လေ့ကျင့်ရေးကွင်းမှာ CR7ကို ခပ်ကြမ်းကြမ်းဖျက်ထုတ်မိလို့ အညွှန့်တုံးခဲ့ရတဲ့လူငယ်ကစားသမားလေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ ခရစ္စတီယာနိုရော်နယ်ဒိုကို ကြမ်းကြမ်းတမ်းတမ်း မဖျက်ထုတ်ရဘူးလို့ စည်းကမ်းသတ်မှတ်ထားတဲ့အကြောင်းကို မကြာသေးခင်ကမှ လူငယ်ကစားသမားလေးတစ်ဦးက ဖွင့်ပြောခဲ့ပါတယ်။ ဒါအူဒါပီတာဆိုတဲ့ အဲဒီ ဂျူဗင်တပ်စ်အသင်းလူငယ်ကစားသမားလေးဟာ လေ့ကျင့်ရေးအစီအစဉ်မှာ CR7ကို ဘယ်လောက်အထိ အသင်းတာဝန်ရှိသူတွေ ကာကွယ်ပေးထားသလဲကို လူတွေသိအောင် ထုတ်ပြောပြခဲ့တာပါ။

ဒီကစားသမားလေးဟာ ဇူလိုင်လကမှ ဂျူဗင်တပ်စ်စီနီယာအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့တာဖြစ်ပါတယ်။ ဒါအူဒါ ပြောပြတဲ့အကြောင်းအရာနဲ့ ခပ်ဆင်ဆင် သတင်းတစ်ပုဒ်ကိုလည်း အခုရက်ပိုင်းလေးမှာ ထပ်တွေ့ရပြန်ပါတယ်။ ဒါကတော့ ရီးရဲလ်မက်ဒရစ်မှာ CR7 ကစားခဲ့တုန်းက ဖြစ်ရပ်တစ်ခုကို ပြန်ပြောင်းပြောပြထားတာပါ။

မာနူဟာနန်ဒို ဆိုတဲ့ ရီးရဲလ်မက်ဒရစ်လူငယ်ကစားသမားတစ်ဦးဟာ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ရော်နယ်ဒိုကို ခပ်ကြမ်းကြမ်းဖျက်ထုတ်မိခဲ့လို့ ဒီနေ့အချိန်အထိ စီနီယာအသင်းနဲ့ လေ့ကျင့်ခန်းဆင်းခွင့် ဆုံးရှုံးသွားပါတယ်။

ရော်နယ်ဒိုကို ဟာနန်ဒို က ခပ်ကြမ်းကြမ်းဖျက်ထုတ်ခဲ့တာဟာ ၂၀၁၇-၁၈ရာသီကပါ။ အဲဒီတုန်းကတော့ ဟာနန်ဒို က ဆယ်ကျော်သက်အရွယ်လေးပဲရှိပါသေးတယ်။ ရီးရဲလ်မက်ဒရစ်ကလည်း လာလီဂါမှာ ချန်ပီယံမျှော်လင့်ချက်မရှိတော့ဘဲ ချန်ပီယံလိဂ်တစ်ခုတည်းကို ပစ်မှတ်ထား ပြင်ဆင်နေရချိန်ဖြစ်ပါတယ်။

တစ်နေ့မှာတော့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာ ဗယ်လ်ဒီဘီဘက်စ်လေ့ကျင့်ရေးကွင်းမှာ ၂သင်းခွဲကစားခိုင်းခဲ့ပါတယ်။ ၂သင်းခွဲကစားရင်း ဆယ်ကျော်သက်ကစားသမားလေး ဟာနန်ဒို ဟာ သူခြေထဲက ဆုံးရှုံးသွားတဲ့ဘောလုံးကို အတင်း ပြန်လုရင်း ရော်နယ်ဒိုကို ခပ်ကြမ်းကြမ်းဖျက်ထုတ်မိလိုက်ပါတယ်။ သူ့ဖျက်ထုတ်ပုံကြောင့် မြက်ခင်းပေါ် ရော်နယ်ဒို ပစ်လဲကျသွားပြီး သူ့ကို တော်တော်လေးဒေါသထွက်သွားပါတယ်။

ဟာနန်ဒိုရဲ့ ကစားသမားဘဝအတွက် အဲဒီအခိုက်အတန့်က အရမ်းကို အပြောင်းအလဲဖြစ်သွားစေပါတယ်။ သူ့အနေနဲ့ ရော်နယ်ဒိုကို ချက်ချင်း ပြန်တောင်းပန်ပြီး ပွဲဆက်ကစားခဲ့ပေမယ့် အဲဒီနေ့ဟာ သူ့အတွက် ရီးရဲလ်မက်ဒရစ်စီနီယာအသင်းနဲ့အတူ နောက်ဆုံးအကြိမ်လေ့ကျင့်ခန်းဆင်းခွင့်ရတဲ့နေ့ဖြစ်သွားပါတယ်။

မနှစ်တုန်းကတော့ ဒီ ရီးရဲလ်မက်ဒရစ် လူငယ်နောက်ခံလူလေးဟာ ဆီဂန်ဒါဘီက ရေးဆင်းဆန်တင်ဒါအသင်းကို အငှားနဲ့သွားကစားခဲ့ပါတယ်။ ဒါပေမယ့် နည်းပြဇီဒန်းရဲ့လက်အောက်မှာ နောက်တစ်ကြိမ် လေ့ကျင့်ခန်းဆင်းခွင့်ထပ်ရဖို့တော့ ဒီနေ့အထိ မသေချာတော့ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေလ့က်င့္ေရးကြင္းမွာ CR7ကို ခပ္ၾကမ္းၾကမ္းဖ်က္ထုတ္မိလို႔ အညႊန္႔တံုးခဲ့ရတဲ့လူငယ္ကစားသမားေလး

