
မန်ယူအသင်းနည်းပြ ရန်းနစ်ခ်က အသင်းကနေထွက်ခွာလိုကြောင်းပြောထားတဲ့
မာရှယ်ကို သတ္တိရှိရင်မန်ယူနဲ့အနာဂတ်ကိုကိုယ်တိုင်လာဖြေရှင်းဖို့ ပြောလိုက်ပါတယ်။
မာရှယ်ရဲ့အေးဂျင့်ဖြစ်တဲ့ ဖိလစ်ပီလမ်ဘိုလေက ပြီးခဲ့တဲ့သောကြာနေ့တုန်းက
သူ့ကစားသမားကမန်ယူကထွက်ခွာလိုတယ်လို့ လူသိရှင်ကြားပြောကြားခဲ့ပါတယ်။
ဒီပြင်သစ်သားဟာ မန်ယူမှာ ၆ နှစ်ကြာနေခဲ့သူဖြစ်ပြီး
လက်ရှိမှာပုံမှန်ပွဲထွက်ခွင့်မရလို့ အသင်းပြောင်းလိုနေကြောင်း
အေးဂျင့်ကနေတစ်ဆင့်အသိပေးခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရန်းနစ်ခ်က” အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး
ကစားသမားကကျွန်တော်နဲ့ ဘာမှမပြောရသေးသလို ကျန်တဲ့သူတွေနဲ့လည်း
ပြောဆိုရခြင်းမရှိသေးပါဘူး။ သူသာအခြားကလပ်တစ်ခုကို
တကယ်ပြောင်းချင်တယ်ဆိုရင် ဘုတ်အဖွဲ့ကို ဒါမှမဟုတ်
ကျွန်တော့်ကို လာပြီးအသိပေးသင့်ပါတယ်။ အရှင်းဆုံးပြောရရင်
သူ့အေးဂျင့်ကမီဒီယာကနေတစ်ဆင့်ပြောတာက
ကျွန်တော့်ကိုအများကြီးစိတ်ဝင်စားမှုမဖြစ်စေပါဘူး” လို့ပြောသွားပါတယ်။
အေးဂျင့်လမ်ဘိုလေရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး မာရှယ်နဲ့ စကားပြောပြီးပြီလားလို့
မေးမြန်းမှုကို ရန်းနစ်ခ်က” မပြောရသေးပါဘူး။ ဒီလိုပြောလိုက်ရင်
သူ့အေးဂျင့်ရဲ့မှတ်ချက်ကို ကျွန်တော့်ဘက်က တုံ့ပြန်လိုက်သလိုဖြစ်သွားမှာပေါ့။
မာရှယ်မှာ သတ္တိရှိတယ်ဆိုရင် သူကိုယ်တိုင်လာပြောသင့်ပါတယ်”လို့ပြန်ဖြေခဲ့ပါတယ်။
မာရှယ်ဟာ လက်ရှိမှာဒူးဒဏ်ရာရနေတဲ့အပြင် ရန်းနစ်ခ်လက်အောက်မှာလည်း
ပွဲထွက်ကစားရခြင်းမရှိသေးပါဘူး။ အသက် ၂၆ နှစ်ရှိပြီဖြစ်ပြီး ၂၀၀၅ က
မိုနာကိုကနေပြောင်းလာတဲ့ မာရှယ်ဟာမန်ယူမှာရှိနေခဲ့တဲ့ ၆ နှစ်အတွင်း
ခြေစွမ်းအပြနိုင်ဆုံးက ဆိုးလ်ရှားလက်ထက်ဖြစ်တဲ့
၂၀၁၉-၂၀ ဘောလုံးရာသီမှာဖြစ်ပြီး ၂၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဂရင်းဝုဒ်ခြေစွမ်းတိုးတက်လာမှု၊ ကာဗာနီနဲ့ စီရော်နယ်ဒိုတို့ကို
မန်ယူကခေါ်ယူပြီးတဲ့နောက်ပိုင်းမှာ မာရှယ်ရဲ့ပွဲကစားခွင့်ဟာ
အကန့်အသတ်တွေရှိလာခဲ့ပြီး နောက်ဆုံးမှာ
အသင်းပြောင်းချင်တယ်လို့ အသံထွက်လာတာပါ။
zawgyi
