သတင်းတုတွေကြောင့်လှည့်စားမခံပါနဲ့လို့ ဆိုလာတဲ့ ဖရက်

မန်ချက်စတာယူနိုက်တက်ကစားသမားများဟာရေးဖ်ရန်းနစ်ခ်ရဲ့

စီမံခန့်ခွဲမှုများ၊နည်းဗျူဟာများအပေါ်တွင်မပျော်မရွှင်ဖြစ်နေကြောင်း

သတင်းထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ယင်းသတင်းတွင်ပါဝင်တဲ့ယူနိုက်တက်ကစားသမားဟာ

အထက်ပါသတင်းနဲ့ပတ်သက်ပြီးလူသိရှင်ကြားရှင်းလာပြီဖြစ်ပါတယ်။

ရေးဖ်ရန်းနစ်ခ်ဟာတနင်္လာနေ့တုန်းကအိုးထရက်ဖို့ဒ်တွင်ဝုဗ်ကို

၁-ဝဂိုးဖြင့်ရှုံးနိမ့်ကာပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။

ယင်းပွဲအပြီးတွင်ယူနိုက်တက်ကစားသမား၁၇ဦးတို့ဟာ

ရန်းနစ်ခ်ရဲ့စနစ်များကြောင့်မပျော်မရွှင်ဖြစ်နေပြီးထွက်ခွာလိုနေကြောင်း

မီဒီယာများကဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ဘရာဇီးကွင်းလယ်ကစားသမားဖရက်က

“ပြီးခဲ့တဲ့ရက်တွေမှာ ကျွန်တော့်အပါအဝင်ယူနိုက်တက်အားကစားသမားတွေ

အမည်တွေပါဝင်တဲ့ သတင်းတုတွေအများကြီးထွက်ပေါ်ခဲ့ပါတယ်။

အငြင်းပွားစရာကိစ္စကိုလူသိရှင်ကြားမရှင်းဖူးပါဘူး။

ဒါပေမဲ့ဒီတစ်ကြိမ်မှာတော့ရှင်းရပါမယ်။

ဒီမှာပျော်တယ်ဆိုတာပဲပြောချင်တယ်။

ဘာမကျေနပ်စရာအချက်မှလည်းမရှိပါဘူး။

ကလပ်ကထွက်ခွာစရာလည်းမရှိပါဘူး။

သတင်းတုတွေကြောင့်လှည့်စားမခံပါနဲ့။

ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေအတွက်ကြီးမားတဲ့ပေးဆပ်မှုနဲ့ဆက်ပြီး

အလုပ်လုပ်သွားပါမယ်”လို့ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာလာမယ့်တနင်္လာနေ့မှာ

အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်အဖြစ်ဗီလာနှင့်ရင်ဆိုင်ရပါမယ်။

zawgyi























