
အာအိုကန်စီလိုဟာနေအိမ်တွင်မိသားစုကိုရန်မူရန်ကြိုးပမ်းတဲ့ လူဆိုးလေးဦးကို
ခုခံကာကွယ်မှုပြုလုပ်ခဲ့ရပြီးမျက်နှာတွင်ဒဏ်ရာရရှိခဲ့ပါတယ်။
အသက်၂၇နှစ်ရှိမန်စီးတီးစတားဟာမျက်ခုံးအပေါ်နားတွင်ကွဲနေတဲ့ ဒဏ်ရာကို
ပြသပြီးသူ့ဖြစ်ရပ်ကို အင်စတာဂရမ်ကနေဖွင့်ချလာခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာရဲတပ်ဖွဲ့ဝင်များဟာကန်စီလိုရဲ့ဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးနေတုန်း
ဖြစ်ပါတယ်။
ကန်စီလိုက၎င်းမှာချစ်သူဒါနီလာမာချာဒိုနှင့်၂နှစ်အရွယ်သမီးဖြစ်သူအလီစီယာ
တို့ကိုကာကွယ်တဲ့အနေဖြင့်လူဆိုးများကိုခုခံခဲ့ခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။
လူဆိုးများဟာကန်စီလိုထံမှလက်ဝတ်ရတနာများရယူကာထွက်ပြေးသွားခဲ့
ကြပါတယ်။
ကန်စီလိုက “ကံဆိုးစွာဘဲဒီကနေ့မှာငကြောက်လေးကောင်ရဲ့နာကျင်အောင်
လုပ်တာခံလိုက်ရတယ်။ဒီကောင်တွေကငါ့မိသားစုကိုနာကျင်အောင်လုပ်ဖို့
ကြိုးစားကြတယ်။ခုခံကာကွယ်မှုကိုပြသတဲ့အခါဒီလိုမျိုးဖြစ်တတ်ပါတယ်။
သူတို့ဟာကျွန်တော့်လက်ဝတ်ရတနာအားလုံးကိုရယူသွားခဲ့ကြတယ်။
မျက်နှာမှာဒီလိုဒဏ်ရာနဲ့ထားခဲ့တယ်။ဒီလူတွေအတွက် ဘယ်လောက်အရေး
ပါသလဲဆိုတာမသိပါဘူး”လို့ဆိုသွားပါတယ်။
ဆက်လက်ပြီးကန်စီလိုက “ငါ့အတွက်အရေးအကြီးဆုံးကတော့မိသားစုပဲ။
ကံကောင်းစွာအားလုံးအဆင်ပြေတယ်။ဘဝမှာအတားအဆီးအခက်အခဲတွေ
အများကြီးကြုံခဲ့ရပြီးပြီ။ဒါကနောက်ထပ်တစ်ကြိမ်ကြုံတာပါ။ဒါကိုကျော်
လွှားပါမယ်။အရင်တုန်းကလိုပဲခိုင်မာနေတုန်း၊သန်မာနေတုန်းပါ”လို့ပြော
ကြားသွားပါတယ်။
ကန်စီလိုဟာယခုရာသီမှာလူဆိုးများရဲ့ပစ်မှတ်ထားခြင်းခံရတဲ့တစ်ဦးတည်း
သောကစားသမားမဟုတ်ပါဘူး။စက်တင်ဘာတုန်းကရီစီဂျိမ်းစ်ရဲ့နေအိမ်
ဖောက်ထွင်းခံခဲ့ရသလိုလွန်ခဲ့တဲ့တလတုန်းကလည်းပရီးမီးယားလိဂ်စတား
တစ်ဦးကို ဓားကိုင်မျက်နှာဖုံးစွပ်လူဆိုးလေးဦးတို့က နေအိမ်တွင်ပင်တိုက်
ခိုက်မှုပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင်ယခုနှစ်အစောပိုင်းတုန်းကလည်းအဲဗာတန်နည်းပြအန်ဆယ်လော့တီ
နေအိမ်ကိုဖောက်ထွင်းခြင်းခံခဲ့ရပြီးအဲဗာတန်ဂိုးသမားအိုလ်ဆင်မှာလည်း
