ဝီဂါ လူမျိုးစုတွေအပေါ်ထောက်လှမ်းရာမှာ ကူညီခဲ့လို့ Huawei နဲ့လက်တွဲမှုကို ဂရစ်ဇ်မန်းဖြတ်တောက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းက ကမ္ဘာ့ဖလားရ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ တရုတ်အစိုးရက ဝီဂါမွတ်စလင် တွေအပေါ်ဖိနှိပ်နေတာကို နည်းပညာအရအကူအညီပေးခဲ့မှုအတွက် Huawei နဲ့စီးပွားရေးအရ စာချုပ် ချုပ်ဆိုထားမှုကိုအဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။

ဝီဂါ မျိုးနွယ်စုဟာ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာရှိတဲ့ ရှင်ကျန်းဒေသ မှာနေထိုင်သူတွေဖြစ်ပြီး တရုတ်အစိုးရရဲ့ဖိနှိပ်မှုကို ဆန့်ကျင်နေကြသူတွေ ဖြစ်ပါတယ်။ ဒါကိုနှိမ်နင်းရာမှာ Huawei ကုမ္ပဏီက နည်းပညာအရ အကူအညီပေးခဲ့ပြီး စုံစမ်းေ ထာက်လှမ်းမှုတွေလုပ်ပေးခဲ့လို့ လက်တွဲဖြုတ်လိုက်ရတာဖြစ်တယ်လို့ ဂရစ်ဇ်မန်းက ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်အခြေစိုက် စုံစမ်းထောက်လှမ်းမှု သုတေသနဌာနဖြစ်တဲ့ IPVM က Huawei ဟာဝီဂါလူမျိုးစုတွေကို ရဲတပ်ဖွဲ့ကအလွယ်တကူသိရှိပြီး အချိန်မရွေးဖမ်းဆီးနိုင်ဖို့အတွက် မျက်နှာဖတ်ကာမှတ်ထားနိုင်တဲ့ ဆော့ဖ်ဝဲ ကိုအသုံးပြုခဲ့တယ်လို့ အင်္ဂါနေ့ ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

တရုတ်အစိုးရက ကျောထောက်နောက်ခံပေးထားတယ်လို့ ယူဆရတဲ့ Huawei ဟာ ကမ္ဘာမှာ မိုဘိုင်းဖုန်းထုတ်လုပ်တဲ့ ထိပ်တန်း ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး မျက်နှာဖတ်တဲ့ဆော့ဖ်ဝဲ၊ မျက်ကြည်လွှာကိုမှတ်ထားနိုင်တဲ့ စကန်နာ၊ DNA စတဲ့ နည်းပညာရပ်တွေကို အကြမ်းဖက်မှုတားဆီးတယ်ဆိုတဲ့ အကြေင်းပြချက်နဲ့ ရှင်ကျန်းဒေသတွင်းမှာ ဖြန့်ချထားတာဖြစ်ပါတယ်။

ဒါတွေဟာ ရဲတပ်ဖွဲ့ကိုအထောက်အကူအများကြီးရစေတာပါ။ Huawei ကတော့ အခုစွပ်စွဲချက်ကို ငြင်းပယ်ထားပေမယ့် ဂရစ်ဇ်မန်းကတော့ Huawei အနေနဲ့ စွပ်စွဲချက်ကို ငြင်းပယ်ရုံနဲ့တင်မပြီးကြောင်း ၊ ဒီလိုဖိနှိပ်မှုတွေကို အမြန်ဆုံးရှုံ့ချဖို့လိုကြောင်း၊ အခုလိုလုပ်တာဟာ လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်ရာကျကြောင်း ဆိုခဲ့ပါတယ်။

တူရကီမျိုးနွယ်ကနေ ဆင်းသက်လာတဲ့ ဝီဂါ တွေကိုတရုတ်အစိုးရက ဖိနှိပ်မှုတွေ အကြီးအကျယ်လုပ်နေပြီး ဝီဂါမွတ်စလင် တစ်သန်းလောက်နီးပါးဟာ ထိန်သိမ်းရေးစခန်းတွေထဲမှာ နေထိုင်နေကြရတယ်ဆိုတဲ့ သတင်းထွက်ပေါ်ပြီးနောက် တရုတ်အစိုးရအပေါ်နိုင်ငံတကာက ဖိအားပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တရုတ်ဘက်ကတော့ ဒါကိုငြင်းပယ်ပြီး အလုပ်အကိုင်အခွင့်အလန်းတွေ ပိုမိုရရှိလာဖို့အတွက် အလုပ်နဲ့ပတ်သက်တဲ့ လေ့ကျင့်ပေးရာဌာနတွေဖြစ်တယ်လို့ ဆိုထားပါတယ်။

ဂရစ်ဇ်မန်းဟာ ၂၀၁၇ မှာ Huawei ရဲ့ brand ambassador ဖြစ်လာပြီး ပြင်သစ်နိုင်ငံတွင်းက Huawei ရဲ့ကြော်ငြာတွေမှာ ပါဝင်လေ့ရှိသူလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဝီဂါ လူမ်ိဳးစုေတြအေပၚေထာက္လွမ္းရာမွာ ကူညီခဲ့လို႔ Huawei နဲ႔လက္တြဲမႈကို ဂရစ္ဇ္မန္းျဖတ္ေတာက္

