ဝေဖန်ပြောဆိုမှုနဲ့ဖိအားတွေအကြောင်း မက်ဂွားယားဘာပြောလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၅ အဖြစ်နယူးကာဆယ် အသင်းနဲ့ မနေ့တုန်းက ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ အဝေးကွင်းမှာ ကစားရပေမယ့် ယူနိုက်တက်ဟာ နယူးကာဆယ်ကို ၄ ဂိုး ၊ ၁ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

ပွဲစဉ် အစမှာတော့ ခရက်ဖ် ရဲ့ ကန်ချက်က ယူနိုက်တက် နောက်ခံလူ လုခ်ရှော နဲ့ ထိပြီး own goal ဖြစ်သွားခဲ့ရကာ၊ ယူနိုက်တက် အထိနာတော့မယ်လို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သရဲနီတွေရဲ့ ကြိုးစားမှုက အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။

အဲဒီပွဲမှာ ယူနိုက်တက်ကစားသမားတွေ စိတ်ဓါတ်မကျအောင် အသင်းခေါင်းဆောင် မက်ဂွားယားက စွမ်းဆောင်ပေးခဲ့တာပါ။

ပွဲချိန် 23 မိနစ်မှာ ထောင့်ကန်ဘော ကနေတစ်ဆင့် ဟွမ် မာတာ ကန်တင် ပေးလိုက်တဲ့ ဘောလုံးကို မက်ဂွားယားခေါင်းတိုက်ပြီး ဂိုး အဖြစ် ပြောင်းလဲနိုင်ခဲ့ ပါတယ်။ဒါကြောင့် ပထမပိုင်းမှာ တစ်ဖက်တစ်ဂိုးရလဒ်နဲ့ အားမလျော့ဘဲ သရဲနီတွေ ဆက်လက်ယှဉ်ပြိုင်နိုင်ခဲ့ကြပါတယ်။

အခုပွဲမှာ မက်ဂွားယားသွင်းလိုက်တဲ့ ဂိုးဟာ သူ့အတွက်တော့ အတော်ကို အဖိုးတန်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမှားတွေ၊ ဝေဖန်မှုတွေ၊ ဖိအားတွေကြောင့်မက်ဂွားယား အနားယူသင့်တယ်ဆိုပြီး ဝိုင်းပြောခံနေရတဲ့ ကြားကနေ သူ့မှာခြေစွမ်းကောင်းရှိသေးတယ်ဆိုတာကို ထုတ်ဖော်ပြသလိုက်လို့ပဲဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားက မက်ဂွားယားနဲ့ ပတ်သက်ပြီး အခုလိုပြောထားပါတယ်။”မက်ဂွားယားရဲ့ခြေစွမ်းက နယူးကာဆယ်နဲ့ ပွဲမှာကောင်းခဲ့ တယ်လို့ကျွန်တော်ယူဆပါတယ်။ သူ့ဆီမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက ခက်ခဲမှုတွေရှိခဲ့ပါတယ်။ အခုတော့ ကျွန်တော်သူ့အတွက်အရမ်းပဲပျော်မိပါတယ်။” ဆိုပြီး ဆိုးလ်ရှားကပြောဆိုထားပါတယ်။

မက်ဂွားယားကတော့ ဖိအားတွေ၊ အခက်အခဲတွေနဲ့ပတ်သက်ပြီး ပွဲအပြီးမှာ အခုလိုပြောဆိုထားပါတယ်။ “ကျွန်တော်တို့ လက်ရှိ ဘောလုံး ရာသီမှာ ကစားခဲ့တဲ့ ပွဲစဉ်က အရမ်းကို နည်းပါး နေခဲ့ပြီး ဝေဖန် ထိုးနှက် ခံရမှု တွေက အရမ်းကို ကြီးမား နေခဲ့ပါတယ်။ ဒီရာသီအစရဲ့သုံးပွဲရလဒ်ကြောင့် ကြီးမား တဲ့ဝေဖန်မှုကြီးတွေကိုရခဲ့ပါတယ်။ အခုဆို(2) ပွဲနိုင်၊(2) ပွဲရှုံးဖြစ်နေပါပြီ။ ရှေ့ဆက်ရမယ့်ပွဲတွေကအများကြီးကျန်ပါသေးတယ်။ဒါကြောင့် ကျွန်တော်တို့မှာတိုးတက်မှုတွေရှိနေရပါမယ်။”

