
အာစင်ဝင်းဂါးဟာသီယာရီဟင်နရီ၊ရော်ဘင်ဗန်ပါစီ၊ဖာဘရီဂက်စ်တို့ကို
ရောင်းချခဲ့ရမှုထက်နောင်တအရဆုံး အာဆင်နယ်ကစားသမားတစ်ဦးအား
ရောင်းချခဲ့ရမှုကိုဖွင့်ဟပြောကြားလာပါတယ်။
အသက်၇၂နှစ်ရှိပြင်သစ်လူမျိုးနည်းပြဟာအာဆင်နယ်ကိုကိုင်တွယ်တဲ့
၂၂နှစ်သက်တမ်းကာလအတွင်းတွင်ကစားသမားပေါင်း၃၈၉ဦးအထိ
ရောင်းချခဲ့သူလည်းဖြစ်ပါတယ်။၂၀၁၈ခုနှစ်တွင်အာဆင်နယ်နည်းပြရာထူးမှ
ထွက်ခွာခဲ့တဲ့ဝင်းဂါးဟာအာဆင်နယ်ကိုကိုင်တွယ်စဉ်ကာလအတွင်းတွင်
ထိပ်တန်းကစားသမားများစွန့်ခွာသွားမှု၊ငွေကြေးလိုအပ်ချက်ကြောင့်
ကစားသမားရောင်းချမှုများစွာတို့ပြုလုပ်ခဲ့ရသူလည်းဖြစ်ပါတယ်။
အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးသီယာရီဟင်နရီဟာ၂၀၀၇ခုနှစ်မှာ
ပြောင်းရွှေ့ကြေးပေါင်၁၆.၁သန်းဖြင့်ထွက်ခွာသွားခဲ့သလိုဗန်ပါစီမှာလည်း
၂၀၁၂ခုနှစ်တွင်ပေါင်၂၂.၅သန်းဖြင့်မန်ယူသို့ပြောင်းသွားခဲ့ပါတယ်။
အာဆင်နယ်မှထွက်ခွာသွားတဲ့နောက်ထပ်နာမည်ကြီးကစားသမားတစ်ဦးမှာ
ဖာဘရီဂက်စ်ဖြစ်ပြီး၂၀၁၁ခုနှစ်တုန်းကဘာစီလိုနာသို့ပေါင်၃၅သန်းဖြင့်ပြောင်းသွားခဲ့ပါတယ်။
ဒါပေမယ့်အာစင်ဝင်းဂါးကအာဆင်နယ်ကိုနီကိုလပ်စ်အနယ်ကာ
ထွက်ခွာသွားမှုအတွက်သာအရှက်ရမိကြောင်းပြောကြားလာပါတယ်။
ဝင်းဂါးက “ကျုပ်ရဲ့အကြီးမားဆုံးနောင်တနဲ့အကြီးမားဆုံးအရှက်ရမိမှုက
အနယ်ကာထွက်ခွာသွားတာပါ။သူဟာကလပ်၁၃ခုမှာမကစားဘဲဒီမှာဘဲ
စပါယ်ရှယ်တစ်ဦးဖြစ်လာနိုင်ပါတယ်”လို့ပြောကြားသွားပါတယ်။
လူငယ်လေးအနယ်ကာဟာ၁၉၉၇ခုနှစ်တုန်းကအသက်၁၇နှစ်အရွယ်မှာဘဲ
ပီအက်စ်ဂျီကနေပြောင်းရွှေ့ကြေးပေါင်၅သိန်းဖြင့်အာဆင်နယ်သို့ပြောင်းခဲ့သူဖြစ်ပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာအာဆင်နယ်နည်းပြအဖြစ်အာစင်ဝင်းဂါး
ခန့်အပ်လိုက်ပြီးနောက်ပထမဆုံးခေါ်ယူခြင်းခံရတဲ့ကစားသမားလည်းဖြစ်ပါတယ်။
သူဟာ၁၉၉၆-၉၇ဒုတိယရာသီဝက်တွင်ရောက်လာပြီးနောက်ပထမရာသီမှာ
ပရီးမီးယားလိဂ်ပွဲ၄ပွဲတည်းသာကစားခွင့်ရခဲ့ပါတယ်။ဒါပေမယ့်သူဟာ
