ဝိန်းရူနီ နည်းပြဖြစ်လာပြီးနောက် ကစားသမားဘဝက မက်ဆီနဲ့ စီရော်နယ်ဒိုတို့ ချီးကျူးခဲ့တာတွေကို ပြန်ဖော်ပြ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရူနီတစ်ယောက် ဒါဘီအသင်းရဲ့နည်းပြသစ်ဖြစ်လာပြီး နည်းပြလိုင်းကိုလုံးဝကူး ပြောင်းလိုက်ပြီးနောက် လက်ရှိဘောလုံးလောကရဲ့ စူပါစတားနှစ်ယောက်ဖြစ်တဲ့ မက်ဆီနဲ့ စီရော်နယ်ဒို တို့က ရူနီရဲ့ ကစားသမားဘဝတုန်းက ချီးကျူးမှုပြုလုပ်ခဲ့တာတွေကို The Sun သတင်းစာကြီးက ပြန်လည်ဖော်ပြခဲ့ပါတယ်။

မန်ယူအတွက်သာမက အင်္ဂလန်အတွက်ပါ ဂိုးသွင်းစံချိန်တင်ထားတဲ့ ရူနီဟာ ဒါဘီ အသင်းရဲ့နည်းပြသစ်အဖြစ် ၂ နှစ်ခွဲစာချုပ်နဲ့ ခန့်အပ်ခံရပြီးနောက် ဘောလုံးသမားဘဝကနေလုံးဝအနားယူ လိုက်ပါတယ်။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ရူနီဟာ ၁၉ နှစ်ကြာမြင့်ခဲ့တဲ့ ကစားသမားဘဝကိုအဆုံးသတ်လိုက်ပြီး နည်းပြအလုပ်ကို ပိုမိုအာရုံစိုက်တော့မှာဖြစ်ပါတယ်။

သူဟာ မက်ဆီနဲ့ ကစားဖော်တွေမဖြစ်ခဲ့ဘူးပေမယ့် စီ ရော်နယ်ဒိုနဲ့တော့ မန်ယူမှာ ၅ နှစ်ကြာအတူတွဲကစားခဲ့ဘူးသူဖြစ်ပါတယ်။

ရူနီဟာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ ၅ ကြိမ်၊ ချန်ပီယံလိဂ်တစ်ကြိမ်၊ ယူရိုပါလိဂ်တစ်ကြိမ်၊ အက်ဖ်အေနဲ့ ကလပ်ကမ္ဘာ့ဖလားတစ်ကြိမ်စီအပါအဝင် မန်ယူနဲ့အတူ ဆုဖလားပေါင်း ၁၆ လုံးဆွတ်ခူခဲ့သူလည်းဖြစ်ပါတယ်။ ရူနီဟာ မန်ယူရောက်မှနာမည်ပိုကျော် ကြားလာတာမှန်ပေမယ့် အဲဗာတန်မှာရှိစဉ်ကတည်းက ခြေစွမ်းတောက်ပခဲ့သူပါ။

အခုလိုမျိုးနည်းပြလိုင်းကိုသူကူးပြောင်းခဲ့တဲ့အပေါ် ဘောလုံးလောက ကလူတွေကကြိုဆိုခဲ့ကြမှုနဲ့အတူ တကယ့် ဆရာကြီးတွေဖြစ်ပြီး နှစ်ဦးပေါင်း Ballons d’Or ဆု ၁၁ ကြိမ်ရယူခဲ့တဲ့ မက်ဆီနဲ့ စီရော်နယ်ဒို တို့က အရင်က ရူ နီနဲ့ပတ်သက်ပြီး ချီးကျူးခဲ့တာတွေကို အဲဒီသတင်းစာက အခုလိုဘဲပြန်လည်ဖော်ပြခဲ့ပါတယ်။

ရူနီနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဘွဲကို ၃ ကြိမ်ဆက်ဆွတ်ခူးခဲ့ဘူးတဲ့ စီရော်နယ်ဒိုက ၂၀၁၅ တုန်းကအခုလိုဘဲ ပြောခဲ့ဘူးပါတယ်။

သူက” ရူနီရဲ့ပါဝါက သူ့ရဲ့ခွန်အားနဲ့ စိတ်ဓါတ်ပြင်းထန်မှုပါဘဲ။ သူဟာဘယ်တော့မှ ရပ်တန့်တဲ့သူမဟုတ်ပါဘူး။ အမြဲတမ်းပြေးပြီး အသင်းကိုကူညီနေတာပါ။ သူဟာအသင်းအတွက် သိပ်ထူးခြားတဲ့သူဖြစ်ပြီး ဂိုးတွေလည်းသွင်း နိုင်ပါတယ်။ သူသွင်းတဲ့ထဲမှာ အရေးပါတဲ့ဂိုးတွေလည်းအများကြီးပါ။

သူဟာကျွန်တော့်အတွက် သိပ်အံအား သင့်စရာကောင်းတဲ့သူပါ။ သူဟာအင်္ဂလန်ရဲ့လူငယ်လည်းဖြစ်ပြီး အားလုံးကလည်းသူ့ကိုချစ်ကြပါတယ်။ ကျွန် တော်နဲ့ အသင်းဖော်တွေက သူ့ကိုခွေးဘီလူး လို့ခေါ်လေ့ရှိကြပါတယ်။

တစ်ခါတုန်းက ဘောလုံးဆုံးရှုံးချိန်မှာ သူအပြင်းအထန်လိုက်ဆယ်ပြီး ဂိုးကန်သွင်းနိုင်တာကိုလည်း ကျွန်တော်မှတ်မိနေပါသေးတယ်။ တကယ့်ကိုမယုံ နိုင်စရာ ကောင်းတဲ့သူပါ” လို့ပြောသွားပါတယ်။

မက်ဆီကတော့ ရူနီနဲ့ ၃ ကြိမ်ဆုံခဲ့ဘူးပြီး ၂၀၀၈ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့မှာ ဂိုးမရှိသရေကျခဲ့ ပွဲနဲ့ ၊ ၂၀၀၉ နဲ့ ၂၀၁၁ ဗိုလ်လုပွဲတွေမှာ ဘာစီလိုနာအနိုင်ရခဲ့တဲ့အကြိမ်တွေမှာတွေ့ခဲ့ဘူးပါတယ်။

အဲဒီကာလ နောက်ပိုင်းမှာ မက်ဆီက” ပြီးခဲ့တဲ့နှစ်တွေမှာ ကျွန်တော်ဟာအင်္ဂလန်အသင်းတွေနဲ့ ဥရောပအဆင့်မှာ ကြုံခဲ့ရ ဘူးပြီး ကစားသမားကောင်းအများကြီးနဲ့လည်း ရင်ဆိုင်ခဲ့ရဘူးပါတယ်။ ဒါပေမယ့် ရူနီကိုတော့ ကျွန်တော်အမြဲ တမ်းလေးစားတာပါ။

သူဟာအမြင့်ဆုံးအဆင့်မှာ နှစ်ပေါင်းများစွာ ကစားနိုင်ခဲ့သူဖြစ်ပြီး သူ့မျိုးဆက်မှာ သိပ် ထူးခြားတဲ့သူတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်” လို့ပြောခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဝိန္း႐ူနီ နည္းျပျဖစ္လာၿပီးေနာက္ ကစားသမားဘဝက မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ ခ်ီးက်ဴးခဲ့တာေတြကို ျပန္ေဖာ္ျပ

မန္ယူတိုက္စစ္မႉးေဟာင္း ဝိန္း႐ူနီတစ္ေယာက္ ဒါဘီအသင္းရဲ႕နည္းျပသစ္ျဖစ္လာၿပီး နည္းျပလိုင္းကိုလုံးဝကူး ေျပာင္းလိုက္ၿပီးေနာက္ လက္ရွိေဘာလုံးေလာကရဲ႕ စူပါစတားႏွစ္ေယာက္ျဖစ္တဲ့ မက္ဆီနဲ႔ စီေရာ္နယ္ဒို တို႔က ႐ူနီရဲ႕ ကစားသမားဘဝတုန္းက ခ်ီးက်ဴးမႈျပဳလုပ္ခဲ့တာေတြကို The Sun သတင္းစာႀကီးက ျပန္လည္ေဖာ္ျပခဲ့ပါတယ္။ မန္ယူအတြက္သာမက အဂၤလန္အတြက္ပါ ဂိုးသြင္းစံခ်ိန္တင္ထားတဲ့ ႐ူနီဟာ ဒါဘီ အသင္းရဲ႕နည္းျပသစ္အျဖစ္ ၂ ႏွစ္ခြဲစာခ်ဳပ္နဲ႔ ခန႔္အပ္ခံရၿပီးေနာက္ ေဘာလုံးသမားဘဝကေနလုံးဝအနားယူ လိုက္ပါတယ္။ အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ့ ႐ူနီဟာ ၁၉ ႏွစ္ၾကာျမင့္ခဲ့တဲ့ ကစားသမားဘဝကိုအဆုံးသတ္လိုက္ၿပီး နည္းျပအလုပ္ကို ပိုမိုအာ႐ုံစိုက္ေတာ့မွာျဖစ္ပါတယ္။ သူဟာ မက္ဆီနဲ႔ ကစားေဖာ္ေတြမျဖစ္ခဲ့ဘူးေပမယ့္ စီ ေရာ္နယ္ဒိုနဲ႔ေတာ့ မန္ယူမွာ ၅ ႏွစ္ၾကာအတူတြဲကစားခဲ့ဘူးသူျဖစ္ပါတယ္။

႐ူနီဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ ၅ ႀကိမ္၊ ခ်န္ပီယံလိဂ္တစ္ႀကိမ္၊ ယူ႐ိုပါလိဂ္တစ္ႀကိမ္၊ အက္ဖ္ေအနဲ႔ ကလပ္ကမာၻ႔ဖလားတစ္ႀကိမ္စီအပါအဝင္ မန္ယူနဲ႔အတူ ဆုဖလားေပါင္း ၁၆ လုံးဆြတ္ခူခဲ့သူလည္းျဖစ္ပါတယ္။ ႐ူနီဟာ မန္ယူေရာက္မွနာမည္ပိုေက်ာ္ ၾကားလာတာမွန္ေပမယ့္ အဲဗာတန္မွာရွိစဥ္ကတည္းက ေျခစြမ္းေတာက္ပခဲ့သူပါ။ အခုလိုမ်ိဳးနည္းျပလိုင္းကိုသူကူးေျပာင္းခဲ့တဲ့အေပၚ ေဘာလုံးေလာက ကလူေတြကႀကိဳဆိုခဲ့ၾကမႈနဲ႔အတူ တကယ့္ ဆရာႀကီးေတြျဖစ္ၿပီး ႏွစ္ဦးေပါင္း Ballons d’Or ဆု ၁၁ ႀကိမ္ရယူခဲ့တဲ့ မက္ဆီနဲ႔ စီေရာ္နယ္ဒို တို႔က အရင္က ႐ူ နီနဲ႔ပတ္သက္ၿပီး ခ်ီးက်ဴးခဲ့တာေတြကို အဲဒီသတင္းစာက အခုလိုဘဲျပန္လည္ေဖာ္ျပခဲ့ပါတယ္။ ႐ူနီနဲ႔အတူ ပရီးမီးယား လိဂ္ ခ်န္ပီယံဘြဲကို ၃ ႀကိမ္ဆက္ဆြတ္ခူးခဲ့ဘူးတဲ့ စီေရာ္နယ္ဒိုက ၂၀၁၅ တုန္းကအခုလိုဘဲ ေျပာခဲ့ဘူးပါတယ္။

သူက” ႐ူနီရဲ႕ပါဝါက သူ႔ရဲ႕ခြန္အားနဲ႔ စိတ္ဓါတ္ျပင္းထန္မႈပါဘဲ။ သူဟာဘယ္ေတာ့မွ ရပ္တန႔္တဲ့သူမဟုတ္ပါဘူး။ အၿမဲတမ္းေျပးၿပီး အသင္းကိုကူညီေနတာပါ။ သူဟာအသင္းအတြက္ သိပ္ထူးျခားတဲ့သူျဖစ္ၿပီး ဂိုးေတြလည္းသြင္း ႏိုင္ပါတယ္။ သူသြင္းတဲ့ထဲမွာ အေရးပါတဲ့ဂိုးေတြလည္းအမ်ားႀကီးပါ။ သူဟာကြၽန္ေတာ့္အတြက္ သိပ္အံအား သင့္စရာေကာင္းတဲ့သူပါ။ သူဟာအဂၤလန္ရဲ႕လူငယ္လည္းျဖစ္ၿပီး အားလုံးကလည္းသူ႔ကိုခ်စ္ၾကပါတယ္။ ကြၽန္ ေတာ္နဲ႔ အသင္းေဖာ္ေတြက သူ႔ကိုေခြးဘီလူး လို႔ေခၚေလ့ရွိၾကပါတယ္။ တစ္ခါတုန္းက ေဘာလုံးဆုံးရႈံးခ်ိန္မွာ သူအျပင္းအထန္လိုက္ဆယ္ၿပီး ဂိုးကန္သြင္းႏိုင္တာကိုလည္း ကြၽန္ေတာ္မွတ္မိေနပါေသးတယ္။ တကယ့္ကိုမယုံ ႏိုင္စရာ ေကာင္းတဲ့သူပါ” လို႔ေျပာသြားပါတယ္။

မက္ဆီကေတာ့ ႐ူနီနဲ႔ ၃ ႀကိမ္ဆုံခဲ့ဘူးၿပီး ၂၀၀၈ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပထမအေက်ာ့မွာ ဂိုးမရွိသေရက်ခဲ့ ပြဲနဲ႔ ၊ ၂၀၀၉ နဲ႔ ၂၀၁၁ ဗိုလ္လုပြဲေတြမွာ ဘာစီလိုနာအႏိုင္ရခဲ့တဲ့အႀကိမ္ေတြမွာေတြ႕ခဲ့ဘူးပါတယ္။ အဲဒီကာလ ေနာက္ပိုင္းမွာ မက္ဆီက” ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ကြၽန္ေတာ္ဟာအဂၤလန္အသင္းေတြနဲ႔ ဥေရာပအဆင့္မွာ ႀကဳံခဲ့ရ ဘူးၿပီး ကစားသမားေကာင္းအမ်ားႀကီးနဲ႔လည္း ရင္ဆိုင္ခဲ့ရဘူးပါတယ္။ ဒါေပမယ့္ ႐ူနီကိုေတာ့ ကြၽန္ေတာ္အၿမဲ တမ္းေလးစားတာပါ။ သူဟာအျမင့္ဆုံးအဆင့္မွာ ႏွစ္ေပါင္းမ်ားစြာ ကစားႏိုင္ခဲ့သူျဖစ္ၿပီး သူ႔မ်ိဳးဆက္မွာ သိပ္ ထူးျခားတဲ့သူေတြထဲက တစ္ဦးျဖစ္ခဲ့ပါတယ္” လို႔ေျပာခဲ့တာျဖစ္ပါတယ္။