ဝုဗ်နဲ့ပွဲက သူ့ရဲ့အနိုင်ဂိုးဟာ ကံကောင်းခဲ့တာလို့ ဝန်ခံလိုက်တဲ့ ရက်ရှ်ဖို့ဒ်

ဝုဗ်နဲ့ပွဲက သူ့ရဲ့နောက်ဆုံးမိနစ်အနိုင်ဂိုးဟာ ကံကောင်းပြီးရခဲ့တာဖြစ်ကြောင်း မန်ယူတိုက်စစ်မှုးရက်ရှ်ဖို့ဒ်က ဝန်ခံပြောကြားလိုက်ပါတယ်

ရက်ရှ်ဖို့ဒ်ရဲ့အဲဒီတစ်လုံးတည်းသောနောက်ကျအနိုင်ဂိုးကြောင့်လည်း မန်ယူဟာ အမှတ်ပေးဇယားမှာ ဒုတိယနေရာလက်လှမ်းလာပြီး ထိပ်ဆုံးက လီဗာပူးနဲ့ ၂ မှတ်သာကွာတော့တာပါ။

နာကျင်အချိန်ပို ၉၃ မိနစ်အရောက်မှာသွင်းယူခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့အဲဒီအနိုင်ဂိုးဟာ လူထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ကတော့ ပွဲပြီးခါနီးမှာ သူဟာ ဝုဗ်နောက်ခံလူနူရီကို ပစ်မှတ်ထားခဲ့ကြောင်း ဖွင့်ဟခဲ့ပေမယ့် ဆာအစ်နဲ့ထိပြီးဝင်သွားတဲ့ သူ့ရဲ့ဂိုးဟာလည်း ကံအနည်းငယ်ကောင်းခဲ့ကြောင်း ဆိုပါတယ်။

”အလှဆုံးဂိုးတော့ မဟုတ်ပေမယ့် ၃ မှတ်ပြည့်ယူနိုင်ခဲ့လို့ ရှေ့ဆက်နိုင်ခဲ့ပါတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ပေမယ့် အဆုံးသတ်မှာ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်”လို့ ၂၃ နှစ်အရွယ် ရက်ရှ်ဖို့ဒ်က ဆိုခဲ့တာပါ။

ဆက်လက်ပြီး ရက်ရှ်ဖို့ဒ်က”အဲဒီဂိုးမတိုင်ခင် မိနစ်အနည်းငယ်မှာ တစ်ဖက်အသင်းရဲ့အစွန်နောက်ခံလူဟာ နာသွားပုံရပါတယ်။ နောက်တစ်ကြိမ်ဘောလုံးရရင်တော့ သူ့ကိုအခွင့်ကောင်းယူမယ်လို့ တေးထားတာပါ။ ကံကောင်းချင်တော့ လူထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားပါတယ်”လို့ ပြောပါတယ်။

နောက်ဆုံးမှာ ဝုဗ်ကိုအနိုင်ရခဲ့ပေမယ့် သူ့ရဲ့အသင်းဟာ အင်္ဂါညပွဲမှာ အကောင်းဆုံးပုံစံမရှိခဲ့ကြောင်းလည်း ရက်ရှ်ဖို့ဒ်က ဝန်ခံခဲ့ပါတယ်။

ဒါ့အပြင် ရက်ရှ်ဖို့ဒ်က သူနဲ့သူ့ရဲ့အသင်းဖော်တွေဟာ အမှတ်ပေးဇယားကိုမကြည့်ဘဲ တစ်ပွဲချင်းစီကိုသာ အာရုံစိုက်ခဲ့ကြောင်းလည်း ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က ပရီးမီးယားလိဂ်ကို ဝုဗ် တန်းတက်လာပြီးနောက်ပိုင်း မန်ယူအနေနဲ့ နည်းပြဆန်တိုရဲ့အသင်းကို ပထမဆုံးအကြိမ်အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

Zawgyi

၀ုဗ္နဲ႔ပြဲက သူ႔ရဲ႕အႏိုင္ဂိုုးဟာ ကံေကာင္းခဲ့တာလုိ႔ ၀န္ခံလိုက္တဲ့ ရက္ရွ္ဖုိ႔ဒ္

၀ုဗ္နဲ႔ပြဲက သူ႔ရဲ႕ေနာက္ဆုံးမိနစ္အႏိုင္ဂိုးဟာ ကံေကာင္းၿပီးရခဲ့တာျဖစ္ေၾကာင္း မန္ယူတုိက္စစ္မႈးရက္ရွ္ဖို႔ဒ္က ၀န္ခံေျပာၾကားလိုက္ပါတယ္

