ဝက်စ်ဘရောင်းပြောတဲ့ ဆာအဲလက်စ်ဖာဂူဆန်ရဲ့အကောင်းဆုံး Team Talk

လာမယ့်ဒီဇင်ဘာလ၃၁ရက်နေ့မှာယူနိုက်တက်ဂန္ထဝင်နည်းပြဆာအဲလက်စ်

ဖာဂူဆန်ရဲ့အသက်၈၀နှစ်ပြည့်မွေးနေ့ ကျရောက်လာပါမယ်။
ဆာအဲလက်စ်ဖာဂူဆန်ရဲ့အသက်၈၀နှစ်ပြည့်ဖို့ နီးကပ်လာမှုနဲ့အတူ ဗြိတိန်သမိုင်း

တစ်လျှောက်အကောင်းဆုံးနည်းပြနဲ့ပတ်သက်ပြီး

အမှတ်ရစရာများကို သူနဲ့လက်တွဲခဲ့တဲ့ကစားသမားဟောင်းများက အမှတ်တရ

ပြောကြားမှုများပြုလုပ်လာကြပါတယ်။
ယူနိုက်တက်ကစားသမားဟောင်းဝက်စ်ဘရောင်းက ဆာအဲလက်စ်ဖာဂူဆန်ရဲ့

လက်အောက်မှာကစားစဉ်အတွင်း အကောင်းဆုံးကြားခဲ့ရတဲ့ Team Talk ကို

ဖွင့်ဟပြောကြားမှုပြုလုပ်လာပါတယ်။

ဝက်စ်ဘရောင်းရဲ့အဆိုအရ ဆာအဲလက်စ်ဖာဂူဆန်ရဲ့အကောင်းဆုံး Team Talk က

မော်စကိုတွင်ချဲလ်ဆီးနှင့်ရင်ဆိုင်ခဲ့ရတဲ့၂၀၁၈ခုနှစ်တုန်းကချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက

ပြောခဲ့တဲ့စကားဖြစ်ကြောင်းဆိုသွားပါတယ်။

ဝက်စ်ဘရောင်းက “ချဲလ်ဆီးနဲ့မော်စကိုဗိုလ်လုပွဲတုန်းကပြောခဲ့တဲ့ Team Talk ကတော့

ဆရာ့ဆီကကျွန်တော်ကြားခဲ့သမျှထဲမှာအကောင်းဆုံးပါပဲ။သူဟာကစားသမားတစ်

ယောက်ချင်းစီတိုင်းဆီသွားပြီးသူတို့ဘယ်ကလာတယ်၊ဘယ်လိုအောင်မြင်မှုတွေရခဲ့

တယ်ဆိုတာအနည်းငယ်ပြောတယ်။ပြောချင်တာကတော့ဒီအုပ်စုကကွဲပြားတဲ့နေရာ

တွေဆီကရောက်လာကြတဲ့အုပ်စုဖြစ်တယ်။ကြီးပြင်းပုံချင်းမတူဘူး။ဒါပေမဲ့အခု

တစုတစည်းတည်းရှိနေတယ်။ယူနိုက်တက် ဖြစ်နေတယ်။အရမ်းကောင်းတယ်။

စိတ်ဓာတ်လည်းတက်ကြွရတယ်။ပွဲကတော့တကယ့်တိုက်ပွဲဘဲ။ကျွန်တော့်ဖြတ်တင်

ဘောကနေ ရော်နယ်ဒိုဂိုးသွင်းတယ်။ဖရန့်လမ်းပတ်ကချေပတယ်။ချဲလ်ဆီးကလည်း

ကျွန်တော်တို့လိုပဲတိုက်ဝင်စိတ်အပြည့်နဲ့ဘဲ။ဘယ်သူမှအလျှော့မပေးဘူး။ပင်နယ်တီ

ကန်ခဲ့ရတယ်။အချိန်ပိုပြီးခါနီးမှာဆရာကကျွန်တော့်ကိုလူစားလဲလိုက်တယ်။ကျွန်တော်က

၁၄နှစ်သားကတည်းကပင်နယ်တီမကန်ခဲ့တော့သူ့အမြင်ကိုသိလိုက်ရတယ်။ဒါပေမဲ့

ဒါမျိုးကနည်းပြတိုင်းအလုပ်မဖြစ်ပါဘူး။အဲဒီညမှာတော့အလုပ်ဖြစ်သွားတယ်။

အင်ဒါဆင်သွင်းပြီးနိုင်သွားတယ်”လို့ပြောကြားသွားပါတယ်။

ဝက်စ်ဘရောင်းဟာယူနိုက်တက်သို့ငယ်စဉ်ကတည်းကရောက်လာခဲ့သူဖြစ်ပြီး

ဆာအဲလက်စ်ဖာဂူဆန်ရဲ့လက်အောက်မှာပရီးမီးယားလိဂ်ဖလား၅ကြိမ်နှင့်

ချန်ပီယံလိဂ်တစ်ကြိမ်ဆွတ်ခူးခဲ့ပါတယ်။

သူဟာ၂၀၀၈ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ဗီဒစ်၊ဖာဒီနန်၊အီဗရာတို့နှင့်အတူ

ယူနိုက်တက်ခံစစ်တွင်ကစားခဲ့ပါတယ်။

Zawgyi

 

ဝက္စ္ဘေရာင္းေျပာတဲ့ ဆာအဲလက္စ္ဖာဂူဆန္ရဲ႕အေကာင္းဆုံး Team Talk
လာမယ့္ဒီဇင္ဘာလ၃၁ရက္ေန႔မွာယူႏိုက္တက္ဂႏၴဝင္နည္းျပဆာအဲလက္စ္

