
စပါးစ်ဟာနည်းပြအန်တိုနီယိုကွန်တီရဲ့အစီအစဉ်ထဲတွင်မပါဝင်မှုနဲ့အတူ
အလယ်တန်းကစားသမားဒီလီအလီအားလာမယ့်ဇန်နဝါရီလတွင်
အသင်းပြောင်းခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။
စပါးစ်ဥက္ကဌလီဗိုင်းဟာဒီလီအလီရဲ့အခြေအနေကို
စိတ်ရှည်စာစောင့်ဆိုင်းနေခဲ့ပေမယ့်ယခုအခါသူ့အတွက်ကမ်းလှမ်းမှုများကို
လက်ခံစဉ်းစားရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။
ဒီလီအလီဟာကွန်တီရဲ့လက်အောက်တွင်၅၇မိနစ်တည်းသာ
ကစားခွင့်ရရှိထားသူဖြစ်ပြီးအီတလီလူမျိုးနည်းပြက သူ့ကိုအသင်းရဲ့
ကစားသမားတစ်ဦးအဖြစ်ပင်ထည့်သွင်းမစဉ်းစားထားကြောင်းသိရပါတယ်။
ဒါပေမဲ့ဒီလီအလီဟာအသင်းအတွင်းကိုဗစ်ကူးစက်မှုများရှိနေမှုနှင့်အတူ
ကြာသပတေးနေ့လက်စတာနှင့်ပွဲစဉ်တွင်ကစားခွင့်ရရှိလာနိုင်ဖို့ရှိနေပါတယ်။
စပါးစ်အသင်းတာဝန်ရှိသူများဟာဒီလီအလီဟာလက်ကျန်ပွဲစဉ်များတွင်
ကွန်တီရဲ့မျက်နှာလွဲမှုခံရရန်သေချာနေမှုနဲ့အတူ ရာသီကုန်တဲ့အထိ
မစောင့်ဆိုင်းတော့ဘဲဇန်နဝါရီအပြောင်းအရွှေ့တွင်ပင်ရောင်းချရန်
ဆုံးဖြတ်လိုက်ကြပြီဖြစ်ပါတယ်။တဖက်တွင်ဒီလီအလီကိုယ်တိုင်ကလည်း
ပုံမှန်ပွဲကစားခွင့်ရရှိမယ့်ကလပ်သစ်တစ်ခုသို့ပြောင်းရွှေ့လိုနေရာ
စပါးစ်ရဲ့ဆုံးဖြတ်ချက်ကိုကြိုဆိုနေပါတယ်။
စပါးစ်ဟာအလီကိုထွက်ခွာခွင့်ပေးလိုက်မှုကြောင့်တစ်နှစ်လုပ်ခပေါင်၅သန်း
ကုန်ကျစရိတ်သက်သာပါမယ်။ဒါ့အပြင်စပါးစ်ဟာဇန်နဝါရီတွင်
ဝယ်လက်ရှာမတွေ့ပါကလည်းရာသီအကုန်တွင်အပြီးသတ်
ဝယ်ယူမယ့်အချက်ဖြင့်လည်းအလီကိုအငှားချရန်အသင့်ရှိနေပါတယ်။
zawgyi
ဝယ္လက္ရွာမေတြ႕ပါက အငွားခ်ရန္အသင့္ရွိတဲ့ စပါးစ္
စပါးစ္ဟာနည္းျပအန္တိုနီယိုကြန္တီရဲ႕အစီအစဥ္ထဲတြင္မပါဝင္မႈနဲ႔အတူ
အလယ္တန္းကစားသမားဒီလီအလီအားလာမယ့္ဇန္နဝါရီလတြင္
အသင္းေျပာင္းခြင့္ျပဳလိုက္ၿပီျဖစ္ပါတယ္။
စပါးစ္ဥကၠဌလီဗိုင္းဟာဒီလီအလီရဲ႕အေျခအေနကို
စိတ္ရွည္စာေစာင့္ဆိုင္းေနခဲ့ေပမယ့္ယခုအခါသူ႔အတြက္ကမ္းလွမ္းမႈမ်ားကို
လက္ခံစဥ္းစားရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။
ဒီလီအလီဟာကြန္တီရဲ႕လက္ေအာက္တြင္၅၇မိနစ္တည္းသာ
ကစားခြင့္ရရွိထားသူျဖစ္ၿပီးအီတလီလူမ်ိဳးနည္းျပက သူ႔ကိုအသင္းရဲ႕
ကစားသမားတစ္ဦးအျဖစ္ပင္ထည့္သြင္းမစဥ္းစားထားေၾကာင္းသိရပါတယ္။
ဒါေပမဲ့ဒီလီအလီဟာအသင္းအတြင္းကိုဗစ္ကူးစက္မႈမ်ားရွိေနမႈႏွင့္အတူ
ၾကာသပေတးေန႔လက္စတာႏွင့္ပြဲစဥ္တြင္ကစားခြင့္ရရွိလာႏိုင္ဖို႔ရွိေနပါတယ္။
စပါးစ္အသင္းတာဝန္ရွိသူမ်ားဟာဒီလီအလီဟာလက္က်န္ပြဲစဥ္မ်ားတြင္
ကြန္တီရဲ႕မ်က္ႏွာလြဲမႈခံရရန္ေသခ်ာေနမႈနဲ႔အတူ ရာသီကုန္တဲ့အထိ
မေစာင့္ဆိုင္းေတာ့ဘဲဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ပင္ေရာင္းခ်ရန္
ဆုံးျဖတ္လိုက္ၾကၿပီျဖစ္ပါတယ္။တဖက္တြင္ဒီလီအလီကိုယ္တိုင္ကလည္း
ပုံမွန္ပြဲကစားခြင့္ရရွိမယ့္ကလပ္သစ္တစ္ခုသို႔ေျပာင္းေ႐ႊ႕လိုေနရာ
စပါးစ္ရဲ႕ဆုံးျဖတ္ခ်က္ကိုႀကိဳဆိုေနပါတယ္။
စပါးစ္ဟာအလီကိုထြက္ခြာခြင့္ေပးလိုက္မႈေၾကာင့္တစ္ႏွစ္လုပ္ခေပါင္၅သန္း
ကုန္က်စရိတ္သက္သာပါမယ္။ဒါ့အျပင္စပါးစ္ဟာဇန္နဝါရီတြင္
ဝယ္လက္ရွာမေတြ႕ပါကလည္းရာသီအကုန္တြင္အၿပီးသတ္
ဝယ္ယူမယ့္အခ်က္ျဖင့္လည္းအလီကိုအငွားခ်ရန္အသင့္ရွိေနပါတယ္။