ရက္ရွ္ဖို႔ဒ္ရဲ႕အဲဒီတစ္လုံးတည္းေသာေနာက္က်အႏိုင္ဂိုးေၾကာင့္လည္း မန္ယူဟာ အမွတ္ေပးဇယားမွာ ဒုတိယေနရာလက္လွမ္းလာၿပီး ထိပ္ဆုံးက လီဗာပူးနဲ႔ ၂ မွတ္သာကြာေတာ့တာပါ။

နာက်င္အခ်ိန္ပို ၉၃ မိနစ္အေရာက္မွာသြင္းယူခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ရဲ႕အဲဒီအႏိုင္ဂိုးဟာ လူထိၿပီး လမ္းေၾကာင္းေျပာင္း ဂိုး၀င္ခဲ့တာလည္း ျဖစ္ပါတယ္။

ရက္ရွ္ဖုိ႔ဒ္ကေတာ့ ပဲြၿပီးခါနီးမွာ သူဟာ ၀ုဗ္ေနာက္ခံလူႏူရီကို ပစ္မွတ္ထားခဲ့ေၾကာင္း ဖြင့္ဟခဲ့ေပမယ့္ ဆာအစ္နဲ႔ထိၿပီး၀င္သြားတဲ့ သူ႔ရဲ႕ဂိုးဟာလည္း ကံအနည္းငယ္ေကာင္းခဲ့ေၾကာင္း ဆိုပါတယ္။

”အလွဆုံးဂိုးေတာ့ မဟုတ္ေပမယ့္ ၃ မွတ္ျပည့္ယူႏိုင္ခဲ့လုိ႔ ေရွ႕ဆက္ႏိုင္ခဲ့ပါတယ္။ ေမွ်ာ္လင့္ထားတဲ့အတုိင္းပဲ ခက္ခဲတဲ့ပြဲတစ္ပြဲျဖစ္ေပမယ့္ အဆုံးသတ္မွာ ကၽြန္ေတာ္တို႔ လုပ္ႏိုင္ခဲ့ပါတယ္”လို႔ ၂၃ ႏွစ္အရြယ္ ရက္ရွ္ဖို႔ဒ္က ဆုိခဲ့တာပါ။

ဆက္လက္ၿပီး ရက္ရွ္ဖုိ႔ဒ္က”အဲဒီဂိုးမတိုင္ခင္ မိနစ္အနည္းငယ္မွာ တစ္ဖက္အသင္းရဲ႕အစြန္ေနာက္ခံလူဟာ နာသြားပုံရပါတယ္။ ေနာက္တစ္ႀကိမ္ေဘာလုံးရရင္ေတာ့ သူ႔ကိုအခြင့္ေကာင္းယူမယ္လို႔ ေတးထားတာပါ။ ကံေကာင္းခ်င္ေတာ့ လူထိၿပီး လမ္းေၾကာင္းေျပာင္း ဂိုး၀င္သြားပါတယ္”လို႔ ေျပာပါတယ္။

ေနာက္ဆုံးမွာ ၀ုဗ္ကိုအႏိုင္ရခဲ့ေပမယ့္ သူ႔ရဲ႕အသင္းဟာ အဂၤါညပြဲမွာ အေကာင္းဆုံးပုံစံမရွိခဲ့ေၾကာင္းလည္း ရက္ရွ္ဖုိ႔ဒ္က ၀န္ခံခဲ့ပါတယ္။

ဒါ့အျပင္ ရက္ရွ္ဖို႔ဒ္က သူနဲ႔သူ႔ရဲ႕အသင္းေဖာ္ေတြဟာ အမွတ္ေပးဇယားကိုမၾကည့္ဘဲ တစ္ပြဲခ်င္းစီကိုသာ အာရုံစိုက္ခဲ့ေၾကာင္းလည္း ဆိုပါတယ္။

လြန္ခဲ့တဲ့ ၂ ႏွစ္က ပရီးမီးယားလိဂ္ကို ၀ုဗ္ တန္းတက္လာၿပီးေနာက္ပိုင္း မန္ယူအေနနဲ႔ နည္းျပဆန္တိုရဲ႕အသင္းကို ပထမဆုံးအႀကိမ္အႏိုင္ရခဲ့တာလည္း ျဖစ္ပါတယ္။