
စီရော်နယ်ဒိုဂျူနီယာဟာ မန်ယူအကယ်ဒမီမှာလေ့ကျင့်ခန်းဆင်းတုန်း
သူစကေးလ်ပြတဲ့ ဗီဒီယိုဖိုင်ဟာအွန်လိုင်းပေါ်မှာ နာမည်ကြီးနေပါတယ်။
သူ့ရဲ့စကေးလ်ကိုကြည့်ပြီး ဂျူနီယာလေးဟာသူ့ဖခင်ဖြစ်သူစီကနေ
ကောင်းကောင်းသင်ယူထား ခဲ့ပုံရတယ်လို့လည်း သုံးသပ်နေကြပါတယ်။
ဂျူနီယာဟာ သူ့ဖခင် စီရော်နယ်ဒိုတစ်ယောက် ပြီးခဲ့တဲ့နွေရာသီကမန်ယူကို
ပြန်လာပြီးတဲ့နောက် အကယ်ဒမီမှာလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့တာဖြစ်ပေမယ့်
ဖေဖော်ဝါရီလကမှ တရားဝင်ပူးပေါင်းလိုက် တာဖြစ်ပါတယ်။
ဒီလိုပူးပေါင်းပြီးတစ်လအကြာမှာ အသက် ၁၁ နှစ်အရွယ်ရှိတဲ့
ဂျူနီယာဟာ လေ့ကျင့်ရေးကွင်းမှာသူ့စကေးလ်ကိုပြပြီး
ကစားဖော်တွေကိုရော နည်းပြတွေကိုပါအံ့အားသင့်အောင်ပြုလုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာပေါ် မှာပျံနှံလာတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဂျူနီယာဟာ လေ့ကျင့်ခန်းပွဲတစ်ခုမှာ
ကစားဖော်တွေကိုလျင်မြန်ပြီး ဘောလုံးနိုင်နင်းမှုနဲ့အတူ
လှည့်ဖျားမှုတွေပြုလုပ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။
ဒီဖိုင်ထဲမှာ ဂျူနီယာဟာပြိုင်ဘက်ဆီကနေဘောလုံးကိုရအောင်ပြန်ယူပြီး
ဘောလုံးနဲ့လှည့်စားမှုတွေကို လှပသေသပ်စွာပြု လုပ်ပြခဲ့တာပါ။
ဒါ့အပြင်လေထဲကနေကျလာတဲ့ဘောလုံးကိုတစ်ချက်ထိန်းပြီး
သူ့ကိုကပ်ထားတဲ့သူတွေကိုကျော်ဖြတ်ပြခဲ့ တာကိုလည်းတွေ့ခဲ့ရပါတယ်။
သူပထမဆုံးဘောလုံးထိန်းလိုက်မှုဟာ သေသပ်လွန်းလို့သိပ်ကောင်းမွန်တဲ့
ပထမဆုံးထိချက် အဖြစ်လည်း ဆိုကြပါတယ်။
အခုသူလုပ်ပြတဲ့ပုံစံဟာ သူ့ဖအေဖြစ်သူ လွန်ခဲ့တဲ့ ၁၉ နှစ်က
မန်ယူကိုပထမဆုံးရောက်လာပြီး ပြသခဲ့တဲ့ စကေးလ်နဲ့
တစ်ပုံစံတည်းဘဲဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။
သူ့ရဲ့ပြေးတဲ့နည်းစနစ်၊ ဘောလုံးသယ်သွား ပုံနဲ့ လှည့်ထွက်မှုတွေကိုကြည့်ပြီး
ဖအေတူသားဖြစ်လာမယ့်သူလို့လည်း ဆိုနေကြပါတယ်။
ဒါကြောင့်လည်းတွစ်တာပေါ် မှာ သူ့ကိုဖခင်လိုမျိုးဘဲ
ကြီးကျယ်ခမ်းနားတဲ့ကစားသမားဘဝပိုင်ဆိုင်မယ့်သူလို့ ရေးသားနေကြတာဖြစ်ပါတယ်။
ဂျူနီယာဟာ စီနီယာအသင်းမှာကစားဖို့အတွက်အသက်အရွယ်လိုအပ်နေသေးပေမယ့်
သူ့ဖခင်နဲ့အတူတွဲကစားလိုတဲ့ ဆန္ဒ ကိုတော့ထုတ်ပြောထားဘူးပြီး
သူတို့အတူတွဲကစားပြီးမှသာ ဖခင်ကိုအနားယူစေချင်တယ်လို့ ပြောခဲ့ပါတယ်။
zawgyi
