သတိ-မန်စီးတီးကိုမေ့လို့မဖြစ်၊ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိနေတယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းအနေနဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ဖို့ဖိအားတွေအောက်ရောက်ရှိနေတာဟာ ပျော်ရွှင်စရာကောင်းတယ်လို့ နည်းပြဂွါဒီယိုလာကထုတ်ဖော်ပြောဆိုထားပါတယ်။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်အဖြစ် ကစားရမယ့်ဘရိုက်တန်နဲ့ပွဲစဉ်ကိုအနိုင်ရခဲ့ပါက အမှတ်ပေးဇယားထိပ်မှာရှိတဲ့  ယူနိုက်တက်၊ လီဗာပူးအသင်းတို့နဲ့ အမှတ်ကွာဟမှုကျဉ်းမြောင်းလာမှာဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ ဘရိုက်တန် အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၆)ပွဲလုံး အနိုင်ရခဲ့ပြီး ဂိုး(၂၀)သွင်းယူကာ (၂)ဂိုးသာ ခွင့်ပြုခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် ခုချိန်မှာ ယူနိုက်တက်၊ လီဗာပူးတို့ကိုပဲ အာရုံစိုက်ထားပြီး မန်စီးတီးကို လွှတ်ထားလို့မရပါဘူး။ မန်စီးတီးအသင်းဟာ ရာသီအစပိုင်းတုန်းက ရုန်းကန်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ အကောင်းဆုံးခြေစွမ်းတွေပြန်ရနေပါတယ်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက “ရာသီအစတုန်းကအသင်းကစားပုံမကောင်းခဲ့ဘူး။ ဒါကြောင့်လည်း တချို့ ဘောလုံးပွဲဝေဖန်သုံးသပ်သူတွေကကျွန်တော်တို့အသင်းကို ဆုဖလား မရနိုင်တော့ ဘူးလို့သုံးသပ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ကတည်းက ကျွန်တော်ကအသင်းသားတွေကို တည်တည်ငြိမ်ငြိမ်နဲ့ကစားဖို့ အမြဲပြောခဲ့ပါတယ်။”

“ဘောလုံးပြိုင်ပွဲမှာကအခြေအနေတွေဟာပြောင်းလဲနေတဲ့အတွက်စိတ်လှုပ်ရှားမှုမရှိဘဲကစားရမယ့်ပွဲစဉ်တစ်ပွဲချင်းကိုသာအာရုံစိုက်ဖို့သတိပေးခဲ့ပါတယ်။ကျွန်တော်တို့ အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုစိန်ခေါ်နိုင်မယ့်အသင်းဖြစ်လာနိုင်တဲ့ အနေအထားရှိပါတယ်”

“ခြေစွမ်းပိုင်းတိုးတက်ဖို့ ကျွန်တော်တို့ လျှော့ပြေးတာတော့ ရှိပါတယ်။ ကျွန်တော်တို့ဟာ ရာသီအစမှာ မလိုအပ်ဘဲ ပြေးလွှားမှုတွေ များခဲ့ပါတယ်။ တစ်ခါတလေမှာ အဲဒီလောက်ပြေးဖို့ မလိုပါဘူး။ ခြေထောက်ထဲဘောလုံးမရှိရင်တော့ ပြေးသင့်ပြေးရမှာပေါ့။ဘောလုံးကိုင်ပြီး လှုပ်ရှားတာကလည်း အရေးပါပါတယ်”ဆိုပြီး ပြောပါတယ်။

မန်စီးတီးအသင်းဟာ ရာသီအစတွင် ရှေ့တန်းမှာ ဂိုးရရန် ရုန်းကန်ခဲ့ရပေမယ့် ဝက်စ်ဘရွမ်းနှင့် ၁ဂိုး -၁ ဂိုးသရေကျတဲ့ ပွဲနောက်ပိုင်းတွင် အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ပါတယ်။ နောက်ဆုံး ၆ ပွဲတွင် ၁၅ ဂိုး သွင်းနိုင်ခဲ့ပါတယ်။

တစ်ဖက်မှာတော့ ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ FA ဖလား စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့်ပွဲစဉ်များ အစီအစဉ် ချရာမှာတော့မန်စီးတီးအသင်းဟာ တတိယအဆင့် တွင် League Two ကလပ်ဖြစ်တဲ့ ချယ်လ်တင်ဟမ်အသင်းနှင့် တွေ့ဆုံနေပြီး ကျော်ဖြတ်နိုင်ခဲ့လျှင်လည်း ဆွမ်ဆီး-နော်တင်ဟမ်ပွဲမှ အနိုင်ရသည့်အသင်းနှင့် ထပ်မံတွေ့ဆုံရမှာ ဖြစ်တာကြောင့် ချန်ပီယံရေပန်းစားမှု ပိုမို မြင့်တက်နေပါတယ်။

