လော်ရိုးရဲ့ ဒီတစ်ပတ် ပရီးမီးယားလိ၈်ပွဲစဉ်သုံးသပ် ခန့်မှန်းမှုများ

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးကတော့ ဒီတစ်ပတ် ပွဲစဉ်

တွေ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

-ဝက်ဖို့ဒ် Vs လီဗာပူး

အောက်တိုဘာလ ၁၆ ရက်၊ စနေနေ့၊ ညနေ ၆ နာရီမှာ ကစားမယ့် ပွဲစဉ်ဖြစ်ပြီး၊

လီဗာပူးဘက်က အယ်လီဆန်၊ ဖာဘင်ညိုတို့ တောင်အမေရိကကို လက်ရွေး

စင်တာဝန်တွေ သွားကစားပြီး ပြန်လာတာမို့ သူတို့ အခြေအနေအတွက်

လီဗာပူးက စဉ်းစားရကျပ်နေရပါတယ်။

ဒီပွဲကတော့ လီဗာပူးက ဝက်ဖိုဒ့်ခံစစ်ကို ချိုးဖျက်နိုင်မလားကပဲ အဓိက ကျပါမယ်။

ရေနီရာရီက သူ့ရဲ့ ပထမဆုံးပွဲကို အနိုင်ကစားဖို့ထက် သူတို့အသင်းကို အနိုင်ယူရ

ခက်အောင် ကြိုးစားမှာပါ။

လော်ရိုး ရဲ့ ခန့်မှန်းရလဒ်ကတော့ ဝက်ဖို့ဒ် ဝ-၂ လီဗာပူး ဖြစ်ပါတယ်။

-လက်စတာ Vs ယူနိုက်တက်
အောက်တိုဘာလ ၁၆ ရက်၊ စနေနေ့၊ ည ၈း၃ဝ နာရီမှာ ကစားမယ့် ပွဲစဉ်ဖြစ်ပြီး၊

ယူနိုက်တက်က သူတို့ရဲ့ ဦးစားပေး ခံစစ်မှူး နှစ်ဦးဖြစ်တဲ့ ဗာရန်းနဲ့ မက်ဂွားရား

တို့ မပါဝင်ဘဲ ကစားရမှာ ဖြစ်ပါတယ်။

အဲဒီအစား လင်ဒီလော့နဲ့ ဘိုင်လီတို့ ဝင်ရောက် ကစားလာရမှာဖြစ်ပါတယ်။

လက်စတာကလည်း သူတို့ခံစစ်မှာ ကိုယ်ပိုင် ပြဿနာတွေ ရှိနေပါတယ်။

ဂျွန်နီအီးဗန်က ပါနိုင်ဦးမှာ မဟုတ်ဘဲ ဖိုဖန်နာကလည်း အနားယူနေရဆဲပါ။

နိုင်ပွဲတွေ မရဖြစ်နေပေမယ့်လို့ ဗာဒီကတော့ ဂိုးတွေ သွင်းနေပါတယ်။

ဗာဒီ ပုံစံကောင်းမှာ ရှိနေမယ်ဆိုရင် ဒီပွဲကတော့ မတင်မကျ ရလဒ် ဖြစ်နိုင်ပါတယ်။

လော်ရိုး ရဲ့ ခန့်မှန်းရလဒ်ကတော့ လက်စတာ ၁-၁ ယူနိုက်တက်ဖြစ်ပါတယ်။

-မန်စီးတီး Vs ဘန်လေ

အောက်တိုဘာလ ၁၆ ရက်၊ စနေနေ့၊ ည ၈း၃ဝ နာရီမှာ ကစားမယ့် ပွဲဖြစ်ပြီး၊

ဘန်လေအတွက်ကတော့အဲ ဒီပွဲကသိပ်ပြီး မျှော်လင့်ချင်စရာ မရှိပါဘူး။

ဂွါဒီယိုလာရဲ့ အသင်းက အန်ဖီးမှာ အတော်လေး ထူးချွန်ထားခဲ့တာပါ။

အဲလို နီးနီးစပ်စပ် ခြေစွမ်းမျိုး မြင်ရမယ်ဆိုရင် ဘန်လေကို ခပ်လွယ်လွယ် နိုင်ပါလိမ့်မယ်။

လော်ရိုး ရဲ့ ခန့်မှန်းရလဒ်ကတော့ မန်စီးတီး ၃-၀ ဘန်လေဖြစ်ပါတယ်။

 