ဒုတိယရာသီမှာတော့အီရန်ရိုက်ဒဏ်ရာကြောင့်ကာလရှည်အနားယူရမှုနဲ့အတူ
ပုံမှန်ကစားခွင့်ရရှိခဲ့ပါတယ်။သူဟာ၁၉၉၈-၉၉ရာသီမှာပရီးမီးယားလိဂ်ပွဲ၃၅ပွဲမှာ
၁၇ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး PFA အကောင်းဆုံးလူငယ်ကစားသမားဆုကိုပါ
ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါပေမယ့်၁၉၉၉ခုနှစ်နွေရာသီမှာတော့အနယ်ကာဟာ
ရီးရဲလ်မက်ဒရစ်သို့ပေါင်၂၂.၃သန်းဖြင့်ပြောင်းသွားခဲ့ပါတယ်။
အာဆင်နယ်ဟာအနယ်ကာကိုရောင်းချလို့ရတဲ့ငွေကြေးကိုအသုံးပြုပြီး
ဟင်နရီကိုခေါ်ယူကာမြေတောင်မြှောက်နိုင်ခဲ့ပါတယ်။အနယ်ကာဟာ
အာဆင်နယ်မှထွက်ခွာသွားပြီးနောက်ပီအက်စ်ဂျီတွင်ဒုတိယအကြိမ်မြောက်
ကစားမှုအပါအဝင်ကလပ်ပေါင်း၁၀ခုတွင်ကျင်လည်ခဲ့ပါတယ်။
သူဟာ၂၀၁၅ခုနှစ်မှာတော့အိန္ဒိယစူပါလိဂ်ကလပ်မွမ်ဘိုင်းစီးတီးမှာ
၂ရာသီကြာကစားပြီးနောက်ကစားသမားဘဝမှအနားယူခဲ့ပါတယ်။
zawgyi
ဝင္းဂါးက အာဆင္နယ္နည္းျပဘဝတြင္ သူ႔ေရာင္းခ်ခဲ့သမွ်ကစားသမားမ်ားထဲ ေနာင္တအရဆုံးကစားသမားကို ဖြင့္ဟ
အာစင္ဝင္းဂါးဟာသီယာရီဟင္နရီ၊ေရာ္ဘင္ဗန္ပါစီ၊ဖာဘရီဂက္စ္တို႔ကို
ေရာင္းခ်ခဲ့ရမႈထက္ေနာင္တအရဆုံး အာဆင္နယ္ကစားသမားတစ္ဦးအား
ေရာင္းခ်ခဲ့ရမႈကိုဖြင့္ဟေျပာၾကားလာပါတယ္။
အသက္၇၂ႏွစ္ရွိျပင္သစ္လူမ်ိဳးနည္းျပဟာအာဆင္နယ္ကိုကိုင္တြယ္တဲ့
၂၂ႏွစ္သက္တမ္းကာလအတြင္းတြင္ကစားသမားေပါင္း၃၈၉ဦးအထိ
ေရာင္းခ်ခဲ့သူလည္းျဖစ္ပါတယ္။၂၀၁၈ခုႏွစ္တြင္အာဆင္နယ္နည္းျပရာထူးမွ
ထြက္ခြာခဲ့တဲ့ဝင္းဂါးဟာအာဆင္နယ္ကိုကိုင္တြယ္စဥ္ကာလအတြင္းတြင္
ထိပ္တန္းကစားသမားမ်ားစြန႔္ခြာသြားမႈ၊ေငြေၾကးလိုအပ္ခ်က္ေၾကာင့္
ကစားသမားေရာင္းခ်မႈမ်ားစြာတို႔ျပဳလုပ္ခဲ့ရသူလည္းျဖစ္ပါတယ္။
အာဆင္နယ္ဂႏၴဝင္တိုက္စစ္မႉးသီယာရီဟင္နရီဟာ၂၀၀၇ခုႏွစ္မွာ
ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၆.၁သန္းျဖင့္ထြက္ခြာသြားခဲ့သလိုဗန္ပါစီမွာလည္
း၂၀၁၂ခုႏွစ္တြင္ေပါင္၂၂.၅သန္းျဖင့္မန္ယူသို႔ေျပာင္းသြားခဲ့ပါတယ္