“ဒီနှစ် ကျွန်တော်တို့ အိုးလ် ထရပ်ဖို့ဒ် မှာ ကစားခဲ့ ကြတဲ့ ပွဲစဉ် နှစ်ပွဲက စွမ်းဆောင်ရည် တွေဟာ ပရိသတ်တွေ အတွက်တော့ ဘယ်လိုမှ လက်ခံ နိုင်စရာ မရှိ ပါဘူး။ ခင်ဗျားတို့အနေနဲ့ အသင်းကြီးမှာကစားနေတဲ့အချိန်မှာအိမ်ကွင်းရှူံး ပွဲကြုံတွေ့ရင်တော့ ခင်ဗျားတို့ဆီမှာ မေးခွန်းတွေရှိလာပါလိမ့်မယ်။ဒါပေမယ့် လေ့ကျင့်ခန်းအစီအစဉ်မှာ ကျွန်တော်တို့အပြင်းအထန်လေ့ကျင့်ကြပါတယ်။ ကျွန်တော်တို့ရဲ့လူစာရင်းက ကောင်းပါတယ်။”

“အခုတော့ကျွန်တော်တို့(3) မှတ်ရလာပါပြီ။ ကျွန်တော်တို့ တွေဟာ ဝေဖန်ခံရမှု တွေကို ပြန်လည် တုန့်ပြန် နိုင်ဖို့ အကောင်းဆုံး အခွင့်အလမ်း ပိုင်ဆိုင် နိုင်ခဲ့ကြ ပါတယ်။ ဒါပေမယ့်ကျွန်တော်တို့ရှေ့ဆက်မယ့်ပွဲစဉ်တွေမှာခက်ခဲမှုတွေ ရှိလာဦးမှာပါ။ ကျွန်တော်တို့ ဆက်လက် တိုးတက် ကောင်းမွန်ဖို့ ကြိုးစား ရပါ ဦးမယ်။”ဆိုပြီး မက်ဂွားယားကပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဝဖန္ေျပာဆိုမႈနဲ႔ဖိအားေတြအေၾကာင္း မက္ဂြားယားဘာေျပာလဲ

ယူႏိုက္တက္ အသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၅ အျဖစ္နယူးကာဆယ္ အသင္းနဲ႔ မေန႔တုန္းက ယွဥ္ၿပိဳင္ကစားခဲ့ပါတယ္။ အေဝးကြင္းမွာ ကစားရေပမယ့္ ယူႏိုက္တက္ဟာ နယူးကာဆယ္ကို ၄ ဂိုး ၊ ၁ဂိုး ဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ယူႏိုင္ခဲ့ပါတယ္။ ပြဲစဥ္ အစမွာေတာ့ ခရက္ဖ္ ရဲ႕ ကန္ခ်က္က ယူႏိုက္တက္ ေနာက္ခံလူ လုခ္ေရွာ နဲ႔ ထိၿပီး own goal ျဖစ္သြားခဲ့ရကာ၊ ယူႏိုက္တက္ အထိနာေတာ့မယ္လို႔ ထင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ သရဲနီေတြရဲ႕ ႀကိဳးစားမႈက အႏိုင္ရလဒ္ကို ရယူႏိုင္ခဲ့ပါတယ္။

အဲဒီပြဲမွာ ယူႏိုက္တက္ကစားသမားေတြ စိတ္ဓါတ္မက်ေအာင္ အသင္းေခါင္းေဆာင္ မက္ဂြားယားက စြမ္းေဆာင္ေပးခဲ့တာပါ။ပြဲခ်ိန္ 23 မိနစ္မွာ ေထာင့္ကန္ေဘာ ကေနတစ္ဆင့္ ဟြမ္ မာတာ ကန္တင္ ေပးလိုက္တဲ့ ေဘာလုံးကို မက္ဂြားယားေခါင္းတိုက္ၿပီး ဂိုး အျဖစ္ ေျပာင္းလဲႏိုင္ခဲ့ ပါတယ္။ဒါေၾကာင့္ ပထမပိုင္းမွာ တစ္ဖက္တစ္ဂိုးရလဒ္နဲ႔ အားမေလ်ာ့ဘဲ သရဲနီေတြ ဆက္လက္ယွဥ္ၿပိဳင္ႏိုင္ခဲ့ၾကပါတယ္။