သတၱိရွိရင္မန္ယူနဲ႔အနာဂတ္ကိုကိုယ္တိုင္လာေျဖရွင္းပါ မာရွယ္
မန္ယူအသင္းနည္းျပ ရန္းနစ္ခ္က အသင္းကေနထြက္ခြာလိုေၾကာင္းေျပာထားတဲ့
မာရွယ္ကို သတၱိရွိရင္မန္ယူနဲ႔အနာဂတ္ကိုကိုယ္တိုင္လာေျဖရွင္းဖို႔ ေျပာလိုက္ပါတယ္။
မာရွယ္ရဲ႕ေအးဂ်င့္ျဖစ္တဲ့ ဖိလစ္ပီလမ္ဘိုေလက ၿပီးခဲ့တဲ့ေသာၾကာေန႔တုန္းက
သူ႔ကစားသမားကမန္ယူကထြက္ခြာလိုတယ္လို႔ လူသိရွင္ၾကားေျပာၾကားခဲ့ပါတယ္။
ဒီျပင္သစ္သားဟာ မန္ယူမွာ ၆ ႏွစ္ၾကာေနခဲ့သူျဖစ္ၿပီး
လက္ရွိမွာပုံမွန္ပြဲထြက္ခြင့္မရလို႔ အသင္းေျပာင္းလိုေနေၾကာင္း
ေအးဂ်င့္ကေနတစ္ဆင့္အသိေပးခဲ့သူျဖစ္ပါတယ္။
ဒါေပမယ့္လည္း ရန္းနစ္ခ္က” အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး
ကစားသမားကကြၽန္ေတာ္နဲ႔ ဘာမွမေျပာရေသးသလို က်န္တဲ့သူေတြနဲ႔လည္း
ေျပာဆိုရျခင္းမရွိေသးပါဘူး။ သူသာအျခားကလပ္တစ္ခုကို
တကယ္ေျပာင္းခ်င္တယ္ဆိုရင္ ဘုတ္အဖြဲ႕ကို ဒါမွမဟုတ္
ကြၽန္ေတာ့္ကို လာၿပီးအသိေပးသင့္ပါတယ္။ အရွင္းဆုံးေျပာရရင္
သူ႔ေအးဂ်င့္ကမီဒီယာကေနတစ္ဆင့္ေျပာတာက
ကြၽန္ေတာ့္ကိုအမ်ားႀကီးစိတ္ဝင္စားမႈမျဖစ္ေစပါဘူး” လို႔ေျပာသြားပါတယ္။
ေအးဂ်င့္လမ္ဘိုေလရဲ႕မွတ္ခ်က္နဲ႔ပတ္သက္ၿပီး မာရွယ္နဲ႔ စကားေျပာၿပီးၿပီလားလို႔
ေမးျမန္းမႈကို ရန္းနစ္ခ္က” မေျပာရေသးပါဘူး။ ဒီလိုေျပာလိုက္ရင္
သူ႔ေအးဂ်င့္ရဲ႕မွတ္ခ်က္ကို ကြၽန္ေတာ့္ဘက္က တုံ႔ျပန္လိုက္သလိုျဖစ္သြားမွာေပါ့။
မာရွယ္မွာ သတၱိရွိတယ္ဆိုရင္ သူကိုယ္တိုင္လာေျပာသင့္ပါတယ္”လို႔ျပန္ေျဖခဲ့ပါတယ္။
မာရွယ္ဟာ လက္ရွိမွာဒူးဒဏ္ရာရေနတဲ့အျပင္ ရန္းနစ္ခ္လက္ေအာက္မွာလည္း
ပြဲထြက္ကစားရျခင္းမရွိေသးပါဘူး။ အသက္ ၂၆ ႏွစ္ရွိၿပီျဖစ္ၿပီး ၂၀၀၅ က
မိုနာကိုကေနေျပာင္းလာတဲ့ မာရွယ္ဟာမန္ယူမွာရွိေနခဲ့တဲ့ ၆ ႏွစ္အတြင္း
ေျခစြမ္းအျပႏိုင္ဆုံးက ဆိုးလ္ရွားလက္ထက္ျဖစ္တဲ့
၂၀၁၉-၂၀ ေဘာလုံးရာသီမွာျဖစ္ၿပီး ၂၃ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ဒါေပမယ့္ ဂရင္းဝုဒ္ေျခစြမ္းတိုးတက္လာမႈ၊ ကာဗာနီနဲ႔ စီေရာ္နယ္ဒိုတို႔ကို
မန္ယူကေခၚယူၿပီးတဲ့ေနာက္ပိုင္းမွာ မာရွယ္ရဲ႕ပြဲကစားခြင့္ဟာ
အကန႔္အသတ္ေတြရွိလာခဲ့ၿပီး ေနာက္ဆုံးမွာ
အသင္းေျပာင္းခ်င္တယ္လို႔ အသံထြက္လာတာပါ။