လူဆိုးအဖွဲ့တစ်ဖွဲ့ရဲ့ဓားပြတိုက်ခြင်းခံခဲ့ရပါတယ်။
Zawgyi
အာအိုကန္စီလိုဟာေနအိမ္တြင္မိသားစုကိုရန္မူရန္ႀကိဳးပမ္းတဲ့ လူဆိုးေလးဦးကို
ခုခံကာကြယ္မႈျပဳလုပ္ခဲ့ရၿပီးမ်က္ႏွာတြင္ဒဏ္ရာရရွိခဲ့ပါတယ္။
အသက္၂၇ႏွစ္ရွိမန္စီးတီးစတားဟာမ်က္ခုံးအေပၚနားတြင္ကြဲေနတဲ့ ဒဏ္ရာကို
ျပသၿပီးသူ႔ျဖစ္ရပ္ကို အင္စတာဂရမ္ကေနဖြင့္ခ်လာခဲ့တာလည္းျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာရဲတပ္ဖြဲ႕ဝင္မ်ားဟာကန္စီလိုရဲ႕ျဖစ္ရပ္ကိုစုံစမ္းစစ္ေဆးေနတုန္း
ျဖစ္ပါတယ္။
ကန္စီလိုက၎မွာခ်စ္သူဒါနီလာမာခ်ာဒိုႏွင့္၂ႏွစ္အ႐ြယ္သမီးျဖစ္သူအလီစီယာ
တို႔ကိုကာကြယ္တဲ့အေနျဖင့္လူဆိုးမ်ားကိုခုခံခဲ့ျခင္းျဖစ္ေၾကာင္းဆိုသြားပါတယ္။
လူဆိုးမ်ားဟာကန္စီလိုထံမွလက္ဝတ္ရတနာမ်ားရယူကာထြက္ေျပးသြားခဲ့
ၾကပါတယ္။
ကန္စီလိုက “ကံဆိုးစြာဘဲဒီကေန႔မွာငေၾကာက္ေလးေကာင္ရဲ႕နာက်င္ေအာင္
လုပ္တာခံလိုက္ရတယ္။ဒီေကာင္ေတြကငါ့မိသားစုကိုနာက်င္ေအာင္လုပ္ဖို႔
ႀကိဳးစားၾကတယ္။ခုခံကာကြယ္မႈကိုျပသတဲ့အခါဒီလိုမ်ိဳးျဖစ္တတ္ပါတယ္။
သူတို႔ဟာကြၽန္ေတာ့္လက္ဝတ္ရတနာအားလုံးကိုရယူသြားခဲ့ၾကတယ္။
မ်က္ႏွာမွာဒီလိုဒဏ္ရာနဲ႔ထားခဲ့တယ္။ဒီလူေတြအတြက္ ဘယ္ေလာက္အေရး
ပါသလဲဆိုတာမသိပါဘူး”လို႔ဆိုသြားပါတယ္။
ဆက္လက္ၿပီးကန္စီလိုက “ငါ့အတြက္အေရးအႀကီးဆုံးကေတာ့မိသားစုပဲ။
ကံေကာင္းစြာအားလုံးအဆင္ေျပတယ္။ဘဝမွာအတားအဆီးအခက္အခဲေတြ
အမ်ားႀကီးႀကဳံခဲ့ရၿပီးၿပီ။ဒါကေနာက္ထပ္တစ္ႀကိမ္ႀကဳံတာပါ။ဒါကိုေက်ာ္
လႊားပါမယ္။အရင္တုန္းကလိုပဲခိုင္မာေနတုန္း၊သန္မာေနတုန္းပါ”လို႔ေျပာ
ၾကားသြားပါတယ္။
ကန္စီလိုဟာယခုရာသီမွာလူဆိုးမ်ားရဲ႕ပစ္မွတ္ထားျခင္းခံရတဲ့တစ္ဦးတည္း
ေသာကစားသမားမဟုတ္ပါဘူး။စက္တင္ဘာတုန္းကရီစီဂ်ိမ္းစ္ရဲ႕ေနအိမ္
ေဖာက္ထြင္းခံခဲ့ရသလိုလြန္ခဲ့တဲ့တလတုန္းကလည္းပရီးမီးယားလိဂ္စတား
တစ္ဦးကို ဓားကိုင္မ်က္ႏွာဖုံးစြပ္လူဆိုးေလးဦးတို႔က ေနအိမ္တြင္ပင္တိုက္
ခိုက္မႈျပဳလုပ္ခဲ့ပါတယ္။
ဒါ့အျပင္ယခုႏွစ္အေစာပိုင္းတုန္းကလည္းအဲဗာတန္နည္းျပအန္ဆယ္ေလာ့တီ
ေနအိမ္ကိုေဖာက္ထြင္းျခင္းခံခဲ့ရၿပီးအဲဗာတန္ဂိုးသမားအိုလ္ဆင္မွာလည္း
လူဆိုးအဖြဲ႕တစ္ဖြဲ႕ရဲ႕ဓားျပတိုက္ျခင္းခံခဲ့ရပါတယ္။