
ဒီနေ့ကမ္ဘာကြီးက လူသားဝါဒကို ကိုးကွယ်နေကြတာပါ။ လူသားတွေရဲ့
လွတ်လပ်ခွင့်၊ ယုံကြည်မှုတွေကို အပြန်အလှန်တန်ဖိုးထားကြတယ်။
အတ္တကို ရှေ့တန်းတင်ပြီး အနိုင်ကျင့်သူတွေကို ကန့်ကွက်ကြတယ်။
ဒါဟာ ကမ္ဘာ့လူသားတွေရဲ့ အလှပဆုံးနှလုံးသားပဲ။ အခု ယူကရိန်းနိုင်ငံကို
ရုရှားက ကျူးကျော်စစ်ဆင်နွှဲနေတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို
လက်နက်အားကိုး အနိုင်ကျင့်မှုလို့ ကမ္ဘာကြီးက သုံးသပ်ကြတယ်။
အားကစားလောက က ကြေညာချက်တွေ အသီးသီးထုတ်ပြီး ကန့်ကွက်ကြတယ်။
ပိုလန်၊ ဆွီဒင်နဲ့ ချက်တို့က ရုရှားနဲ့ကစားဖို့ ရှိတဲ့ ကမ္ဘာ့ဖလားထပ်ဆင့်ခြေစစ်ပွဲတွေကို
မကစားဘူးလို့ ကြေညာခဲ့တယ်။ ဒီအချိန်မှာ ဖီဖာက အစည်းအဝေးပြုလုပ်ပြီး
မနေ့က ကြေညာချက်ထုတ်ခဲ့တယ်။ ရုရှားကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ
ထုတ်မှာ မဟုတ်ဘူးတဲ့။ ရုရှားလက်ရွေးစင်အသင်းနဲ့ ရုရှားကလပ်တွေဟာ
နိုင်ငံကိုယ်စားပြုမဟုတ်ဘဲ ရုရှားဘောလုံးအဖွဲ့ချုပ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ
ပြိုင်ပွဲဝင်ရမယ်။ ရုရှားနိုင်ငံ အလံ၊ သီချင်း၊ ပရိသတ်တွေကို အသုံးမပြုဘဲ
ကစားရမယ်တဲ့။ ရုရှားကို ကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် တခြားပြိုင်ပွဲတွေက
ထုတ်ပယ်ဖို့ဆိုတာ နောက်တစ်ဆင့်မှဖြစ်မယ်တဲ့။
ဖီဖာအနေနဲ့ ရုရှားကို ပိတ်ပင်မှုတွေချမှတ်ရာမှာ အဆင့်လိုက်သွားမှာ
ဖြစတယ်လို့ ကြေညာခဲ့တယ်။
ဒါပေမယ့် တစ်ချိန်တည်းမှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက
ရုရှားပါဝင်တဲ့ ဘယ်ပြိုင်ပွဲကိုမှ ဝင်မပြိုင်ဘူးလို့ ကြေညာခဲ့တယ်။
အက်ဖ်အေက ဘယ်လောက်အထိ ပြတ်သားသလဲဆိုရင် ရုရှားပါမယ်ဆိုရင်
သက်တမ်းအလိုက်ပြိုင်ပွဲတွေ၊ အမျိုးသမီးပြိုင်ပွဲတွေသာမက
မသန်မစွမ်းပြိုင်ပွဲတွေကိုပါ ဝင်မပြိုင်ဘူးလို့ ကြေညာခဲ့တယ်။
ပိုလန်၊ ချက်နဲ့ ဆွီဒင်တို့က ရုရှားနဲ့ မကစားဘူးဆိုတော့ ရုရှားဟာ
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ပြိုင်ပွဲစည်းမျဉ်းအရခြေစစ်ပွဲအောင်လာဖို့ရှိတယ်။
ဒီအချိန်မှာ ရုရှားပါလာလို့ အင်္ဂလန်က ပြိုင်ပွဲဝင်မှာ မဟုတ်ဘူး။
အင်္ဂလန်လိုပဲ တခြားနိုင်ငံတွေကလည်း ရုရှားပါရင် မပြိုင်ဖို့
ဆုံးဖြတ်လာမှာတွေလည်း ရှိနေတယ်။
ဒီတော့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ထိခိုက်လာဖို့ရှိနေပါပြီ။
လူသားဝါဒကို နှစ်သက်သူတွေက အတ္တကြီးတဲ့ အာဏာရှင်တွေကို တွန်းလှန်ရာမှာ
ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း စတေးရတော့ပါမယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာကြီးငြိမ်းချမ်းဖို့ဆိုရင် မြက်ခင်းစိမ်းတွေကိုလည်း ကျောခိုင်းရမှာပါပဲ။
