ဝေးလ်သာ ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်လျှင် ကစားသမားဘဝမှအနားယူရန် ဘေးလ်စဉ်းစားနေ

ဂါရတ်ဘေးလ်ဟာဝေးလ်လက်ရွေးစင်အသင်းမှာ

ကာတာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခြင်းမရှိလျှင် အသက်၃၂နှစ်အရွယ်တွင်ပင်

ကစားသမားဘဝမှအနားယူရန်စီစဉ်နေပါတယ်။

ဂါရတ်ဘေးလ်ဟာယခုရာသီအကုန်တွင်ရီးရဲလ်မက်ဒရစ်နှင့်

တစ်ပတ်လုပ်ခပေါင်၆၀၀၀၀၀တန်စာချုပ်မှာလည်းကုန်ဆုံးပါမယ်။

ရီးရဲလ်မက်ဒရစ်ကဂါရတ်ဘေးလ်ကိုစာချုပ်သစ်ချုပ်ဆိုရန်

အစီအစဉ်မရှိရာ နွေရာသီတွင်ကလပ်လက်မဲ့ဖြစ်လာပါမယ်။

အကယ်၍ဝေးလ်သာကာတာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပါကလည်း

ဂါရတ်ဘေးလ်ဟာကလပ်တစ်ခုနှင့်ကာလတိုစာချုပ်ချုပ်ဆိုပြီး

နိုင်ငံအတွက် ဆက်လက်ကစားသွားပါမယ်။

အကယ်၍ဝေးလ်အသင်းသာကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဖ်တွင်

ကျရှုံးပါကဂါရတ်ဘေးလ်မှာလည်းကစားသမားဘဝမှအနားယူဖို့ရှိပါတယ်။

ဝေးလ်ဟာကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဖ်ဆီမီးဖိုင်နယ်တွင်

ဩစတြီးယားနှင့်ရင်ဆိုင်ရမှာဖြစ်ပြီး ကျော်ဖြတ်နိုင်ပါက ဗိုလ်လုပွဲတွင်

စကော့တလန်(သို့မဟုတ်)ယူကရိန်းနှင့်ရင်ဆိုင်ရပါမယ်။

ခြေစစ်ပွဲအောင်မြင်ပါကဘေးလ်ဟာဝေးလ်နှင့်အတူ

ကမ္ဘာ့ဖလားပြိုင်ပွဲကစားရန်ကလပ်တစ်ခုသို့ပြောင်းပါမယ်။

ဒါပေမဲ့သူ့ကိုထိပ်တန်းကလပ်များကတော့ခေါ်ယူဖို့တော့မရှိတော့ပါဘူး။

သူဟာပြီးခဲ့တဲ့ရာသီတုန်းကစပါးစ်မှာအငှားဖြင့်ကစားစဉ်အတွင်း

၃၅ပွဲကစားခဲ့ရာမှာ၁၅ဂိုးသွင်းထားနိုင်ပါတယ်။

သူဟာယခုရာသီတွင်မက်ဒရစ်သို့ပြန်ရောက်လာပြီးနောက်

ဒဏ်ရာပြဿနာနှင့်ကိုဗစ်ပြဿနာတို့ကြောင့်သုံးပွဲတည်းသာကစားထားနိုင်ပါတယ်။

zawgyi

ေဝးလ္သာ ကာတာကမာၻ႔ဖလားေျခစစ္ပြဲမေအာင္လွ်င္ ကစားသမားဘဝမွအနားယူရန္ ေဘးလ္စဥ္းစားေန

ဂါရတ္ေဘးလ္ဟာေဝးလ္လက္ေ႐ြးစင္အသင္းမွာ

ကာတာ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ျခင္းမရွိလွ်င္ အသက္၃၂ႏွစ္အ႐ြယ္တြင္ပင္

ကစားသမားဘဝမွအနားယူရန္စီစဥ္ေနပါတယ္။

ဂါရတ္ေဘးလ္ဟာယခုရာသီအကုန္တြင္ရီးရဲလ္မက္ဒရစ္ႏွင့္

တစ္ပတ္လုပ္ခေပါင္၆၀၀၀၀၀တန္စာခ်ဳပ္မွာလည္းကုန္ဆုံးပါမယ္။

ရီးရဲလ္မက္ဒရစ္ကဂါရတ္ေဘးလ္ကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္

အစီအစဥ္မရွိရာ ေႏြရာသီတြင္ကလပ္လက္မဲ့ျဖစ္လာပါမယ္။

အကယ္၍ေဝးလ္သာကာတာကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ပါကလည္း

ဂါရတ္ေဘးလ္ဟာကလပ္တစ္ခုႏွင့္ကာလတိုစာခ်ဳပ္ခ်ဳပ္ဆိုၿပီး

ႏိုင္ငံအတြက္ ဆက္လက္ကစားသြားပါမယ္။

အကယ္၍ေဝးလ္အသင္းသာကမာၻ႔ဖလားေျခစစ္ပြဲပေလးေအာ့ဖ္တြင္

က်ရႈံးပါကဂါရတ္ေဘးလ္မွာလည္းကစားသမားဘဝမွအနားယူဖို႔ရွိပါတယ္။

ေဝးလ္ဟာကမာၻ႔ဖလားေျခစစ္ပြဲပေလးေအာ့ဖ္ဆီမီးဖိုင္နယ္တြင္

ဩစႀတီးယားႏွင့္ရင္ဆိုင္ရမွာျဖစ္ၿပီး ေက်ာ္ျဖတ္ႏိုင္ပါက ဗိုလ္လုပြဲတြင္

စေကာ့တလန္(သို႔မဟုတ္)ယူကရိန္းႏွင့္ရင္ဆိုင္ရပါမယ္။

ေျခစစ္ပြဲေအာင္ျမင္ပါကေဘးလ္ဟာေဝးလ္ႏွင့္အတူ

ကမာၻ႔ဖလားၿပိဳင္ပြဲကစားရန္ကလပ္တစ္ခုသို႔ေျပာင္းပါမယ္။

ဒါေပမဲ့သူ႔ကိုထိပ္တန္းကလပ္မ်ားကေတာ့ေခၚယူဖို႔ေတာ့မရွိေတာ့ပါဘူး။

သူဟာၿပီးခဲ့တဲ့ရာသီတုန္းကစပါးစ္မွာအငွားျဖင့္ကစားစဥ္အတြင္း

၃၅ပြဲကစားခဲ့ရာမွာ၁၅ဂိုးသြင္းထားႏိုင္ပါတယ္။

သူဟာယခုရာသီတြင္မက္ဒရစ္သို႔ျပန္ေရာက္လာၿပီးေနာက္

ဒဏ္ရာျပႆနာႏွင့္ကိုဗစ္ျပႆနာတို႔ေၾကာင့္သုံးပြဲတည္းသာကစားထားႏိုင္ပါတယ္။