သက်တမ်းရှည်ကစားသမားအဖြစ် ဖီးလ်ဂျုံးစ်နဲ့အတူရပ်တည်သွားမယ့် ဒီဂီယာ

မန်ချက်စတာယူနိုက်တက်ဂိုးသမားဒီဂီယာက အသင်းအတွက်ကစားရတာကို

ဂုဏ်ယူမိပြီး နောက်ထပ်နှစ်တွေအများကြီး ဆက်ကစားသွားနိုင်ဖို့

မျှော်လင့်တယ်လို့ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက အမှားအယွင်းတချို့ကြောင့် နံပါတ်(၁)ဂိုးသမားနေရာကို

ဟန်ဒါဆင်နဲ့အပြိုင်လုခဲ့ရတဲ့ ဒီဂီယာဟာ ဒီရာသီမှာတော့

အရင်လို မယုံနိုင်လောက်တဲ့လက်စွမ်းတွေပြသနေပြီး သူ့ရဲ့အစွမ်းပြကာကွယ်မှုတွေကြောင့်သာ

ယူနိုက်တက်အသင်း အခုလိုအဆင့်မျိုးမှာ ရပ်တည်နိုင်နေတာဖြစ်ပါတယ်။

ယူနိုက်တက်ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ကိုယ်တိုင်ခေါ်ယူခဲ့တဲ့ ဒီဂီယာဟာ

အခုဆိုရင် ယူနိုက်တက်အသင်းမှာကစားတာ ဆယ်စုနှစ်တစ်ခုအထိရှိသွားပြီဖြစ်ပြီး

အသင်းရဲ့သက်တမ်းရှည်ကစားသမားအဖြစ် ဖီးလ်ဂျုံးစ်နဲ့အတူရပ်တည်နေပါတယ်။

အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ ဒီဂီယာက “ယူနိုက်တက်အသင်းမှာ ကစားလာတာ

နှစ်တွေတော်တော်ကြာပြီဖြစ်ပေမယ့်နောက်ထပ်နှစ်တွေအကြာကြီး ဆက်ကစားဖို့၊

နောက်ထပ်ဆုဖလားတွေရယူနိုင်ဖို့ မျှော်လင့်နေဆဲပါပဲ။

အသင်းအတွက် ကျွန်တော် စွမ်းဆောင်ပေးခဲ့တာတွေ၊ ယူနိုက်တက်လိုအသင်းမျိုးမှာ

ကစားရတာတွေက တကယ်ဂုဏ်ယူစရာကောင်းပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

သက္တမ္းရွည္ကစားသမားအျဖစ္ ဖီးလ္ဂ်ဳံးစ္နဲ႔အတူရပ္တည္သြားမယ့္ ဒီဂီယာ

မန္ခ်က္စတာယူႏိုက္တက္ဂိုးသမားဒီဂီယာက အသင္းအတြက္ကစားရတာကို

ဂုဏ္ယူမိၿပီး ေနာက္ထပ္ႏွစ္ေတြအမ်ားႀကီး ဆက္ကစားသြားႏိုင္ဖို႔

ေမွ်ာ္လင့္တယ္လို႔ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီက အမွားအယြင္းတခ်ိဳ႕ေၾကာင့္ နံပါတ္(၁)ဂိုးသမားေနရာကို

ဟန္ဒါဆင္နဲ႔အၿပိဳင္လုခဲ့ရတဲ့ ဒီဂီယာဟာ ဒီရာသီမွာေတာ့

အရင္လို မယုံႏိုင္ေလာက္တဲ့လက္စြမ္းေတြျပသေနၿပီး သူ႔ရဲ႕အစြမ္းျပကာကြယ္မႈေတြေၾကာင့္သာ

ယူႏိုက္တက္အသင္း အခုလိုအဆင့္မ်ိဳးမွာ ရပ္တည္ႏိုင္ေနတာျဖစ္ပါတယ္။

ယူႏိုက္တက္ဂႏၴဝင္နည္းျပႀကီး ဖာဂူဆန္ကိုယ္တိုင္ေခၚယူခဲ့တဲ့ ဒီဂီယာဟာ

အခုဆိုရင္ ယူႏိုက္တက္အသင္းမွာကစားတာ ဆယ္စုႏွစ္တစ္ခုအထိရွိသြားၿပီျဖစ္ၿပီး

အသင္းရဲ႕သက္တမ္းရွည္ကစားသမားအျဖစ္ ဖီးလ္ဂ်ဳံးစ္နဲ႔အတူရပ္တည္ေနပါတယ္။

အသက္(၃၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဒီဂီယာက “ယူႏိုက္တက္အသင္းမွာ ကစားလာတာ

ႏွစ္ေတြေတာ္ေတာ္ၾကာၿပီျဖစ္ေပမယ့္ေနာက္ထပ္ႏွစ္ေတြအၾကာႀကီး ဆက္ကစားဖို႔၊

ေနာက္ထပ္ဆုဖလားေတြရယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနဆဲပါပဲ။

အသင္းအတြက္ ကြၽန္ေတာ္ စြမ္းေဆာင္ေပးခဲ့တာေတြ၊ ယူႏိုက္တက္လိုအသင္းမ်ိဳးမွ

ာကစားရတာေတြက တကယ္ဂုဏ္ယူစရာေကာင္းပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။