လေ့ကျင့်ရေးကွင်းမှာ ရော်နယ်ဒိုကို ဆပ်ကတ်ထဲမှာ ရှိသင့်တဲ့ကောင် ဆိုပြီး ပြောခဲ့ဖူးတဲ့ နစ္စတယ်ရွိုင်းလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဗန်နစ္စတယ်ရွိုင်းလ်က ရော်နယ်ဒိုဟာ လေ့ကျင့်ရေးကွင်းမှာ စကေးအရမ်းပြလွန်းတာကြောင့် သူနဲ့ပြဿနာဖြစ်ပွားခဲ့သေးတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၀၃ ခုနှစ်က ယူနိုက်တက်ကိုရောက်ရှိလာခဲ့တာဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ နစ္စတယ်ရွိုင်းလ်က ပေါ်တူဂီသားရဲ့စကေးပြမှုဟာ သူ့အတွက်မျက်စိနောက်စေတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်ကလည်း “ကျွန်တော်က ရော်နယ်ဒိုအဲ့လောက်ထိကောင်းမယ်လို့ မထင်ခဲ့တာပါ။

ဒါပေမဲ့ သူက တကယ့်ကိုစကေးပြည့်ဝပြီး ပရိသတ်တွေကိုဖျော်ဖြေနိုင်ပါတယ်။ သူကစကေးပြရတာကို နှစ်သက်ပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်မှာလည်း သူကစကေးပြတတ်ပါတယ်။ တစ်ခါတုန်းက ကျွန်တော်မှတ်မိပါသေးတယ်။ နစ္စတယ်ရွိုင်းလ်က ယူနိုက်တက်ရဲ့အဓိလူပါ။

သူကဂိုးတွေအားလုံးကို ဒိုင်ကန်သွင်းတဲ့ကစားသမားပါ။ အဲ့တာကို ရော်နယ်ဒိုက လေ့ကျင့်ခန်းအစီအစဉ်မှာ စကေးပြပြီး နစ္စတယ်ကိုရူးအောင်လုပ်ပြလိုက်ပါတယ်။

အဲ့ပြဿနာစတတ်တော့တာပါပဲ။ နစ္စတယ်ရွိုင်းလ်က သူကဆပ်ကက်ထဲမှာရှိသင့်တာပါ။ ကွင်းထဲမှာရှိမနေသင့်ပါဘူးလို့ ပြောခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ဒေါသထွက်သွားပြီး သူ့ကိုဘာကြောင့် ဒီလိုပြောတာလဲဆိုပြီး စိတ်ပျက်နေပါတယ်။ အဲ့အချိန်တုန်းက ရော်နယ်ဒိုရဲ့အသက် ၁၈ နှစ် ၁၉ နှစ်ပဲရှိပါသေးတယ်”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

နယ်သာလန်သားဟာ နည်းပြဖာဂူဆန်လက်အောက်မှာ ပွဲထွက်ခွင့်မရတော့တာကြောင့် ၂၀၀၆ ခုနှစ်က ရီးရဲလ်အသင်းကိုပြောင်းခဲ့ပါတယ်။ နစ္စတယ်ရွိုင်းလ်ထွက်ခွာသွားပြီးနောက် ဖာဂူဆန်ဟာ ယူနိုက်တက်တိုက်စစ်မှာ ရွန်းနီ နဲ့ ရော်နယ်ဒိုတို့ကို တွဲဖက်ပေးခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုကလည်း ဖာဂူဆန်ရဲ့ပွဲထုတ်မှုနဲ့အတူ ယူနိုက်တက်မှာအောင်မြင်မှုတွေရယူနိုင်ခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေလ့က်င့္ေရးကြင္းမွာ ေရာ္နယ္ဒိုကို ဆပ္ကတ္ထဲမွာ ရွိသင့္တဲ့ေကာင္ ဆုိျပီး ေျပာခဲ့ဖူးတဲ့ နစၥတယ္ရြိဳင္းလ္