-ဘရန့်ဖို့ဒ် Vs ချယ်ဆီး

အောက်တိုဘာလ ၁၆ ရက်၊ စနေနေ့၊ ည ၁၁ နာရီမှာ ကစားမယ့် ပွဲ ဖြစ်ပြီး၊

၁၉၄၇ ခုနှစ် နောက်ပိုင်း ပရီးမီးယားလိဂ်လို အဆင့်မှာ အနောက်လန်ဒန်

ကလပ် နှစ်သင်း ထိပ်တိုက်တွေ့တာက ပထမဆုံး အကြိမ်ပါ။

ဒီတော့ ဘရန်ဖိုဒ့် အိမ်ကွင်းက အားပေးမှုတွေ သိပ်ကို ကောင်းနေပါလိမ့်မယ်။

ဒါပေမယ့်လည်း ချယ်ဆီးက အောင်မြင်နိုင်ခြေရှိပါတယ်။ လော်ရိုး ရဲ့

ခန့်မှန်းရလဒ်ကတော့ ဘရန့်ဖို့ဒ် ဝ-၂ ချယ်ဆီး ဖြစ်ပါတယ်။

 

-နယူးကာဆယ် Vs စပါး

အောက်တိုဘာလ ၁၇ ရက်၊ တနင်္ဂနွေနေ့၊ ည ၁ဝ နာရီမှာ ကစားမယ့် ပွဲဖြစ်ပြီး၊

နယူးကာဆယ် အပြောင်းအလဲ ကဘာဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

စပါးကတော့ အက်စတွန်ဗီလာကို အနိုင်ရထားတယ်။

ဒါပေမယ့် အခုပွဲ အနေအထားက နှစ်ဖက်စလုံးက အင်အားညီနေသလိုပါပဲ။

လော်ရိုး ရဲ့ ခန့်မှန်းရလဒ်ကတော့ နယူးကာဆယ် ၁-၁ စပါးဖြစ်ပါတယ်။

အခြားပွဲစဉ်များ အတွက် လော်ရိုး ရဲ့ ခန့်မှန်းရလဒ်များကတော့

Arsenal 2-0 Crystal Palace

Aston Villa 2-1 Wolves

Norwich 1-1 Brighton

Southampton 0-2 Leeds

Everton 1-2 West Ham တို့ ဖြစ်ပါတယ်။

Zawgyi

ေလာ္႐ိုးရဲ႕ ဒီတစ္ပတ္ ပရီးမီးယားလိ၈္ပြဲစဥ္သုံးသပ္ ခန႔္မွန္းမႈမ်ား
ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သုံးသပ္သူ ေလာ္႐ိုးကေတာ့ ဒီတစ္ပတ္ ပြဲစဥ္
ေတြ အတြက္ အခုလို သုံးသပ္ ခန႔္မွန္းထားပါတယ္။

-ဝက္ဖို႔ဒ္ Vs လီဗာပူး

ေအာက္တိုဘာလ ၁၆ ရက္၊ စေနေန႔၊ ညေန ၆ နာရီမွာ ကစားမယ့္ ပြဲစဥ္ျဖစ္ၿပီး၊

လီဗာပူးဘက္က အယ္လီဆန္၊ ဖာဘင္ညိဳတို႔ ေတာင္အေမရိကကို လက္ေ႐ြး

စင္တာဝန္ေတြ သြားကစားၿပီး ျပန္လာတာမို႔ သူတို႔ အေျခအေနအတြက္

လီဗာပူးက စဥ္းစားရက်ပ္ေနရပါတယ္။

ဒီပြဲကေတာ့ လီဗာပူးက ဝက္ဖိုဒ့္ခံစစ္ကို ခ်ိဳးဖ်က္ႏိုင္မလားကပဲ အဓိက က်ပါမယ္။

ေရနီရာရီက သူ႔ရဲ႕ ပထမဆုံးပြဲကို အႏိုင္ကစားဖို႔ထက္ သူတို႔အသင္းကို အႏိုင္ယူရ

ခက္ေအာင္ ႀကိဳးစားမွာပါ။

ေလာ္႐ိုး ရဲ႕ ခန႔္မွန္းရလဒ္ကေတာ့ ဝက္ဖို႔ဒ္ ဝ-၂ လီဗာပူး ျဖစ္ပါတယ္။

 

-လက္စတာ Vs ယူႏိုက္တက္
ေအာက္တိုဘာလ ၁၆ ရက္၊ စေနေန႔၊ ည ၈း၃ဝ နာရီမွာ ကစားမယ့္ ပြဲစဥ္ျဖစ္ၿပီး၊