ဘာစီလိုနာအသင္းက ကမာၻ႔ဖလားရ ျပင္သစ္တိုက္စစ္မႉး ဂရစ္ဇ္မန္းဟာ တ႐ုတ္အစိုးရက ဝီဂါမြတ္စလင္ ေတြအေပၚဖိႏွိပ္ေနတာကို နည္းပညာအရအကူအညီေပးခဲ့မႈအတြက္ Huawei နဲ႔စီးပြားေရးအရ စာခ်ဳပ္ ခ်ဳပ္ဆိုထားမႈကိုအဆုံးသတ္လိုက္ၿပီျဖစ္ပါတယ္။

ဝီဂါ မ်ိဳးႏြယ္စုဟာ တ႐ုတ္ႏိုင္ငံအေနာက္ေျမာက္ပိုင္းမွာရွိတဲ့ ရွင္က်န္းေဒသ မွာေနထိုင္သူေတြျဖစ္ၿပီး တ႐ုတ္အစိုးရရဲ႕ဖိႏွိပ္မႈကို ဆန႔္က်င္ေနၾကသူေတြ ျဖစ္ပါတယ္။ ဒါကိုႏွိမ္နင္းရာမွာ Huawei ကုမၸဏီက နည္းပညာအရ အကူအညီေပးခဲ့ၿပီး စုံစမ္းေ ထာက္လွမ္းမႈေတြလုပ္ေပးခဲ့လို႔ လက္တြဲျဖဳတ္လိုက္ရတာျဖစ္တယ္လို႔ ဂရစ္ဇ္မန္းက ထုတ္ျပန္ခဲ့ပါတယ္။ အေမရိကန္အေျခစိုက္ စုံစမ္းေထာက္လွမ္းမႈ သုေတသနဌာနျဖစ္တဲ့ IPVM က Huawei ဟာဝီဂါလူမ်ိဳးစုေတြကို ရဲတပ္ဖြဲ႕ကအလြယ္တကူသိရွိၿပီး အခ်ိန္မေ႐ြးဖမ္းဆီးႏိုင္ဖို႔အတြက္ မ်က္ႏွာဖတ္ကာမွတ္ထားႏိုင္တဲ့ ေဆာ့ဖ္ဝဲ ကိုအသုံးျပဳခဲ့တယ္လို႔ အဂၤါေန႔ ကသတင္းထုတ္ျပန္ခဲ့ပါတယ္။

တ႐ုတ္အစိုးရက ေက်ာေထာက္ေနာက္ခံေပးထားတယ္လို႔ ယူဆရတဲ့ Huawei ဟာ ကမာၻမွာ မိုဘိုင္းဖုန္းထုတ္လုပ္တဲ့ ထိပ္တန္း ကုမၸဏီႀကီးတစ္ခုျဖစ္ၿပီး မ်က္ႏွာဖတ္တဲ့ေဆာ့ဖ္ဝဲ၊ မ်က္ၾကည္လႊာကိုမွတ္ထားႏိုင္တဲ့ စကန္နာ၊ DNA စတဲ့ နည္းပညာရပ္ေတြကို အၾကမ္းဖက္မႈတားဆီးတယ္ဆိုတဲ့ အေၾကင္းျပခ်က္နဲ႔ ရွင္က်န္းေဒသတြင္းမွာ ျဖန႔္ခ်ထားတာျဖစ္ပါတယ္။ ဒါေတြဟာ ရဲတပ္ဖြဲ႕ကိုအေထာက္အကူအမ်ားႀကီးရေစတာပါ။ Huawei ကေတာ့ အခုစြပ္စြဲခ်က္ကို ျငင္းပယ္ထားေပမယ့္ ဂရစ္ဇ္မန္းကေတာ့ Huawei အေနနဲ႔ စြပ္စြဲခ်က္ကို ျငင္းပယ္႐ုံနဲ႔တင္မၿပီးေၾကာင္း ၊ ဒီလိုဖိႏွိပ္မႈေတြကို အျမန္ဆုံးရႈံ႕ခ်ဖို႔လိုေၾကာင္း၊ အခုလိုလုပ္တာဟာ လူ႔အခြင့္အေရးကို အႀကီးအက်ယ္ ခ်ိဳးေဖာက္ရာက်ေၾကာင္း ဆိုခဲ့ပါတယ္။

တူရကီမ်ိဳးႏြယ္ကေန ဆင္းသက္လာတဲ့ ဝီဂါ ေတြကိုတ႐ုတ္အစိုးရက ဖိႏွိပ္မႈေတြ အႀကီးအက်ယ္လုပ္ေနၿပီး ဝီဂါမြတ္စလင္ တစ္သန္းေလာက္နီးပါးဟာ ထိန္သိမ္းေရးစခန္းေတြထဲမွာ ေနထိုင္ေနၾကရတယ္ဆိုတဲ့ သတင္းထြက္ေပၚၿပီးေနာက္ တ႐ုတ္အစိုးရအေပၚႏိုင္ငံတကာက ဖိအားေပးခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း တ႐ုတ္ဘက္ကေတာ့ ဒါကိုျငင္းပယ္ၿပီး အလုပ္အကိုင္အခြင့္အလန္းေတြ ပိုမိုရရွိလာဖို႔အတြက္ အလုပ္နဲ႔ပတ္သက္တဲ့ ေလ့က်င့္ေပးရာဌာနေတြျဖစ္တယ္လို႔ ဆိုထားပါတယ္။ ဂရစ္ဇ္မန္းဟာ ၂၀၁၇ မွာ Huawei ရဲ႕ brand ambassador ျဖစ္လာၿပီး ျပင္သစ္ႏိုင္ငံတြင္းက Huawei ရဲ႕ေၾကာ္ျငာေတြမွာ ပါဝင္ေလ့ရွိသူလည္းျဖစ္ပါတယ္။