမွာ ၀က္စ္ဘရြန္းကိုသာ အႏိုင္ရခဲ့ရင္ ခ်ဲလ္ဆီးနဲ႔ တစ္မွတ္၊ အဆင့္ ၃ေနရာက လက္စတာနဲ႔ ၃ မွတ္ပဲ အသီးသီးကြာေတာ့မွာျဖစ္ၿပီး ေမလ ၁၈ ရက္ေန႔မွာ ခ်ဲလ္ဆီးနဲ႔ လက္စတာတို႔ ရင္ဆိုင္ရမွာျဖစ္လို႔ လီဗာပူးအတြက္ ပိုေကာင္းသြားပါတယ္။
အဂၤါညက လက္စတာကို အေရးနိမ့္ခဲ့တဲ့ပြဲမွာ လူစာရင္းကို တစ္သင္းလုံးနီးပါးအေျပာင္းအလဲျပဳလုပ္ခဲ့တဲ့ ယူႏိုက္တက္ဟာ ဒီပြဲမွာ ေတာင့္တင္းတဲ့လူစာရင္းကို ထုတ္သုံးလာေပမယ့္ ယခုရာသီပရီးမီးယားလိဂ္မွာ ၆ပြဲေျမာက္အိမ္ကြင္း႐ံႈးပြဲနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

ႏွစ္သင္းစလုံး ပြဲစကတည္းက တိုက္စစ္ဖြင့္ကစားခဲ့ၿပီး ပြဲစလို႔သိပ္မၾကာခင္မွာပဲ အျငင္းပြားဖြယ္ျဖစ္ရပ္ေပၚေပါက္ခဲ့ပါတယ္။
ပင္နယ္တီဧရိယာစည္းနားမွာ ဖီးလစ္ကို ဘိုင္လီ ဖ်က္ထုတ္တာနဲ႔ပတ္သက္လို႔ ကြင္းလယ္ဒိုင္ ေတလာက အေစာပိုင္းမွာ ျပစ္ဒဏ္ေဘာေပးလိုက္ေပမယ့္ ကြင္းေဘးမွာရွိေနတဲ့ေမာ္နီတာကို သြားမၾကည့္ဘဲ သူ႕ဆုံးျဖတ္ခ်က္ကို ျပန္ျပင္လိုက္ပါတယ္။
ဘိုင္လီက ဖီးလစ္ကို မထိခင္ ေဘာလုံးအရင္ထိသြားတာမွန္ေပမယ့္ ေျခေထာက္က ဖီးလစ္ကို ၾကမ္းတမ္းစြာထိသြားပါတယ္။
ဒီျဖစ္ရပ္မတိုင္ခင္ကတည္းက ယူႏိုက္တက္အသင္း ဦးေဆာင္ဂိုးရရွိခဲ့ၿပီး စည္းထဲကေန ဖာနန္ဒက္စ္ ေျခခုံနဲ႔ အုပ္ၿပီး ေ၀့ဝိုက္ကန္သြင္းတာ ဖီးလစ္နဲ႔ထိကာ ဂိုးထဲ၀င္သြားတာပါ။
ဒါေပမဲ့ လီဗာပူးကလည္း ဆက္တိုက္ဖိအားေပးကစားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၃၃မိနစ္မွာ ဖီးလစ္ရဲ႕ကန္သြင္းခ်က္ကို ဂ်ိဳတာက ေနာက္ေပါက္ေလးနဲ႔ လမ္းေၾကာင္းေပးလိုက္လို႔ လီဗာပူးအသင္း ေခ်ပဂိုးရရွိခဲ့ပါတယ္။

ဒါ့အျပင္ ပထမပိုင္းၿပီးခါနီးမွာ ညာေတာင္ပံက အာႏိုးလ္ရဲ႕ျပစ္ဒဏ္ေဘာကို တိုက္စစ္မွဴး ဖာမီႏိုက အေ၀းတိုင္ေထာင့္ကေန ေပါ့ဂ္ဘာရဲ႕လူကပ္ကစားမႈကို ႐ုန္းထြက္ကာ ေခါင္းတိုက္သြင္းယူခဲ့ပါတယ္။
ေနာက္ၿပီး ဒုတိယပိုင္းျပန္စလို႔ ၂မိနစ္အၾကာမွာ အာႏိုးလ္ရဲ႕ကန္ခ်က္ကို ယူႏိုက္တက္ဂိုးသမား ဟန္ဒါဆန္ ပုတ္ထုတ္လို႔ ျပန္ထြက္လာတာကေန အသင့္ရွိေနတဲ့ ဖာမီႏိုက ပိတ္သြင္းလိုက္လို႔ လီဗာပူးအသင္း တတိယေျမာက္ဂိုးရခဲ့ပါတယ္။
ပြဲခ်ိန္ ၆၇ မိနစ္မွာ ကာဗာနီ အသာေမွ်ာေပးတာကို ရက္ရွ္ဖို႔ဒ္က ဘယ္ေျခနဲ႔ အနိမ့္ေဘာကန္သြင္းကာ ယူႏိုက္တက္အတြက္ ဒုတိယေျမာက္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ပြဲၿပီးခါနီးမွာေတာ့ ဆာလာက တစ္ေယာက္တည္း ဆြဲေျပးလာၿပီး ဂိုးသမားန႔ဲတစ္ေယာက္ခ်င္းအေတြ႕ ေအးေအးေဆးေဆးကန္သြင္းကာ လီဗာပူးအတြက္ အဆုံးသတ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။