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္မွာ ခရစၥတီယာႏိုေရာ္နယ္ဒိုကို ၾကမ္းၾကမ္းတမ္းတမ္း မဖ်က္ထုတ္ရဘူးလို႔ စည္းကမ္းသတ္မွတ္ထားတဲ့အေၾကာင္းကို မၾကာေသးခင္ကမွ လူငယ္ကစားသမားေလးတစ္ဦးက ဖြင့္ေျပာခဲ့ပါတယ္။ ဒါအူဒါပီတာဆိုတဲ့ အဲဒီ ဂ်ဴဗင္တပ္စ္အသင္းလူငယ္ကစားသမားေလးဟာ ေလ့က်င့္ေရးအစီအစဥ္မွာ CR7ကို ဘယ္ေလာက္အထိ အသင္းတာ၀န္ရွိသူေတြ ကာကြယ္ေပးထားသလဲကို လူေတြသိေအာင္ ထုတ္ေျပာျပခဲ့တာပါ။

ဒီကစားသမားေလးဟာ ဇူလိုင္လကမွ ဂ်ဴဗင္တပ္စ္စီနီယာအသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းခဲ့တာျဖစ္ပါတယ္။ ဒါအူဒါ ေျပာျပတဲ့အေၾကာင္းအရာနဲ႔ ခပ္ဆင္ဆင္ သတင္းတစ္ပုဒ္ကိုလည္း အခုရက္ပိုင္းေလးမွာ ထပ္ေတြ႔ရျပန္ပါတယ္။ ဒါကေတာ့ ရီးရဲလ္မက္ဒရစ္မွာ CR7 ကစားခဲ့တုန္းက ျဖစ္ရပ္တစ္ခုကို ျပန္ေျပာင္းေျပာျပထားတာပါ။

မာႏူဟာနန္ဒို ဆိုတဲ့ ရီးရဲလ္မက္ဒရစ္လူငယ္ကစားသမားတစ္ဦးဟာ အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာ ေရာ္နယ္ဒိုကို ခပ္ၾကမ္းၾကမ္းဖ်က္ထုတ္မိခဲ့လို႔ ဒီေန႔အခ်ိန္အထိ စီနီယာအသင္းနဲ႔ ေလ့က်င့္ခန္းဆင္းခြင့္ ဆံုးရႈံးသြားပါတယ္။ ေရာ္နယ္ဒိုကို ဟာနန္ဒို က ခပ္ၾကမ္းၾကမ္းဖ်က္ထုတ္ခဲ့တာဟာ ၂၀၁၇-၁၈ရာသီကပါ။ အဲဒီီတုန္းကေတာ့ ဟာနန္ဒို က ဆယ္ေက်ာ္သက္အရြယ္ေလးပဲရွိပါေသးတယ္။ ရီးရဲလ္မက္ဒရစ္ကလည္း လာလီဂါမွာ ခ်န္ပီယံေမွ်ာ္လင့္ခ်က္မရွိေတာ့ဘဲ ခ်န္ပီယံလိဂ္တစ္ခုတည္းကို ပစ္မွတ္ထား ျပင္ဆင္ေနရခ်ိန္ျဖစ္ပါတယ္။

တစ္ေန႔မွာေတာ့ ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းဟာ ဗယ္လ္ဒီဘီဘက္စ္ေလ့က်င့္ေရးကြင္းမွာ ၂သင္းခြဲကစားခိုင္းခဲ့ပါတယ္။ ၂သင္းခြဲကစားရင္း ဆယ္ေက်ာ္သက္ကစားသမားေလး ဟာနန္ဒို ဟာ သူေျခထဲက ဆံုးရႈံးသြားတဲ့ေဘာလံုးကို အတင္း ျပန္လုရင္း ေရာ္နယ္ဒိုကို ခပ္ၾကမ္းၾကမ္းဖ်က္ထုတ္မိလိုက္ပါတယ္။ သူ႔ဖ်က္ထုတ္ပံုေၾကာင့္ ျမက္ခင္းေပၚ ေရာ္နယ္ဒို ပစ္လဲက်သြားၿပီး သူ႔ကို ေတာ္ေတာ္ေလးေဒါသထြက္သြားပါတယ္။

ဟာနန္ဒိုရဲ႕ ကစားသမားဘ၀အတြက္ အဲဒီအခုိက္အတန္႔က အရမ္းကို အေျပာင္းအလဲျဖစ္သြားေစပါတယ္။ သူ႔အေနနဲ႔ ေရာ္နယ္ဒိုကို ခ်က္ခ်င္း ျပန္ေတာင္းပန္ၿပီး ပြဲဆက္ကစားခဲ့ေပမယ့္ အဲဒီေန႔ဟာ သူ႔အတြက္ ရီးရဲလ္မက္ဒရစ္စီနီယာအသင္းနဲ႔အတူ ေနာက္ဆံုးအႀကိမ္ေလ့က်င့္ခန္းဆင္းခြင့္ရတဲ့ေန႔ျဖစ္သြားပါတယ္။

မႏွစ္တုန္းကေတာ့ ဒီ ရီးရဲလ္မက္ဒရစ္ လူငယ္ေနာက္ခံလူေလးဟာ ဆီဂန္ဒါဘီက ေရးဆင္းဆန္တင္ဒါအသင္းကို အငွားနဲ႔သြားကစားခဲ့ပါတယ္။ ဒါေပမယ့္ နည္းျပဇီဒန္းရဲ႕လက္ေအာက္မွာ ေနာက္တစ္ႀကိမ္ ေလ့က်င့္ခန္းဆင္းခြင့္ထပ္ရဖို႔ေတာ့ ဒီေန႔အထိ မေသခ်ာေတာ့ပါဘူး။