
မိုက်အက်ရှ်လေဟာနယူးကာဆယ်အသင်းကိုရောင်းချလိုက်ပြီးနောက်
အခြားအင်္ဂလိပ်ဘောလုံးကလပ်တစ်ခုကိုဝယ်ယူရန်စိတ်ဝင်စားနေကြောင်းသိရပါတယ်။
နယူးကာဆယ်အသင်းကို ၁၄နှစ်ကြာပိုင်ဆိုင်လာခဲ့တဲ့မိုက်အက်ရှ်လေဟာ
ကြာသပတေးနေ့တုန်းကအသင်းကိုဆော်ဒီအခြေစိုက် စီးပွားရေးရင်းနှီးမြှပ်နှံမှု
ကလပ်တစ်ခုထံပေါင်၃၀၅သန်းဖြင့်ရောင်းချခဲ့ပါတယ်။
Mirrior ရဲ့ဖော်ပြချက်အရအသက်၅၇နှစ်ရှိအက်ရှ်လေဟာလက်ရှိအချိန်တွင်
အစိုးရစီမံအုပ်ချုပ်အောက်သို့ဝင်ရောက်ထားတဲ့ချန်ပီယံရှစ်ကလပ်ဒါဘီ
ကောင်တီအသင်းကိုဝယ်ယူရန်စိတ်ဝင်စားနေကြောင်းသိရပါတယ်။
မိုက်အက်ရှ်လေရဲ့ Sports Direct ရုံးချုပ်က ဒါဘီကောင်တီအသင်းနဲ့
မိုင်၃၀အကွာအဝေးတွင်သာရှိရာတည်ရှိပါတယ်။ဒါ့အပြင်မိုက်အက်ရှ်လေဟာ
ဒါဘီကောင်တီအားဝယ်ယူရန်အများပိုင်ကုမ္ပဏီတစ်ခုအဖြစ်တည်ဆောက်ပြီး
ကလပ်ကိုအများပိုင်အသင်းအဖြစ်ရပ်တည်လိုနေကြောင်းလည်းသိရပါတယ်။
ဝိန်းရွန်းနီကိုင်တွယ်နေတဲ့ဒါဘီကောင်တီအသင်းဟာဘဏ္ဍာရေးပြဿနာများကြောင့်
အစိုးရစီမံအုပ်ချုပ်မှုအောက်သို့ဝင်ရောက်ထားပြီးအသင်းပိုင်ရှင်သစ်ရှာဖွေနေပါတယ်။
zawgyi
ဝိန်းရွန်းနီ ကိုင်တွယ်နေတဲ့ဒါဘီကောင်တီအသင်းကိုဝယ်ယူရန် မိုက်အက်ရှ်လေ စိတ်ဝင်စားနေ