Zawgyi

မန္စီးတီးအသင္းအေနနဲ႔ပရီးမီးယားလိဂ္ခ်န္ပီယံဆုရယူႏိုင္ဖို႔ဖိအားေတြေအာက္ေရာက္ရွိေနတာ ဟာေပ်ာ္႐ႊင္စရာေကာင္းတယ္လို႔နည္းျပဂြါဒီယိုလာကထုတ္ေဖာ္ေျပာဆိုထားပါတယ္။မန္စီးတီးအသင္းဟာပရီးမီးယားလိဂ္လက္က်န္ပြဲစဥ္အျဖစ္ကစားရမယ့္ဘ႐ိုက္တန္နဲ႔ပြဲစဥ္ကိုအႏိုင္ရခဲ့ပါကအမွတ္ေပးဇယားထိပ္မွာရွိတဲ့ ယူႏိုက္တက္၊လီဗာပူးအသင္းတို႔နဲ႔အမွတ္ကြာဟမႈက်ဥ္းေျမာင္းလာမွာျဖစ္ပါတယ္။မန္စီးတီး အသင္းဟာ ဘ႐ိုက္တန္ အသင္းနဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (၆)ပြဲလုံး အႏိုင္ရခဲ့ၿပီး ဂိုး(၂၀)သြင္းယူကာ (၂)ဂိုးသာ ခြင့္ျပဳခဲ့ရတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ခုခ်ိန္မွာ ယူႏိုက္တက္၊ လီဗာပူးတို႔ကိုပဲ အာ႐ုံစိုက္ထားၿပီး မန္စီးတီးကို လႊတ္ထားလို႔မရပါဘူး။ မန္စီးတီးအသင္းဟာရာသီအစပိုင္းတုန္းက ႐ုန္းကန္ခဲ့ရေပမယ့္လက္ရွိအခ်ိန္မွာေတာ့အေကာင္းဆုံးေျခစြမ္းေတြျပန္ရေနပါတယ္။

မန္စီးတီးအသင္းနည္းျပဂြါဒီယိုလာက“ရာသီအစတုန္းကအသင္းကစားပုံမေကာင္းခဲ့ဘူး။ ဒါေၾကာင့္လည္းတခ်ိဳ႕ ေဘာလုံးပြဲေဝဖန္သုံးသပ္သူေတြကကြၽန္ေတာ္တို႔အသင္းကို ဆုဖလား မရႏိုင္ေတာ့ ဘူးလို႔သုံးသပ္ခဲ့ၾကပါတယ္။အဲဒီအခ်ိန္မွာ ကတည္းက ကြၽန္ေတာ္ကအသင္းသားေတြကိုတည္တည္ၿငိမ္ၿငိမ္နဲ႔ကစားဖို႔ အၿမဲေျပာခဲ့ပါတယ္။” “ေဘာလုံးၿပိဳင္ပြဲမွာကအေျခအေနေတြဟာေျပာင္းလဲေနတဲ့အတြက္စိတ္လႈပ္ရွားမႈမရွိဘဲကစားရမယ့္ပြဲစဥ္တစ္ပြဲခ်င္းကိုသာအာ႐ုံစိုက္ဖို႔သတိေပးခဲ့ပါတယ္။ကြၽန္ေတာ္တို႔ အေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကိုစိန္ေခၚႏိုင္မယ့္အသင္းျဖစ္လာႏိုင္တဲ့ အေနအထားရွိပါတယ္” “ေျခစြမ္းပိုင္းတိုးတက္ဖို႔ ကြၽန္ေတာ္တို႔ ေလွ်ာ့ေျပးတာေတာ့ ရွိပါတယ္။ ကြၽန္ေတာ္တို႔ဟာ ရာသီအစမွာ မလိုအပ္ဘဲ ေျပးလႊားမႈေတြ မ်ားခဲ့ပါတယ္။ တစ္ခါတေလမွာ အဲဒီေလာက္ေျပးဖို႔ မလိုပါဘူး။ ေျခေထာက္ထဲေဘာလုံးမရွိရင္ေတာ့ ေျပးသင့္ေျပးရမွာေပါ့။ေဘာလုံးကိုင္ၿပီး လႈပ္ရွားတာကလည္း အေရးပါပါတယ္”ဆိုၿပီး ေျပာပါတယ္။

မန္စီးတီးအသင္းဟာ ရာသီအစတြင္ ေရွ႕တန္းမွာ ဂိုးရရန္ ႐ုန္းကန္ခဲ့ရေပမယ့္ ဝက္စ္ဘ႐ြမ္းႏွင့္ ၁ဂိုး -၁ ဂိုးသေရက်တဲ့ ပြဲေနာက္ပိုင္းတြင္ အေျခအေနကို ေျပာင္းျပန္လွန္ႏိုင္ခဲ့ပါတယ္။ ေနာက္ဆုံး ၆ ပြဲတြင္ ၁၅ ဂိုး သြင္းႏိုင္ခဲ့ပါတယ္။တစ္ဖက္မွာေတာ့ ဇန္နဝါရီ ၁၁ ရက္က ျပဳလုပ္ခဲ့တဲ့ FA ဖလား စတုတၳအဆင့္ႏွင့္ ပၪၥမအဆင့္ပြဲစဥ္မ်ား အစီအစဥ္ ခ်ရာမွာေတာ့မန္စီးတီးအသင္းဟာ တတိယအဆင့္ တြင္ League Two ကလပ္ျဖစ္တဲ့ ခ်ယ္လ္တင္ဟမ္အသင္းႏွင့္ ေတြ႕ဆုံေနၿပီး ေက်ာ္ျဖတ္ႏိုင္ခဲ့လွ်င္လည္း ဆြမ္ဆီး-ေနာ္တင္ဟမ္ပြဲမွ အႏိုင္ရသည့္အသင္းႏွင့္ ထပ္မံေတြ႕ဆုံရမွာ ျဖစ္တာေၾကာင့္ ခ်န္ပီယံေရပန္းစားမႈ ပိုမို ျမင့္တက္ေနပါတယ္။