
မီရှဲလ်အန်တိုနီယိုဟာဝက်စ်ဟမ်းအသင်းတွင်၂၀၂၅ခုနှစ်အထိရှိနေမယ့်
သုံးနှစ်ခွဲစာချုပ်သစ်အားချုပ်ဆိုလိုက်ပါတယ်။
အသက်၃၁နှစ်ရှိအန်တိုနီယိုဟာ၂၀၁၅ခုနှစ်တုန်းကနော်တင်ဟမ်ဖောရက်စ်မှ
ဝက်စ်ဟမ်းသို့ပြောင်းလာပြီးနောက်ဝက်စ်ဟမ်းအတွက်ပရီးမီးယားလိဂ်ပွဲ
၁၇၈ပွဲတွင်၅၄ဂိုးအထိသွင်းယူပေးထားသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းကသူဟာ၂၆ပွဲကစားကာ၁၀ဂိုးသွင်းယူပြီး
ဝက်စ်ဟမ်းကိုယူရိုပါလိဂ်ဝင်ခွင့်ရရှိအောင်ကူညီထားပါတယ်။
သူဟာယခုရာသီမှာလည်း ၁၉ပွဲကစားကာ၉ဂိုးသွင်းယူထားပြီး
ဥရောပဝင်ခွင့်အတွက်တိုက်ပွဲဝင်ပေးနေပါတယ်။
အန်တိုနီယိုဟာလွန်ခဲ့တဲ့၁၃လတုန်းကမှဝက်စ်ဟမ်းနှင့်စာချုပ်သစ်ချုပ်ဆိုပြီးနောက်
ထပ်မံစာချုပ်သစ်ချုပ်ဆိုမှုပြုလုပ်လာတာလည်းဖြစ်ပါတယ်။
ဝက်စ်ဟမ်းဟာဇန်နဝါရီအပြောင်းအရွှေ့တွင်ဥရောပဝင်ခွင့်တိုက်ပွဲအတွက်
ကစားသမားအားဖြည့်ရန်စီစဉ်နေပါတယ်။
၎င်းတို့ဟာအဲဗာတန်ဘယ်နောက်ခံလူဒီဂနီနှင့်ယူနိုက်တက်တိုက်စစ်သမား
လင်ဂတ်တို့ကိုခေါ်ယူရန်ပစ်မှတ်ထားနေပါတယ်။
zawgyi
ဝက်စ်ဟမ်းအသင်းတွင်၂၀၂၅ခုနှစ်အထိရှိနေမယ့် တိုက်စစ်မှူးအန်တိုနီယို