ေလ့က်င့္ေရးကြင္းမွာသူ႔စေကးလ္ကိုျပၿပီး ကစားေဖာ္ေတြကိုေရာ နည္းျပေတြကိုပါအံ့အားသင့္ေအာင္လုပ္ျပႏိုင္ခဲ့တဲ့ စီေရာ္နယ္ဒိုဂ်ဴနီယာ
စီေရာ္နယ္ဒိုဂ်ဴနီယာဟာ မန္ယူအကယ္ဒမီမွာေလ့က်င့္ခန္းဆင္းတုန္း
သူစေကးလ္ျပတဲ့ ဗီဒီယိုဖိုင္ဟာအြန္လိုင္းေပၚမွာ နာမည္ႀကီးေနပါတယ္။
သူ႔ရဲ႕စေကးလ္ကိုၾကည့္ၿပီး ဂ်ဴနီယာေလးဟာသူ႔ဖခင္ျဖစ္သူစီကေန
ေကာင္းေကာင္းသင္ယူထား ခဲ့ပုံရတယ္လို႔လည္း သုံးသပ္ေနၾကပါတယ္။
ဂ်ဴနီယာဟာ သူ႔ဖခင္ စီေရာ္နယ္ဒိုတစ္ေယာက္ ၿပီးခဲ့တဲ့ေႏြရာသီကမန္ယူကို
ျပန္လာၿပီးတဲ့ေနာက္ အကယ္ဒမီမွာေလ့က်င့္ခန္းေတြျပဳလုပ္ခဲ့တာျဖစ္ေပမယ့္
ေဖေဖာ္ဝါရီလကမွ တရားဝင္ပူးေပါင္းလိုက္ တာျဖစ္ပါတယ္။
ဒီလိုပူးေပါင္းၿပီးတစ္လအၾကာမွာ အသက္ ၁၁ ႏွစ္အ႐ြယ္ရွိတဲ့
ဂ်ဴနီယာဟာ ေလ့က်င့္ေရးကြင္းမွာသူ႔စေကးလ္ကိုျပၿပီး
ကစားေဖာ္ေတြကိုေရာ နည္းျပေတြကိုပါအံ့အားသင့္ေအာင္ျပဳလုပ္ျပႏိုင္ခဲ့တာျဖစ္ပါတယ္။
ဆိုရွယ္မီဒီယာေပၚ မွာပ်ံႏွံလာတဲ့ ဗီဒီယိုဖိုင္ထဲမွာ ဂ်ဴနီယာဟာ ေလ့က်င့္ခန္းပြဲတစ္ခုမွာ
ကစားေဖာ္ေတြကိုလ်င္ျမန္ၿပီး ေဘာလုံးႏိုင္နင္းမႈနဲ႔အတူ
လွည့္ဖ်ားမႈေတြျပဳလုပ္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။
ဒီဖိုင္ထဲမွာ ဂ်ဴနီယာဟာၿပိဳင္ဘက္ဆီကေနေဘာလုံးကိုရေအာင္ျပန္ယူၿပီး
ေဘာလုံးနဲ႔လွည့္စားမႈေတြကို လွပေသသပ္စြာျပဳ လုပ္ျပခဲ့တာပါ။
ဒါ့အျပင္ေလထဲကေနက်လာတဲ့ေဘာလုံးကိုတစ္ခ်က္ထိန္းၿပီး
သူ႔ကိုကပ္ထားတဲ့သူေတြကိုေက်ာ္ျဖတ္ျပခဲ့ တာကိုလည္းေတြ႕ခဲ့ရပါတယ္။
သူပထမဆုံးေဘာလုံးထိန္းလိုက္မႈဟာ ေသသပ္လြန္းလို႔သိပ္ေကာင္းမြန္တဲ့
ပထမဆုံးထိခ်က္ အျဖစ္လည္း ဆိုၾကပါတယ္။
အခုသူလုပ္ျပတဲ့ပုံစံဟာ သူ႔ဖေအျဖစ္သူ လြန္ခဲ့တဲ့ ၁၉ ႏွစ္က
မန္ယူကိုပထမဆုံးေရာက္လာၿပီး ျပသခဲ့တဲ့ စေကးလ္နဲ႔
တစ္ပုံစံတည္းဘဲျဖစ္တယ္လို႔လည္း သုံးသပ္ၾကပါတယ္။
သူ႔ရဲ႕ေျပးတဲ့နည္းစနစ္၊ ေဘာလုံးသယ္သြား ပုံနဲ႔ လွည့္ထြက္မႈေတြကိုၾကည့္ၿပီး
ဖေအတူသားျဖစ္လာမယ့္သူလို႔လည္း ဆိုေနၾကပါတယ္။
ဒါေၾကာင့္လည္းတြစ္တာေပၚ မွာ သူ႔ကိုဖခင္လိုမ်ိဳးဘဲ
ႀကီးက်ယ္ခမ္းနားတဲ့ကစားသမားဘဝပိုင္ဆိုင္မယ့္သူလို႔ ေရးသားေနၾကတာျဖစ္ပါတယ္။
ဂ်ဴနီယာဟာ စီနီယာအသင္းမွာကစားဖို႔အတြက္အသက္အ႐ြယ္လိုအပ္ေနေသးေပမယ့္
သူ႔ဖခင္နဲ႔အတူတြဲကစားလိုတဲ့ ဆႏၵ ကိုေတာ့ထုတ္ေျပာထားဘူးၿပီး
သူတို႔အတူတြဲကစားၿပီးမွသာ ဖခင္ကိုအနားယူေစခ်င္တယ္လို႔ ေျပာခဲ့ပါတယ္။