။အာဆင္နယ္မွထြက္ခြာသြားတဲ့ေနာက္ထပ္နာမည္ႀကီးကစားသမားတစ္ဦးမွာ
ဖာဘရီဂက္စ္ျဖစ္ၿပီး၂၀၁၁ခုႏွစ္တုန္းကဘာစီလိုနာသို႔ေပါင္၃၅သန္းျဖင့္ေျပာင္းသြားခဲ့ပါတယ္။
ဒါေပမယ့္အာစင္ဝင္းဂါးကအာဆင္နယ္ကိုနီကိုလပ္စ္အနယ္ကာ
ထြက္ခြာသြားမႈအတြက္သာအရွက္ရမိေၾကာင္းေျပာၾကားလာပါတယ္။
ဝင္းဂါးက “က်ဳပ္ရဲ႕အႀကီးမားဆုံးေနာင္တနဲ႔အႀကီးမားဆုံးအရွက္ရမိမႈက
အနယ္ကာထြက္ခြာသြားတာပါ။သူဟာကလပ္၁၃ခုမွာမကစားဘဲဒီမွာဘဲ
စပါယ္ရွယ္တစ္ဦးျဖစ္လာႏိုင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။
လူငယ္ေလးအနယ္ကာဟာ၁၉၉၇ခုႏွစ္တုန္းကအသက္၁၇ႏွစ္အ႐ြယ္မွာဘဲ
ပီအက္စ္ဂ်ီကေနေျပာင္းေ႐ႊ႕ေၾကးေပါင္၅သိန္းျဖင့္အာဆင္နယ္သို႔ေျပာင္းခဲ့သူျဖစ္ပါတယ္။
ျပင္သစ္တိုက္စစ္မႉးဟာအာဆင္နယ္နည္းျပအျဖစ္အာစင္ဝင္းဂါး
ခန႔္အပ္လိုက္ၿပီးေနာက္ပထမဆုံးေခၚယူျခင္းခံရတဲ့ကစားသမားလည္းျဖစ္ပါတယ္။
သူဟာ၁၉၉၆-၉၇ဒုတိယရာသီဝက္တြင္ေရာက္လာၿပီးေနာက္ပထမရာသီမွာ
ပရီးမီးယားလိဂ္ပြဲ၄ပြဲတည္းသာကစားခြင့္ရခဲ့ပါတယ္။ဒါေပမယ့္သူဟာ
ဒုတိယရာသီမွာေတာ့အီရန္႐ိုက္ဒဏ္ရာေၾကာင့္ကာလရွည္အနားယူရမႈနဲ႔အတူ
ပုံမွန္ကစားခြင့္ရရွိခဲ့ပါတယ္။သူဟာ၁၉၉၈-၉၉ရာသီမွာပရီးမီးယားလိဂ္ပြဲ၃၅ပြဲမွာ
၁၇ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီး PFA အေကာင္းဆုံးလူငယ္ကစားသမားဆုကိုပါ
ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ဒါေပမယ့္၁၉၉၉ခုႏွစ္ေႏြရာသီမွာေတာ့အနယ္ကာဟာ
ရီးရဲလ္မက္ဒရစ္သို႔ေပါင္၂၂.၃သန္းျဖင့္ေျပာင္းသြားခဲ့ပါတယ္။
အာဆင္နယ္ဟာအနယ္ကာကိုေရာင္းခ်လို႔ရတဲ့ေငြေၾကးကိုအသုံးျပဳၿပီး
ဟင္နရီကိုေခၚယူကာေျမေတာင္ေျမႇာက္ႏိုင္ခဲ့ပါတယ္။အနယ္ကာဟာ
အာဆင္နယ္မွထြက္ခြာသြားၿပီးေနာက္ပီအက္စ္ဂ်ီတြင္ဒုတိယအႀကိမ္ေျမာက္
ကစားမႈအပါအဝင္ကလပ္ေပါင္း၁၀ခုတြင္က်င္လည္ခဲ့ပါတယ္။
သူဟာ၂၀၁၅ခုႏွစ္မွာေတာ့အိႏၵိယစူပါလိဂ္ကလပ္မြမ္ဘိုင္းစီးတီးမွ
ာ၂ရာသီၾကာကစားၿပီးေနာက္ကစားသမားဘဝမွအနားယူခဲ့ပါတယ္။