ယူႏိုက္တက္က သူတို႔ရဲ႕ ဦးစားေပး ခံစစ္မႉး ႏွစ္ဦးျဖစ္တဲ့ ဗာရန္းနဲ႔ မက္ဂြားရား

တို႔ မပါဝင္ဘဲ ကစားရမွာ ျဖစ္ပါတယ္။

အဲဒီအစား လင္ဒီေလာ့နဲ႔ ဘိုင္လီတို႔ ဝင္ေရာက္ ကစားလာရမွာျဖစ္ပါတယ္။

လက္စတာကလည္း သူတို႔ခံစစ္မွာ ကိုယ္ပိုင္ ျပႆနာေတြ ရွိေနပါတယ္။

ဂြၽန္နီအီးဗန္က ပါႏိုင္ဦးမွာ မဟုတ္ဘဲ ဖိုဖန္နာကလည္း အနားယူေနရဆဲပါ။

ႏိုင္ပြဲေတြ မရျဖစ္ေနေပမယ့္လို႔ ဗာဒီကေတာ့ ဂိုးေတြ သြင္းေနပါတယ္။

ဗာဒီ ပုံစံေကာင္းမွာ ရွိေနမယ္ဆိုရင္ ဒီပြဲကေတာ့ မတင္မက် ရလဒ္ ျဖစ္ႏိုင္ပါတယ္။

ေလာ္႐ိုး ရဲ႕ ခန႔္မွန္းရလဒ္ကေတာ့ လက္စတာ ၁-၁ ယူႏိုက္တက္ျဖစ္ပါတယ္။

 

-မန္စီးတီး Vs ဘန္ေလ

ေအာက္တိုဘာလ ၁၆ ရက္၊ စေနေန႔၊ ည ၈း၃ဝ နာရီမွာ ကစားမယ့္ ပြဲျဖစ္ၿပီး၊

ဘန္ေလအတြက္ကေတာ့အဲ ဒီပြဲကသိပ္ၿပီး ေမွ်ာ္လင့္ခ်င္စရာ မရွိပါဘူး။

ဂြာဒီယိုလာရဲ႕ အသင္းက အန္ဖီးမွာ အေတာ္ေလး ထူးခြၽန္ထားခဲ့တာပါ။

အဲလို နီးနီးစပ္စပ္ ေျခစြမ္းမ်ိဳး ျမင္ရမယ္ဆိုရင္ ဘန္ေလကို ခပ္လြယ္လြယ္ ႏိုင္ပါလိမ့္မယ္။

ေလာ္႐ိုး ရဲ႕ ခန႔္မွန္းရလဒ္ကေတာ့ မန္စီးတီး ၃-၀ ဘန္ေလျဖစ္ပါတယ္။

 

-ဘရန႔္ဖို႔ဒ္ Vs ခ်ယ္ဆီး

ေအာက္တိုဘာလ ၁၆ ရက္၊ စေနေန႔၊ ည ၁၁ နာရီမွာ ကစားမယ့္ ပြဲ ျဖစ္ၿပီး၊

၁၉၄၇ ခုႏွစ္ ေနာက္ပိုင္း ပရီးမီးယားလိဂ္လို အဆင့္မွာ အေနာက္လန္ဒန္

ကလပ္ ႏွစ္သင္း ထိပ္တိုက္ေတြ႕တာက ပထမဆုံး အႀကိမ္ပါ။

ဒီေတာ့ ဘရန္ဖိုဒ့္ အိမ္ကြင္းက အားေပးမႈေတြ သိပ္ကို ေကာင္းေနပါလိမ့္မယ္။

ဒါေပမယ့္လည္း ခ်ယ္ဆီးက ေအာင္ျမင္ႏိုင္ေျခရွိပါတယ္။ ေလာ္႐ိုး ရဲ႕

ခန႔္မွန္းရလဒ္ကေတာ့ ဘရန႔္ဖို႔ဒ္ ဝ-၂ ခ်ယ္ဆီး ျဖစ္ပါတယ္။

 

-နယူးကာဆယ္ Vs စပါး

ေအာက္တိုဘာလ ၁၇ ရက္၊ တနဂၤေႏြေန႔၊ ည ၁ဝ နာရီမွာ ကစားမယ့္ ပြဲျဖစ္ၿပီး၊

နယူးကာဆယ္ အေျပာင္းအလဲ ကဘာျဖစ္မလဲဆိုတာ စိတ္ဝင္စားစရာပါ။

စပါးကေတာ့ အက္စတြန္ဗီလာကို အႏိုင္ရထားတယ္။

ဒါေပမယ့္ အခုပြဲ အေနအထားက ႏွစ္ဖက္စလုံးက အင္အားညီေနသလိုပါပဲ။

ေလာ္႐ိုး ရဲ႕ ခန႔္မွန္းရလဒ္ကေတာ့ နယူးကာဆယ္ ၁-၁ စပါးျဖစ္ပါတယ္။

 

အျခားပြဲစဥ္မ်ား အတြက္ ေလာ္႐ိုး ရဲ႕ ခန႔္မွန္းရလဒ္မ်ားကေတာ့

Arsenal 2-0 Crystal Palace

Aston Villa 2-1 Wolves

Norwich 1-1 Brighton

Southampton 0-2 Leeds

Everton 1-2 West Ham တို႔ ျဖစ္ပါတယ္။