ဝုဗ်နဲ့သရေပွဲမှာ ဒီရာသီဘောလုံးပေးပို့မှု စံချိန်တင်ခဲ့တဲ့ ချဲလ်ဆီး

သောမတ်စ်တူချယ်ရဲ့ချဲလ်ဆီးနည်းပြဘဝဟာ စံချိန်တင်ဘောလုံးပေးပို့စွမ်းဆောင်မှုနဲ့ စတင်နိုင်ခဲ့ပေမယ့် ဝုဗ်နဲ့ဂိုးမရှိသေရပွဲမှာ အခွင့်အရေးဖန်တီးမှုတော့ မည်မည်ရရ မရှိခဲ့ပါဘူး။

တူချယ်ရဲ့ပွဲဦးထွက်ဖြစ်တဲ့ အဲဒီပွဲမှာ ချဲလ်ဆီးဟာ ဘောလုံးနဲ့ပတ်သက်လို့ စိုးမိုးနိုင်ခဲ့ပြီး စုစုပေါင်း ၈၂၀ ကြိမ်နဲ့ ဘောလုံးပေးပို့မှု စံချိန်တင်ဖြစ်ခဲ့ကာ ဒီရာသီပရီးမီးယားလိဂ်ပွဲတစ်ပွဲမှာ အများဆုံးဖြစ်ခဲ့တာပါ။

ချဲလ်ဆီးဟာ အဲဒီပွဲရဲ့ပထမပိုင်းမှာဆိုရင် ဘောလုံးပေးပို့မှုစုစုပေါင်း ၄၃၃ ကြိမ်ရှိခဲ့ပြီး ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲတစ်ပွဲမှာ သူတို့အတွက် ပထမပိုင်းပေးပို့မှုအများဆုံးဖြစ်ခဲ့တာပါ။

တစ်နေ့ညက ကစားသွားတဲ့ ဝက်စ်ဘရွန်းနဲ့ပွဲမှာ မန်စီးတီးဟာ ဘောလုံးပေးပို့မှုစုစုပေါင်း အကြိမ် ၈၁၀ နဲ့ ဒီရာသီပရီးမီးယားလိဂ်ရဲ့စံချိန်တင်ဖြစ်ခဲ့သေးတာပါ။

ဒါပေမဲ့ မန်စီးတီးဟာ ချဲလ်ဆီးလိုမဟုတ်ဘဲ သူတို့ရဲ့ပြိုင်ဘက်ကို ၅ ဂိုးသွင်းနိုင်ခဲ့ပြီး အလွယ်တကူပဲ ၃ မှတ်ပြည့်ရရှိခဲ့တာပါ။

တူချယ်ဟာ ချဲလ်ဆီးနည်းပြဖြစ်လာပြီးကတည်းက လေ့ကျင့်ခန်းအစီအစဉ်တစ်ကြိမ်သာ ကိုင်တွယ်ရသေးပြီး ဝုဗ်နဲ့ပွဲက သူ့အသင်းမှာ အားနည်းချက်များများစားစားမတွေ့ရကြောင်း ဆိုသွားပါတယ်။

ဒါပေမဲ့ ဘောလုံးဝေဖန်သုံးသပ်သူတွေအဖြစ် လုပ်ကိုင်နေကြတဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ ရီယိုဖာဒီနန်နဲ့ ပီတာခရော့ချ်တို့ကတော့ ဘောလုံးပိုင်ဆိုင်မှုသာရုံနဲ့ ပွဲတွေကို အနိုင်မရနိုင်ကြောင်း သုံးသပ်ခဲ့ကြပါတယ်။

ချဲလ်ဆီးဟာ လာမယ့်တနင်္ဂနွေနေ့မှာ ဘန်လေနဲ့အိမ်ကွင်းကစားရဦးမှာဖြစ်ပြီး အဲဒါပြီးရင်တော့ နောက်တစ်ပတ်မှာ လန်ဒန်ပြိုင်ဘက်စပါးနဲ့ အဝေးကွင်းပွဲကျပ်ရင်ဆိုင်ရဖို့ ရှိပါတယ်။

