လှပတဲ့သွင်းဂိုးနဲ့ ချိုမြိန်တဲ့နိုင်ပွဲ ရရှိခဲ့တယ်လို့ ပေါ့ဘာ ကြွေးကြော်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူပေါ့ဘာ က လှပတဲ့သွင်းဂိုးနဲ့အတူ ချိုမြိန်တဲ့နိုင်ပွဲရယူခဲ့တယ်လို့ ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲအပြီးမှာ ကြွေးကြော်ပြောဆိုခဲ့ပါတယ်။

ဒီပွဲမှာ ပေါ့ဘာဟာ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို ဂိုးဧရိယာထိပ်ကနေ ဘယ်ခြေနဲ့ကန်သွင်းခဲ့ပြီး ဒါဟာ ဂျူဗင်တပ်စ်ကစားသမားဘဝတုန်းက ၂၀၁၅ ခုနှစ်မှာ ချီယေဗိုကို ဂိုးသွင်းခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဲဒီပုံစံအတိုင်း ဂိုးပြန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာရဲ့အနိုင်ဂိုးကြောင့် ယူနိုက်တက်အသင်းဟာ အဆင့် ၁ နေရာ​ကို ပြန်သိမ်းပိုက်ခဲ့သလို ဒီရာသီ အသင်းရဲ့ အဝေးကွင်းရှုံးပွဲမရှိ မှတ်တမ်းကောင်းကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ဖူလ်ဟမ်နဲ့ပွဲအပြီးမှာ ပေါ့ဘာက ”ကျွန်တော့်ရဲ့ ကန်ချက်ကောင်းခဲ့ပြီး ဘယ်ခြေနဲ့ကန်တာ ဒီလောက်အထိ ကောင်းလိမ့်မယ်လို့ မမျှော်လင့်ခဲ့တာ အမှန်ပါပဲ။ ဒါဟာ လှပတဲ့သွင်းဂိုးဖြစ်ခဲ့သလို အသင်းအတွက်လည်း ချိုမြိန်တဲ့နိုင်ပွဲဖြစ်ခဲ့ပါတယ်။ ဖူလ်ဟမ်ဟာ ကစားရခက်တဲ့အသင်းဖြစ်တာကြောင့် သူတို့ကို အနိုင်ရခဲ့တာက ကျွန်တော်တို့အတွက် ကြီးမားတဲ့နိုင်ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်က အနိုင်ရတာကို ကြိုက်နှစ်သက်ပြီး ပွဲတိုင်းနိုင်ဖို့ပဲ အာရုံစိုက်ထားတာပါ။ အသင်း နိုင်ပွဲရရင် ပျော်ရွှင်ရသလို ရှုံးခဲ့ရင်လည်း ဒေါသထွက်ရတာ ခဏခဏပါပဲ” လို့ပြောကြားခဲ့ပါတယ်။

ဖူလ်ဟမ်နဲ့ပွဲမှာ ပေါ့ဘာဟာ ဘောလုံးထိတဲ့အကြိမ် ၉၉ ကြိမ်ရှိခဲ့ပြီး အောင်မြင်တဲ့ပေးပို့မှု ၆၈ ကြိမ် (၈၅ %)၊ ဘောလုံးပြန်ဆယ်နိုင်ခဲ့တာက ၉ ကြိမ်နဲ့ ပြိုင်ဘက်နဲ့တစ်ဦးချင်းအတွေ့မှာ ဘောလုံးရယူနိုင်တာက ၇ ကြိမ်ရှိခဲ့ပါတယ်။ နောက်ပြီး ဒုတိယပိုင်းမှာ သူ့ရဲ့တိကျတဲ့ ဘောလုံးပေးပို့မှုက ၉၀ % အထိရှိခဲ့တာကြောင့် အသင်းဖော်တွေ အားလုံးထက် ပိုကောင်းတဲ့စွမ်းဆောင်ရည်ကို ပြသခဲ့တာပါ။

ဒါ့အပြင် ပေါ့ဘာဟာ ဘန်လေနဲ့ပွဲတုန်းက တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူပြီး ယူနိုက်တက်အသင်းကို အဆင့် ၁ နေရာ ပို့ဆောင်ခဲ့တဲ့အပြင် အခု ဖူလ်ဟမ်နဲ့ပွဲအပြီးမှာလည်း သူ့ကြောင့်ပဲ ယူနိုက်တက်အသင်းဟာ ထိပ်ဆုံးကို ပြန်လည်ရောက်ရှိနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လွပတဲ့သြင္းဂိုးနဲ႔ ခ်ိဳၿမိန္တဲ့ႏိုင္ပြဲ ရရွိခဲ့တယ္လို႔ ေပါ့ဘာ ေႂကြးေၾကာ္

