
ရိုးမားတိုက်စစ်မှူးတမ်မီအေဘရာဟမ်ဟာလေ့ကျင့်ရေးကွင်းသို့သွားစဉ်
ယာဉ်တိုက်မှုဖြစ်ခဲ့ကြောင်းသိရပါတယ်။အသက်၂၄နှစ်ရှိအေဘရာဟမ်ရဲ့
Porsche Cayenne ကအခြားကားတစ်စီးကို တိုက်ခဲ့ခြင်းဖြစ်ပြီး
လူတစ်ဦးမှဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း La Gazzetta dello Sport က
ဖော်ပြသွားပါတယ်။ဒါ့အပြင်ယင်းသတင်းစာကမူ အေဘရာဟမ်မှာလည်း
ဒဏ်ရာရရှိခဲ့သလို သူ့ကားဖြင့်အတိုက်ခံရတဲ့ယာဉ်မောင်းမှာလည်း
တစ်စုံတစ်ရာဒဏ်ရာမရမှုနဲ့အတူ အမှုဖွင့်စရာမလိုဘဲ ဖြေရှင်းနိုင်ခဲ့ကြောင်းသိရပါတယ်။
ကားသမားနှစ်ဦးတို့အကြား ပြေလည်အောင်ညှိနှိုင်းနိုင်မှုနဲ့အတူ
ရဲတပ်ဖွဲ့ကစုံးစမ်းစစ်ဆေးစရာမလိုရပါဘူး။အေဘရာဟမ်ဟာ
ထရီဂိုရီယာရှိရိုးမားအသင်းလေ့ကျင့်ရေးကွင်းသို့သွားစဉ်
အမျိုးသမီးတစ်ဦးမောင်းနှင်တဲ့ကားငယ်တစ်စီးကိုတိုက်ခိုက်တာပါ။
ဒါပေမဲ့၎င်းတို့အကြားခင်မင်ရင်းနှီးတဲ့ဆွေးနွေးမှုပြုလုပ်ပြီးနောက်
လေ့ကျင့်ရေးကွင်းသို့ ဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးအေဘရာဟမ်ဟာပြီးခဲ့တဲ့နှစ်ဧပြီလတုန်းကလန်ဒန်တွင်
Lamborghini ကားဖြင့်သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်မှုကြောင့်
နိုဝင်ဘာလတွင်ပေါင်၆၆၀ဒဏ်ရိုက်ခံခဲ့ရပါတယ်။သူဟာ တစ်နာရီလျှင်
မိုင်၂၀နှုန်းဖြင့်မောင်းနှင်ရမယ့်နေရာမှာ၄၇မိုင်နှုန်းဖြင့်မောင်းနှင်ခဲ့တာလည်းဖြစ်ပါတယ်။
zawgyi
ေလ့က်င့္ေရးကြင္းသို႔ သြားရာလမ္းတြင္ ေအဘရာဟမ္ရဲ႕ Porsche Cayenne ကအျခားကားတစ္စီးကို တိုက္ခဲ့
႐ိုးမားတိုက္စစ္မႉးတမ္မီေအဘရာဟမ္ဟာေလ့က်င့္ေရးကြင္းသို႔သြားစဥ္
ယာဥ္တိုက္မႈျဖစ္ခဲ့ေၾကာင္းသိရပါတယ္။အသက္၂၄ႏွစ္ရွိေအဘရာဟမ္ရဲ႕
Porsche Cayenne ကအျခားကားတစ္စီးကို တိုက္ခဲ့ျခင္းျဖစ္ၿပီး
လူတစ္ဦးမွဒဏ္ရာရရွိခဲ့ျခင္းမရွိေၾကာင္း La Gazzetta dello Sport က
ေဖာ္ျပသြားပါတယ္။ဒါ့အျပင္ယင္းသတင္းစာကမူ ေအဘရာဟမ္မွာလည္း
ဒဏ္ရာရရွိခဲ့သလို သူ႔ကားျဖင့္အတိုက္ခံရတဲ့ယာဥ္ေမာင္းမွာလည္း
တစ္စုံတစ္ရာဒဏ္ရာမရမႈနဲ႔အတူ အမႈဖြင့္စရာမလိုဘဲ ေျဖရွင္းႏိုင္ခဲ့ေၾကာင္းသိရပါတယ္။
ကားသမားႏွစ္ဦးတို႔အၾကား ေျပလည္ေအာင္ညႇိႏႈိင္းႏိုင္မႈနဲ႔အတူ
ရဲတပ္ဖြဲ႕ကစုံးစမ္းစစ္ေဆးစရာမလိုရပါဘူး။ေအဘရာဟမ္ဟာ
ထရီဂိုရီယာရွိ႐ိုးမားအသင္းေလ့က်င့္ေရးကြင္းသို႔သြားစဥ္
အမ်ိဳးသမီးတစ္ဦးေမာင္းႏွင္တဲ့ကားငယ္တစ္စီးကိုတိုက္ခိုက္တာပါ။
ဒါေပမဲ့၎တို႔အၾကားခင္မင္ရင္းႏွီးတဲ့ေဆြးေႏြးမႈျပဳလုပ္ၿပီးေနာက္
ေလ့က်င့္ေရးကြင္းသို႔ ဆက္လက္ထြက္ခြာသြားခဲ့ပါတယ္။
အဂၤလန္တိုက္စစ္မႉးေအဘရာဟမ္ဟာၿပီးခဲ့တဲ့ႏွစ္ဧၿပီလတုန္းကလန္ဒန္တြင္
Lamborghini ကားျဖင့္သတ္မွတ္မိုင္ႏႈန္းထက္ပိုမိုေမာင္းႏွင္မႈေၾကာင့္
ႏိုဝင္ဘာလတြင္ေပါင္၆၆၀ဒဏ္႐ိုက္ခံခဲ့ရပါတယ္။သူဟာ တစ္နာရီလွ်င္
မိုင္၂၀ႏႈန္းျဖင့္ေမာင္းႏွင္ရမယ့္ေနရာမွာ၄၇မိုင္ႏႈန္းျဖင့္ေမာင္းႏွင္ခဲ့တာလည္းျဖစ္ပါတယ္။