Zawgyi

၀ုဗ္နဲ႔သေရပြဲမွာ ဒီရာသီေဘာလုံးေပးပုိ႔မႈ စံခ်ိန္တင္ခ့ဲတဲ့ ခ်ဲလ္ဆီး

ေသာမတ္စ္တူခ်ယ္ရဲ႕ခ်ဲလ္ဆီးနည္းျပဘ၀ဟာ စံခ်ိန္တင္ေဘာလုံးေပးပို႔စြမ္းေဆာင္မႈနဲ႔ စတင္ႏိုင္ခဲ့ေပမယ့္ ၀ုဗ္နဲ႔ဂိုးမရွိေသရပြဲမွာ အခြင့္အေရးဖန္တီးမႈေတာ့ မည္မည္ရရ မရွိခဲ့ပါဘူး။

တူခ်ယ္ရဲ႕ပြဲဦးထြက္္ျဖစ္တဲ့ အဲဒီပြဲမွာ ခ်ဲလ္ဆီးဟာ ေဘာလုံးနဲ႔ပတ္သက္လုိ႔ စိုးမုိးႏိုင္ခဲ့ၿပီး စုစုေပါင္း ၈၂၀ ႀကိမ္နဲ႔ ေဘာလုံးေပးပို႔မႈ စံခ်ိန္တင္ျဖစ္ခဲ့ကာ ဒီရာသီပရီးမီးယားလိဂ္ပြဲတစ္ပြဲမွာ အမ်ားဆုံးျဖစ္ခဲ့တာပါ။

ခ်ဲလ္ဆီးဟာ အဲဒီပြဲရဲ႕ပထမပိုင္းမွာဆုိရင္ ေဘာလုံးေပးပို႔မႈစုစုေပါင္း ၄၃၃ ႀကိမ္ရွိခဲ့ၿပီး ၂၀၀၃-၀၄ ရာသီေနာက္ပိုင္း ပရီးမီးယားလိဂ္ပြဲတစ္ပြဲမွာ သူတုိ႔အတြက္ ပထမပိုင္းေပးပို႔မႈအမ်ားဆုံးျဖစ္ခဲ့တာပါ။

တစ္ေန႔ညက ကစားသြားတဲ့ ၀က္စ္ဘရြန္းနဲ႔ပြဲမွာ မန္စီးတီးဟာ ေဘာလုံးေပးပို႔မႈစုစုေပါင္း အႀကိမ္ ၈၁၀ နဲ႔ ဒီရာသီပရီးမီးယားလိဂ္ရဲ႕စံခ်ိန္တင္ျဖစ္ခဲ့ေသးတာပါ။

ဒါေပမဲ့ မန္စီးတီးဟာ ခ်ဲလ္ဆီးလိုမဟုတ္ဘဲ သူတုိ႔ရဲ႕ၿပိဳင္ဘက္ကို ၅ ဂိုးသြင္းႏိုင္ခဲ့ၿပီး အလြယ္တကူပဲ ၃ မွတ္ျပည့္ရရွိခဲ့တာပါ။

တူခ်ယ္ဟာ ခ်ဲလ္ဆီးနည္းျပျဖစ္လာၿပီးကတည္းက ေလ့က်င့္ခန္းအစီအစဥ္တစ္ႀကိမ္သာ ကိုင္တြယ္ရေသးၿပီး ၀ုဗ္နဲ႔ပြဲက သူ႔အသင္းမွာ အားနည္းခ်က္မ်ားမ်ားစားစားမေတြ႕ရေၾကာင္း ဆိုသြားပါတယ္။

ဒါေပမဲ့ ေဘာလုံးေ၀ဖန္သုံးသပ္သူေတြအျဖစ္ လုပ္ကိုင္ေနၾကတဲ့ ပရီးမီးယားလိဂ္ၾကယ္ပြင့္ေဟာင္းေတြျဖစ္တဲ့ ရီယိုဖာဒီနန္နဲ႔ ပီတာခေရာ့ခ်္တို႔ကေတာ့ ေဘာလုံးပိုင္ဆိုင္မႈသာရုံနဲ႔ ပြဲေတြကို အႏိုင္မရႏိုင္ေၾကာင္း သုံးသပ္ခဲ့ၾကပါတယ္။

ခ်ဲလ္ဆီးဟာ လာမယ့္တနဂၤေႏြေန႔မွာ ဘန္ေလနဲ႔အိမ္ကြင္းကစားရဦးမွာျဖစ္ၿပီး အဲဒါၿပီးရင္ေတာ့ ေနာက္တစ္ပတ္မွာ လန္ဒန္ၿပိဳင္ဘက္စပါးနဲ႔ အေ၀းကြင္းပြဲက်ပ္ရင္ဆိုင္ရဖုိ႔ ရွိပါတယ္။