လူမျိုးရေးခွဲခြားဆဲဆိုမှုပြုလုပ်ခဲ့တဲ့ လိဒ်ပရိသတ်တစ်ဦး ဖမ်းဆီးခံရ

ရဲတပ်ဖွဲ့ဟာအာဆင်နယ်အရန်ခုံမှကစားသမားများကိုလူမျိုးရေးခွဲခြားဆဲဆိုမှု

ပြုလုပ်ခဲ့တဲ့လိဒ်ပရိသတ်တစ်ဦးအားဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

လိဒ်ကို၄-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်ရဲ့ပထမပိုင်းမှာနာရီဝက်ကျော်မှာအာဆင်နယ်ရဲ့

အရန်ကစားသမားရော့ဘ်ဟိုးဒင်းကစတုတ္တဒိုင်လူကြီးဂျွန်ဘရော့ခ်ကို

အသိပေးခဲ့တာဖြစ်ပါတယ်။ယခုအခါအနောက်ယော့ခ်ရှိုင်းယားရဲတပ်ဖွဲ့က

မြောက်လန်ဒန်ကလပ်ရဲ့တိုင်ကြားမှုနှင့်ဆက်စပ်နေသူတစ်ဦးကို

ဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်ထားကြောင်းအတည်ပြုလာပါတယ်။

တာဝန်ရှိသူများဟာပွဲအပြီးတွင်အရန်ခုံတွင်ရှိနေခဲ့တဲ့အာဆင်နယ်စတား

အီမီလီစမစ်ရိုးကိုမေးမြန်းမှုများပြုလုပ်ခဲ့ပါတယ်။

လိဒ်အသင်းကလူမျိုးရေးခွဲခြားမှုပြုလုပ်တဲ့မည်သည့်ပရိသတ်ကိုမဆို

ရာသက်ပန်ပွဲကြည့်ခွင့်ပိတ်ပင်သွားမှာဖြစ်ကြောင်းကြေညာထားပါတယ်။

ဒိုင်လူကြီးများဟာဘူကာယိုဆာကာကဂိုးသွင်းယူပြီးနောက်

အထက်ပါဖြစ်ရပ်နှင့်ပတ်သက်ပြီးအသိပေးခံခဲ့ရတာဖြစ်ပြီး

ပွဲကစားမှုကိုအနည်းငယ်ကိုရပ်ဆိုင်းခဲ့ပါတယ်။

ယင်းပွဲတွင်နှစ်ဂိုးသွင်းခဲ့တဲ့ဂါဘရီရယ်မာတင်နယ်လီဟာလည်း

ပစ္စည်းများဖြင့်ပစ်ပေါက်ခံခဲ့ရတဲ့အပြင်ဆဲဆိုမှုများခံခဲ့ရပါတယ်။

ပွဲအပြီးတွင်အာဆင်နယ်နည်းပြအာတီတာကပရိသတ်တစ်ဦးရဲ့လုပ်ရပ်အတွက်

ယင်းပရိသတ်သာပြစ်ဒဏ်ကျခံသင့်ပြီးလိဒ်အသင်းကိုအရေးယူသင့်တယ်လို့

မမြင်ကြောင်းပြောကြားသွားပါတယ်။

zawgyi

လူမ်ိဳးေရးခြဲျခားဆဲဆိုမႈျပဳလုပ္ခဲ့တဲ့ လိဒ္ပရိသတ္တစ္ဦး ဖမ္းဆီးခံရ

ရဲတပ္ဖြဲ႕ဟာအာဆင္နယ္အရန္ခုံမွကစားသမားမ်ားကိုလူမ်ိဳးေရးခြဲျခားဆဲဆိုမႈ

ျပဳလုပ္ခဲ့တဲ့လိဒ္ပရိသတ္တစ္ဦးအားဖမ္းဆီးထိန္းသိမ္းလိုက္ပါတယ္။

လိဒ္ကို၄-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္ရဲ႕ပထမပိုင္းမွာနာရီဝက္ေက်ာ္မွာအာဆင္နယ္ရဲ႕

အရန္ကစားသမားေရာ့ဘ္ဟိုးဒင္းကစတုတၱဒိုင္လူႀကီးဂြၽန္ဘေရာ့ခ္ကို

အသိေပးခဲ့တာျဖစ္ပါတယ္။ယခုအခါအေနာက္ေယာ့ခ္ရႈိင္းယားရဲတပ္ဖြဲ႕က

ေျမာက္လန္ဒန္ကလပ္ရဲ႕တိုင္ၾကားမႈႏွင့္ဆက္စပ္ေနသူတစ္ဦးကို

ဖမ္းဆီးထိန္းသိမ္းမႈျပဳလုပ္ထားေၾကာင္းအတည္ျပဳလာပါတယ္။

တာဝန္ရွိသူမ်ားဟာပြဲအၿပီးတြင္အရန္ခုံတြင္ရွိေနခဲ့တဲ့အာဆင္နယ္စတား

အီမီလီစမစ္႐ိုးကိုေမးျမန္းမႈမ်ားျပဳလုပ္ခဲ့ပါတယ္။

လိဒ္အသင္းကလူမ်ိဳးေရးခြဲျခားမႈျပဳလုပ္တဲ့မည္သည့္ပရိသတ္ကိုမဆို

ရာသက္ပန္ပြဲၾကည့္ခြင့္ပိတ္ပင္သြားမွာျဖစ္ေၾကာင္းေၾကညာထားပါတယ္။

ဒိုင္လူႀကီးမ်ားဟာဘူကာယိုဆာကာကဂိုးသြင္းယူၿပီးေနာက္

အထက္ပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီးအသိေပးခံခဲ့ရတာျဖစ္ၿပီး

ပြဲကစားမႈကိုအနည္းငယ္ကိုရပ္ဆိုင္းခဲ့ပါတယ္။

ယင္းပြဲတြင္ႏွစ္ဂိုးသြင္းခဲ့တဲ့ဂါဘရီရယ္မာတင္နယ္လီဟာလည္း

ပစၥည္းမ်ားျဖင့္ပစ္ေပါက္ခံခဲ့ရတဲ့အျပင္ဆဲဆိုမႈမ်ားခံခဲ့ရပါတယ္။

ပြဲအၿပီးတြင္အာဆင္နယ္နည္းျပအာတီတာကပရိသတ္တစ္ဦးရဲ႕လုပ္ရပ္အတြက္

ယင္းပရိသတ္သာျပစ္ဒဏ္က်ခံသင့္ၿပီးလိဒ္အသင္းကိုအေရးယူသင့္တယ္လို႔

မျမင္ေၾကာင္းေျပာၾကားသြားပါတယ္။