အခုပြဲမွာ မက္ဂြားယားသြင္းလိုက္တဲ့ ဂိုးဟာ သူ႔အတြက္ေတာ့ အေတာ္ကို အဖိုးတန္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အမွားေတြ၊ ေဝဖန္မႈေတြ၊ ဖိအားေတြေၾကာင့္မက္ဂြားယား အနားယူသင့္တယ္ဆိုၿပီး ဝိုင္းေျပာခံေနရတဲ့ ၾကားကေန သူ႔မွာေျခစြမ္းေကာင္းရွိေသးတယ္ဆိုတာကို ထုတ္ေဖာ္ျပသလိုက္လို႔ပဲျဖစ္ပါတယ္။ နည္းျပဆိုးလ္ရွားက မက္ဂြားယားနဲ႔ ပတ္သက္ၿပီး အခုလို​ေျပာထားပါတယ္။”မက္ဂြားယားရဲ႕ေျခစြမ္းက နယူးကာဆယ္နဲ႔ ပြဲမွာေကာင္းခဲ့ တယ္လို႔ကြၽန္ေတာ္ယူဆပါတယ္။ သူ႔ဆီမွာ ၿပီးခဲ့တဲ့ရက္ပိုင္း​ေတြတုန္းက ခက္ခဲမႈ​ေတြရွိခဲ့ပါတယ္။ အခု​ေတာ့ ကြၽန္ေတာ္သူ႔အတြက္အရမ္းပဲေပ်ာ္မိပါတယ္။” ဆိုၿပီး ဆိုးလ္ရွားက​ေျပာဆိုထားပါတယ္။

မက္ဂြားယားက​ေတာ့ ဖိအား​ေတြ၊ အခက္အခဲ​ေတြနဲ႔ပတ္သက္ၿပီး ပြဲအၿပီးမွာ အခုလို​ေျပာဆိုထားပါတယ္။ “ကြၽန္ေတာ္တို႔ လက္ရွိ ေဘာလုံး ရာသီမွာ ကစားခဲ့တဲ့ ပြဲစဥ္က အရမ္းကို နည္းပါး ေနခဲ့ၿပီး ေဝဖန္ ထိုးႏွက္ ခံရမႈ ေတြက အရမ္းကို ႀကီးမား ေနခဲ့ပါတယ္။ ဒီရာသီအစရဲ႕သုံးပြဲရလဒ္ေၾကာင့္ ႀကီးမား တဲ့ေဝဖန္မႈႀကီးေတြကိုရခဲ့ပါတယ္။ အခုဆို(2) ပြဲႏိုင္၊(2) ပြဲရႈံးျဖစ္​ေနပါၿပီ။ ေရွ႕ဆက္ရမယ့္ပြဲေတြကအမ်ားႀကီးက်န္ပါေသးတယ္။ဒါေၾကာင့္ ကြၽန္ေတာ္တို႔မွာတိုးတက္မႈေတြရွိေနရပါမယ္။”

“ဒီႏွစ္ ကြၽန္ေတာ္တို႔ အိုးလ္ ထရပ္ဖို႔ဒ္ မွာ ကစားခဲ့ ၾကတဲ့ ပြဲစဥ္ ႏွစ္ပြဲက စြမ္းေဆာင္ရည္ ေတြဟာ ပရိသတ္ေတြ အတြက္ေတာ့ ဘယ္လိုမွ လက္ခံ ႏိုင္စရာ မရွိ ပါဘူး။ ခင္ဗ်ားတို႔အ​ေနနဲ႔ အသင္းႀကီးမွာကစားေနတဲ့အခ်ိန္မွာအိမ္ကြင္းရႉံး ပြဲႀကဳံ​ေတြ႕ရင္ေတာ့ ခင္ဗ်ားတို႔ဆီမွာ ေမးခြန္းေတြရွိလာပါလိမ့္မယ္။ဒါ​ေပမယ့္ ေလ့က်င့္ခန္းအစီအစဥ္မွာ ကြၽန္ေတာ္တို႔အျပင္းအထန္ေလ့က်င့္ၾကပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕လူစာရင္းက ေကာင္းပါတယ္။”

“အခု​ေတာ့ကြၽန္ေတာ္တို႔(3) မွတ္ရလာပါၿပီ။ ကြၽန္ေတာ္တို႔ ေတြဟာ ေဝဖန္ခံရမႈ ေတြကို ျပန္လည္ တုန႔္ျပန္ ႏိုင္ဖို႔ အေကာင္းဆုံး အခြင့္အလမ္း ပိုင္ဆိုင္ ႏိုင္ခဲ့ၾက ပါတယ္။ ဒါ​ေပမယ့္ကြၽန္ေတာ္တို႔ေရွ႕ဆက္မယ့္ပြဲစဥ္ေတြမွာခက္ခဲမႈေတြ ရွိလာဦးမွာပါ။ ကြၽန္ေတာ္တို႔ ဆက္လက္ တိုးတက္ ေကာင္းမြန္ဖို႔ ႀကိဳးစား ရပါ ဦးမယ္။”ဆိုၿပီး မက္ဂြားယားက​ေျပာဆိုပါတယ္။