မန္ခ်က္စတာယူႏိုက္တက္ ကြင္းလယ္လူေပါ့ဘာ က လွပတဲ့သြင္းဂိုးနဲ႔အတူ ခ်ိဳၿမိန္တဲ့ႏိုင္ပြဲရယူခဲ့တယ္လို႔ ဖူလ္ဟမ္ကို အႏိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲအၿပီးမွာ ေႂကြးေၾကာ္ေျပာဆိုခဲ့ပါတယ္။ အဲဒီပြဲမွာ ေပါ့ဘာဟာ အသင္းအတြက္ အေရးပါတဲ့ အႏိုင္ဂိုးကို ဂိုးဧရိယာထိပ္ကေန ဘယ္ေျခနဲ႔ကန္သြင္းခဲ့ၿပီး ဒါဟာ ဂ်ဴဗင္တပ္စ္ကစားသမားဘဝတုန္းက ၂၀၁၅ ခုႏွစ္မွာ ခ်ီေယဗိုကို ဂိုးသြင္းခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ အဲဒီပုံစံအတိုင္း ဂိုးျပန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ ေပါ့ဘာရဲ႕အႏိုင္ဂိုးေၾကာင့္ ယူႏိုက္တက္အသင္းဟာ အဆင့္ ၁ ေနရာ​ကို ျပန္သိမ္းပိုက္ခဲ့သလို ဒီရာသီ အသင္းရဲ႕ အေဝးကြင္းရႈံးပြဲမရွိ မွတ္တမ္းေကာင္းကိုလည္း ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့ပါတယ္။

ဖူလ္ဟမ္နဲ႔ပြဲအၿပီးမွာ ေပါ့ဘာက ”ကြၽန္ေတာ့္ရဲ႕ ကန္ခ်က္ေကာင္းခဲ့ၿပီး ဘယ္ေျခနဲ႔ကန္တာ ဒီေလာက္အထိ ေကာင္းလိမ့္မယ္လို႔ မေမွ်ာ္လင့္ခဲ့တာ အမွန္ပါပဲ။ ဒါဟာ လွပတဲ့သြင္းဂိုးျဖစ္ခဲ့သလို အသင္းအတြက္လည္း ခ်ိဳၿမိန္တဲ့ႏိုင္ပြဲျဖစ္ခဲ့ပါတယ္။ ဖူလ္ဟမ္ဟာ ကစားရခက္တဲ့အသင္းျဖစ္တာေၾကာင့္ သူတို႔ကို အႏိုင္ရခဲ့တာက ကြၽန္ေတာ္တို႔အတြက္ ႀကီးမားတဲ့ႏိုင္ပြဲျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္က အႏိုင္ရတာကို ႀကိဳက္ႏွစ္သက္ၿပီး ပြဲတိုင္းႏိုင္ဖို႔ပဲ အာ႐ုံစိုက္ထားတာပါ။ အသင္း ႏိုင္ပြဲရရင္ ေပ်ာ္႐ႊင္ရသလို ရႈံးခဲ့ရင္လည္း ေဒါသထြက္ရတာ ခဏခဏပါပဲ” လို႔ေျပာၾကားခဲ့ပါတယ္။

ဖူလ္ဟမ္နဲ႔ပြဲမွာ ေပါ့ဘာဟာ ေဘာလုံးထိတဲ့အႀကိမ္ ၉၉ ႀကိမ္ရွိခဲ့ၿပီး ေအာင္ျမင္တဲ့ေပးပို႔မႈ ၆၈ ႀကိမ္ (၈၅ %)၊ ေဘာလုံးျပန္ဆယ္ႏိုင္ခဲ့တာက ၉ ႀကိမ္နဲ႔ ၿပိဳင္ဘက္နဲ႔တစ္ဦးခ်င္းအေတြ႕မွာ ေဘာလုံးရယူႏိုင္တာက ၇ ႀကိမ္ရွိခဲ့ပါတယ္။ ေနာက္ၿပီး ဒုတိယပိုင္းမွာ သူ႔ရဲ႕တိက်တဲ့ ေဘာလုံးေပးပို႔မႈက ၉၀ % အထိရွိခဲ့တာေၾကာင့္ အသင္းေဖာ္ေတြ အားလုံးထက္ ပိုေကာင္းတဲ့စြမ္းေဆာင္ရည္ကို ျပသခဲ့တာပါ။ ဒါ့အျပင္ ေပါ့ဘာဟာ ဘန္ေလနဲ႔ပြဲတုန္းက တစ္လုံးတည္းေသာ အႏိုင္ဂိုးသြင္းယူၿပီး ယူႏိုက္တက္အသင္းကို အဆင့္ ၁ ေနရာ ပို႔ေဆာင္ခဲ့တဲ့အျပင္ အခု ဖူလ္ဟမ္နဲ႔ပြဲအၿပီးမွာလည္း သူ႔ေၾကာင့္ပဲ ယူႏိုက္တက္အသင္းဟာ ထိပ္ဆုံးကို ျပန္လည္ေရာက္ရွိႏိုင္ခဲ့ပါတယ္။