ဖာဂူဆန္ရဲ႕အသက္၈၀ႏွစ္ျပည့္ေမြးေန႔ က်ေရာက္လာပါမယ္။
ဆာအဲလက္စ္ဖာဂူဆန္ရဲ႕အသက္၈၀ႏွစ္ျပည့္ဖို႔ နီးကပ္လာမႈနဲ႔အတူ ၿဗိတိန္သမိုင္း

တစ္ေလွ်ာက္အေကာင္းဆုံးနည္းျပနဲ႔ပတ္သက္ၿပီး

အမွတ္ရစရာမ်ားကို သူနဲ႔လက္တြဲခဲ့တဲ့ကစားသမားေဟာင္းမ်ားက အမွတ္တရ

ေျပာၾကားမႈမ်ားျပဳလုပ္လာၾကပါတယ္။
ယူႏိုက္တက္ကစားသမားေဟာင္းဝက္စ္ဘေရာင္းက ဆာအဲလက္စ္ဖာဂူဆန္ရဲ႕

လက္ေအာက္မွာကစားစဥ္အတြင္း အေကာင္းဆုံးၾကားခဲ့ရတဲ့ Team Talk ကို

ဖြင့္ဟေျပာၾကားမႈျပဳလုပ္လာပါတယ္။
ဝက္စ္ဘေရာင္းရဲ႕အဆိုအရ ဆာအဲလက္စ္ဖာဂူဆန္ရဲ႕အေကာင္းဆုံး Team Talk က

ေမာ္စကိုတြင္ခ်ဲလ္ဆီးႏွင့္ရင္ဆိုင္ခဲ့ရတဲ့၂၀၁၈ခုႏွစ္တုန္းကခ်န္ပီယံလိဂ္ဗိုလ္လုပြဲတုန္းက

ေျပာခဲ့တဲ့စကားျဖစ္ေၾကာင္းဆိုသြားပါတယ္။
ဝက္စ္ဘေရာင္းက “ခ်ဲလ္ဆီးနဲ႔ေမာ္စကိုဗိုလ္လုပြဲတုန္းကေျပာခဲ့တဲ့ Team Talk ကေတာ့

ဆရာ့ဆီကကြၽန္ေတာ္ၾကားခဲ့သမွ်ထဲမွာအေကာင္းဆုံးပါပဲ။သူဟာကစားသမားတစ္

ေယာက္ခ်င္းစီတိုင္းဆီသြားၿပီးသူတို႔ဘယ္ကလာတယ္၊ဘယ္လိုေအာင္ျမင္မႈေတြရခဲ့

တယ္ဆိုတာအနည္းငယ္ေျပာတယ္။ေျပာခ်င္တာကေတာ့ဒီအုပ္စုကကြဲျပားတဲ့ေနရာ

ေတြဆီကေရာက္လာၾကတဲ့အုပ္စုျဖစ္တယ္။ႀကီးျပင္းပုံခ်င္းမတူဘူး။ဒါေပမဲ့အခု

တစုတစည္းတည္းရွိေနတယ္။ယူႏိုက္တက္ ျဖစ္ေနတယ္။အရမ္းေကာင္းတယ္။

စိတ္ဓာတ္လည္းတက္ႂကြရတယ္။ပြဲကေတာ့တကယ့္တိုက္ပြဲဘဲ။ကြၽန္ေတာ့္ျဖတ္တင္

ေဘာကေန ေရာ္နယ္ဒိုဂိုးသြင္းတယ္။ဖရန႔္လမ္းပတ္ကေခ်ပတယ္။ခ်ဲလ္ဆီးကလည္း

ကြၽန္ေတာ္တို႔လိုပဲတိုက္ဝင္စိတ္အျပည့္နဲ႔ဘဲ။ဘယ္သူမွအေလွ်ာ့မေပးဘူး။ပင္နယ္တီ

ကန္ခဲ့ရတယ္။အခ်ိန္ပိုၿပီးခါနီးမွာဆရာကကြၽန္ေတာ့္ကိုလူစားလဲလိုက္တယ္။ကြၽန္ေတာ္က

၁၄ႏွစ္သားကတည္းကပင္နယ္တီမကန္ခဲ့ေတာ့သူ႔အျမင္ကိုသိလိုက္ရတယ္။ဒါေပမဲ့

ဒါမ်ိဳးကနည္းျပတိုင္းအလုပ္မျဖစ္ပါဘူး။အဲဒီညမွာေတာ့အလုပ္ျဖစ္သြားတယ္။

အင္ဒါဆင္သြင္းၿပီးႏိုင္သြားတယ္”လို႔ေျပာၾကားသြားပါတယ္။
ဝက္စ္ဘေရာင္းဟာယူႏိုက္တက္သို႔ငယ္စဥ္ကတည္းကေရာက္လာခဲ့သူျဖစ္ၿပီ

းဆာအဲလက္စ္ဖာဂူဆန္ရဲ႕လက္ေအာက္မွာပရီးမီးယားလိဂ္ဖလား၅ႀကိမ္ႏွင့္

ခ်န္ပီယံလိဂ္တစ္ႀကိမ္ဆြတ္ခူးခဲ့ပါတယ္။
သူဟာ၂၀၀၈ခုႏွစ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ဗီဒစ္၊ဖာဒီနန္၊အီဗရာတို႔ႏွင့္အတူ

ယူႏိုက္တက္ခံစစ္တြင္ကစားခဲ့ပါတယ္။