ငြိမ်းချမ်းတဲ့တစ်နေ့တော့ ရှိလာမှာ သေချာနေတာပဲလေ။
Zawgyi
လူသားဝါဒနဲ႔ ကမာၻ႔ဖလားအနာဂတ္
ဒီေန႔ကမာၻႀကီးက လူသားဝါဒကို ကိုးကြယ္ေနၾကတာပါ။ လူသားေတြရဲ႕
လြတ္လပ္ခြင့္၊ ယုံၾကည္မႈေတြကို အျပန္အလွန္တန္ဖိုးထားၾကတယ္။
အတၱကို ေရွ႕တန္းတင္ၿပီး အႏိုင္က်င့္သူေတြကို ကန႔္ကြက္ၾကတယ္။
ဒါဟာ ကမာၻ႔လူသားေတြရဲ႕ အလွပဆုံးႏွလုံးသားပဲ။ အခု ယူကရိန္းႏိုင္ငံကို
႐ုရွားက က်ဴးေက်ာ္စစ္ဆင္ႏႊဲေနတယ္။ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာကို
လက္နက္အားကိုး အႏိုင္က်င့္မႈလို႔ ကမာၻႀကီးက သုံးသပ္ၾကတယ္။
အားကစားေလာက က ေၾကညာခ်က္ေတြ အသီးသီးထုတ္ၿပီး ကန႔္ကြက္ၾကတယ္။
ပိုလန္၊ ဆြီဒင္နဲ႔ ခ်က္တို႔က ႐ုရွားနဲ႔ကစားဖို႔ ရွိတဲ့ ကမာၻ႔ဖလားထပ္ဆင့္ေျခစစ္ပြဲေတြကို
မကစားဘူးလို႔ ေၾကညာခဲ့တယ္။ ဒီအခ်ိန္မွာ ဖီဖာက အစည္းအေဝးျပဳလုပ္ၿပီး
မေန႔က ေၾကညာခ်က္ထုတ္ခဲ့တယ္။ ႐ုရွားကို ကမာၻ႔ဖလားၿပိဳင္ပြဲကေန
ထုတ္မွာ မဟုတ္ဘူးတဲ့။ ႐ုရွားလက္ေ႐ြးစင္အသင္းနဲ႔ ႐ုရွားကလပ္ေတြဟာ
ႏိုင္ငံကိုယ္စားျပဳမဟုတ္ဘဲ ႐ုရွားေဘာလုံးအဖြဲ႕ခ်ဳပ္ဆိုတဲ့ ေခါင္းစဥ္ေအာက္ကေန
ၿပိဳင္ပြဲဝင္ရမယ္။ ႐ုရွားႏိုင္ငံ အလံ၊ သီခ်င္း၊ ပရိသတ္ေတြကို အသုံးမျပဳဘဲ
ကစားရမယ္တဲ့။ ႐ုရွားကို ကမာၻ႔ဖလားၿပိဳင္ပြဲအပါအဝင္ တျခားၿပိဳင္ပြဲေတြက
ထုတ္ပယ္ဖို႔ဆိုတာ ေနာက္တစ္ဆင့္မွျဖစ္မယ္တဲ့။
ဖီဖာအေနနဲ႔ ႐ုရွားကို ပိတ္ပင္မႈေတြခ်မွတ္ရာမွာ အဆင့္လိုက္သြားမွာ
ျဖစတယ္လို႔ ေၾကညာခဲ့တယ္။
ဒါေပမယ့္ တစ္ခ်ိန္တည္းမွာ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ အက္ဖ္ေအက
႐ုရွားပါဝင္တဲ့ ဘယ္ၿပိဳင္ပြဲကိုမွ ဝင္မၿပိဳင္ဘူးလို႔ ေၾကညာခဲ့တယ္။
အက္ဖ္ေအက ဘယ္ေလာက္အထိ ျပတ္သားသလဲဆိုရင္ ႐ုရွားပါမယ္ဆိုရင္
သက္တမ္းအလိုက္ၿပိဳင္ပြဲေတြ၊ အမ်ိဳးသမီးၿပိဳင္ပြဲေတြသာမက
မသန္မစြမ္းၿပိဳင္ပြဲေတြကိုပါ ဝင္မၿပိဳင္ဘူးလို႔ ေၾကညာခဲ့တယ္။
ပိုလန္၊ ခ်က္နဲ႔ ဆြီဒင္တို႔က ႐ုရွားနဲ႔ မကစားဘူးဆိုေတာ့ ႐ုရွားဟာ
ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကို ၿပိဳင္ပြဲစည္းမ်ဥ္းအရေျခစစ္ပြဲေအာင္လာဖို႔ရွိတယ္။
ဒီအခ်ိန္မွာ ႐ုရွားပါလာလို႔ အဂၤလန္က ၿပိဳင္ပြဲဝင္မွာ မဟုတ္ဘူး။
အဂၤလန္လိုပဲ တျခားႏိုင္ငံေတြကလည္း ႐ုရွားပါရင္ မၿပိဳင္ဖို႔
ဆုံးျဖတ္လာမွာေတြလည္း ရွိေနတယ္။
ဒီေတာ့ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကို ထိခိုက္လာဖို႔ရွိေနပါၿပီ။
လူသားဝါဒကို ႏွစ္သက္သူေတြက အတၱႀကီးတဲ့ အာဏာရွင္ေတြကို တြန္းလွန္ရာမွာ
ကမာၻ႔ဖလားၿပိဳင္ပြဲကိုလည္း စေတးရေတာ့ပါမယ္။
ဘယ္လိုပဲျဖစ္ျဖစ္ ကမာၻႀကီးၿငိမ္းခ်မ္းဖို႔ဆိုရင္ ျမက္ခင္းစိမ္းေတြကိုလည္း ေက်ာခိုင္းရမွာပါပဲ။
ၿငိမ္းခ်မ္းတဲ့တစ္ေန႔ေတာ့ ရွိလာမွာ ေသခ်ာေနတာပဲေလ။