လူမျိုးရေးခွဲမှုကြောင့် အက်ဖ်အေရဲ့ ၃ ပွဲပယ်ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး တုံ့ပြန်လိုက်တဲ့ ကာဗာနီ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်တိုက်စစ်မှူး ကာဗာနီက အင်စတာဂရမ်မှာ လူမျိုးရေးခွဲခြားခဲ့တယ်လို့ယူဆပြီးချမှတ်ခဲ့တဲ့ အက်ဖ်အေရဲ့ ၃ ပွဲပယ်ပြစ်ဒဏ်ကို လက်သင့်ခံကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၃၃ နှစ်သားဟာ ဆောက်သမ်တန်အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ Negrito ဆိုတဲ့စကားလုံးကို သံုံးခဲ့တာကြောင့် ကြာသပတေးနေ့က အက်ဖ်အေရဲ့ ၃ ပွဲပယ်ပြစ်ဒဏ်အပြင် ဒဏ်ကြေးပေါင် ၁၀၀၀၀၀ ပါ ချမှတ်ခံခဲ့ရပါတယ်။
ကာဗာနီကတော့ အက်အေရဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်ခြင်းမပြုဘဲ လက်ခံခဲ့တာဖြစ်ပါတယ်။ ပွဲပယ် နဲ့ ဒဏ်ကြေးကို လက်ခံခဲ့ပေမယ့် ဥရုဂွေးသားက သူအသုံးပြုခဲ့တဲ့စကားလုံးဟာ ထိခိုက်စေဖို့ ရည်ရွယ်ခြင်းမဟုတ်ကြောင်းဆိုခဲ့ပါတယ်။
“အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ လက်ရှိအနေအထားကို လက်ခံပါတယ်။ စည်းမျည်းတွေကို လက်ခံပါတယ်။
ကျွန်တော်က ပြည်ပကစားသမားဆိုတော့ အင်္ဂလိပ်တွေရဲ့ထုံးတမ်းကို နားမလည်ပါဘူး။ ကျွန်တော့်စကားလုံးက အခြားသူတွေကို ထိခိုက်စေခဲ့တယ်ဆိုရင် တောင်းပန်ပါတယ်။
ဒါပေမဲ့ ကျွန်တော်ရေးလိုက်တဲ့စကားလုံးက သူငယ်ချင်းတစ်ဦးကိုပါ ရည်ညွှန်းလိုက်တာပါ။ ကျွန်တော့်နှလုံးသားက ငြိမ်းချမ်းရေးပဲအလိုရှိပါတယ်”လို့ ကာဗာနီက ပြောကြားခဲ့ပါတယ်။
ကာဗာနီဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဗီလာ ၊ မန်စီးတီး ၊ ဝက်ဖို့ဒ်တို့နဲ့ပွဲတွေကို လွဲချော်တောမှာဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ ကာဗာနီရဲ့ပြစ်ဒဏ်ကို ပွဲအနည်းငယ်သာချမှတ်ခဲ့တာကြောင့် ကျေးဇူးတင်တယ်လို့ ဆိုခဲ့ပါတယ်။ “အက်ဖ်အေရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကျေးဇူးတင်ချင်ပါတယ်။ ဒါပေမဲ့ ကာဗာနီရဲ့စကားလုံးက လူမျိုးရေးခွဲခြားချင်တာမဟုတ်ပါဘူး”လို့ ယူနိုက်တက်က ထုတ်ပြန်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ သောကြာနေ့မှာ ဗီလာအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲကိုအနိုင်ရရှိခဲ့ပါက ထိပ်ဆုံးနေရာက လီဗာပူးနဲ့ အမှတ်တူအနေအထားကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi