ဝိန်းရွန်းနီရဲ့ ယူရို စံချိန် တစ်ခုကို ရိုက်ချိုးသွားခဲ့တဲ့ ပီဒရီ

ဘာစီလိုနာ နဲ့ စပိန် ကွင်းလယ်လူ ပီဒရီဟာ စပိန်အသင်း နဲ့ ခရိုအေးရှားအသင်းတို့ ကစားခဲ့တဲ့ ယူရို ရှုံးထွက် အဆင့် ပွဲစဉ်မှာ ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီးတဲ့နောက် ဝိန်းရွန်းနီရဲ့ ယူရို စံချိန် တစ်ခုကို ရိုက်ချိုးသွားလိုက်ပါတယ်။

ကွင်းလယ်လူ ပီဒရီဟာ စပိန်အသင်းရဲ့ ပွဲထွက် (၁၁) ယောက် စာရင်းမှာ ပါဝင်လာခဲ့တာကြောင့် ယူရို ပြိုင်ပွဲ သမိုင်း တစ်လျှောက် ပွဲထွက် (၁၁) ဦး စာရင်းမှာ ပါဝင်လာတဲ့ အသက်ငယ်ဆုံး ကစားသမား ဖြစ်သွားခဲ့ပါတယ်။

ကွင်းလယ်လူ ပီဒရီဟာ စပိန်အသင်း နဲ့ ခရိုအေးရှားအသင်းတို့ ကစားသွားခဲ့တဲ့ ယူရို (၁၆) သင်း ရှုံးထွက် ပွဲစဉ်ကို ပွဲထွက်ကစားခဲ့ပြီး စပိန်အသင်းရဲ့ ပွဲထွက် (၁၁) ဦး စာရင်းမှာ အသက် (၁၈) နှစ်၊ (၂၁၅) ရက်နဲ့ ပါဝင်ခဲ့ပါတယ်။

ဒါကြောင့်လည်း စပိန် ကွင်းလယ်လူ ပီဒရီဟာ ယူရို ပြိုင်ပွဲ သမိုင်း တစ်လျှောက် အသက် (၁၈) နှစ်၊ (၂၁၅) ရက်နဲ့ ပွဲထွက် (၁၁) ယောက် စာရင်းမှာ ပါဝင်နိုင်တဲ့ အသက်အငယ်ဆုံး ကစားသမား အဖြစ် စံချိန်တင်သွားခဲ့ပါတယ်။

 

အရင်က ယူရို ပြိုင်ပွဲ သမိုင်း တစ်လျှောက် ပွဲထွက် (၁၁) ဦး စာရင်းမှာ အသက်ငယ်ဆုံး ကစားသမား အဖြစ် ပါဝင်ခဲ့တာက ရွန်းနီ ဖြစ်ပြီး အသက် (၁၈) နှစ်၊ (၂၄၄) ရက်နဲ့ ပွဲထွက် (၁၁) ဦး စာရင်းမှာ ပါဝင်တဲ့ အသက်ငယ်ဆုံး ဖြစ်ခဲ့တာပါ။

ဒါပေမယ့် အခုတော့ ပီဒရီက အသက် (၁၈) နှစ် (၂၁၅) ရက်နဲ့ ပွဲထွက် (၁၁) ဦးမှာ ပါဝင်ခဲ့တာကြောင့် ရွန်းနီရဲ့ (၁၈) နှစ်၊ (၂၄၄) ရက်ကို ကျော်လွန်ပြီး ပွဲထွက် (၁၁) ဦး စာရင်းမှာ ပါဝင်တဲ့ အသက်ငယ်ဆုံး ဖြစ်သွားပါတယ်။

စပိန်အသင်းဟာ ယူရို (၁၆) သင်း ရှုံးထွက် အဆင့် ပွဲစဉ်မှာ ခရိုအေးရှားကို (၃-၅) နဲ့ အနိုင် ရရှိခဲ့ပြီး စပိန်အတွက် ဂိုးသွင်းခဲ့ကြတာက ဆာရာဘီယာ၊ အက်စ်ပီလီကျူတာ၊ ဖာရန်တောရက်စ်၊ မိုရာတာ နဲ့ အိုယာဇာဘယ်တို့ပါပဲ။

စပိန် ကွင်းလယ်လူ ပီဒရီကတော့ ခရိုအေးရှားနဲ့ ကစားခဲ့စဉ်က ယူရို ပွဲစဉ်ရဲ့ ပွဲထွက် (၁၁) ဦး စားရင်းမှာ အသက်ငယ်ဆုံးနဲ့ ပါဝင်တဲ့ ကစားသမား အဖြစ် စံချိန်တင်ခဲ့ပေမယ့် ပွဲချိန် (၂၀) မိနစ်မှာ ကံဆိုးစွာနဲ့ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ပါတယ်။

Zawgyi