ယူႏိုက္တက္တိုက္စစ္မွဴးေဟာင္း ဗန္နစၥတယ္ရြိဳင္းလ္က ေရာ္နယ္ဒိုဟာ ေလ့က်င့္ေရးကြင္းမွာ စေကးအရမ္းျပလြန္းတာေၾကာင့္ သူနဲ႔ျပႆနာျဖစ္ပြားခဲ့ေသးတယ္လုိ႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
ေရာ္နယ္ဒိုဟာ ၂၀၀၃ ခုႏွစ္က ယူႏုိက္တက္ကိုေရာက္ရွိလာခဲ့တာျဖစ္ျပီး ေလ့က်င့္ေရးကြင္းမွာ စြမ္းေဆာင္ရည္ေကာင္းေတြျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ နစၥတယ္ရြိဳင္းလ္က ေပၚတူဂီသားရဲ႕စေကးျပမႈဟာ သူ႕အတြက္မ်က္စိေနာက္ေစတယ္လုိ႔ ဆိုခဲ့တာျဖစ္ပါတယ္။

ယူႏုိက္တက္ေနာက္ခံလူေဟာင္း ဖာဒီနန္ကလည္း “ကြ်န္ေတာ္က ေရာ္နယ္ဒိုအဲ့ေလာက္ထိေကာင္းမယ္လို႔ မထင္ခဲ့တာပါ။ ဒါေပမဲ့ သူက တကယ့္ကိုစေကးျပည့္၀ျပီး ပရိသတ္ေတြကိုေဖ်ာ္ေျဖႏိုင္ပါတယ္။ သူကစေကးျပရတာကို ႏွစ္သက္ပါတယ္။ ေလ့က်င့္ခန္းအစီအစဥ္မွာလည္း သူကစေကးျပတတ္ပါတယ္။ တစ္ခါတုန္းက ကြ်န္ေတာ္မွတ္မိပါေသးတယ္။ နစၥတယ္ရိြဳင္းလ္က ယူႏုိက္တက္ရဲ႕အဓိလူပါ။

သူကဂိုးေတြအားလံုးကို ဒိုင္ကန္သြင္းတဲ့ကစားသမားပါ။ အဲ့တာကို ေရာ္နယ္ဒိုက ေလ့က်င့္ခန္းအစီအစဥ္မွာ စေကးျပျပီး နစၥတယ္ကိုရူးေအာင္လုပ္ျပလိုက္ပါတယ္။ အဲ့ျပႆနာစတတ္ေတာ့တာပါပဲ။ နစၥတယ္ရြိုင္းလ္က သူကဆပ္ကက္ထဲမွာရွိသင့္တာပါ။ ကြင္းထဲမွာရွိမေနသင့္ပါဘူးလို႔ ေျပာခဲ့ပါတယ္။ ေရာ္နယ္ဒိုကေတာ့ ေဒါသထြက္သြားျပီး သူ႕ကိုဘာေၾကာင့္ ဒီလိုေျပာတာလဲဆုိျပီး စိတ္ပ်က္ေနပါတယ္။ အဲ့အခ်ိန္တုန္းက ေရာ္နယ္ဒိုရဲ႕အသက္ ၁၈ ႏွစ္ ၁၉ ႏွစ္ပဲရွိပါေသးတယ္”လို႔ ဖာဒီနန္က ေျပာၾကားခဲ့ပါတယ္။

နယ္သာလန္သားဟာ နည္းျပဖာဂူဆန္လက္ေအာက္မွာ ပြဲထြက္ခြင့္မရေတာ့တာေၾကာင့္ ၂၀၀၆ ခုႏွစ္က ရီးရဲလ္အသင္းကိုေျပာင္းခဲ့ပါတယ္။ နစၥတယ္ရြိဳင္းလ္ထြက္ခြာသြားျပီးေနာက္ ဖာဂူဆန္ဟာ ယူႏုိက္တက္တိုက္စစ္မွာ ရြန္းနီ နဲ႔ ေရာ္နယ္ဒိုတို႔ကို တြဲဖက္ေပးခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္ဒိုကလည္း ဖာဂူဆန္ရဲ႕ပြဲထုတ္မႈနဲ႔အတူ ယူႏုိက္တက္မွာေအာင္ျမင္မႈေတြရယူႏိုင္ခဲ့တာျဖစ္ပါတယ္။