သဘောထားကွဲလွဲမှု၊ စည်းလုံးမှု မရှိတော့မှုနဲ့အတူ ကစားသမား ၁၁ ဦးအထိ အိုးထရက်ဖို့ဒ်မှ ထွက်ခွာလိုလျက်ရှိ

မန်ချက်စတာယူနိုက်တက်အဝတ်အစားလဲခန်းအတွင်းမှာစိတ်ဝမ်းကွဲမှုများဖြစ်ပေါ်နေပြီး

ကစားသမား ၁၁ ဦးအထိ ယခုဆောင်းရာသီအပြောင်းအရွှေ့

ဈေးကွက်တွင်ပင် ထွက်ခွာလိုနေကြောင်းသိရပါတယ်။

ယာယီနည်းပြရေးဖ်ရန်းနစ်ခ်ဟာ တနင်္လာနေ့တုန်းက အိုးထရက်ဖို့ဒ်တွင်

ဝုဗ်ကို ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ကာ ပထမဆုံးယူနိုက်တက်ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။

ရေးဖ်ရန်းနစ်ခ်ဟာနိုဝင်ဘာလတုန်းက ဆိုးလ်ရှားနေရာတွင် အစားထိုးခန့်အပ်ခြင်းခံခဲ့ရပါတယ်။

ရန်းနစ်ခ်ဟာ သူ့လက်ထက်မှာ ယူနိုက်တက်ကစားသမားများကို

စည်းစည်းလုံးလုံးဖြစ်ရန် ကြိုးပမ်းနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်

ထိပ်ဆုံးလေးသင်းစာရင်းဝင်ရေးကြိုးပမ်းနေပါတယ်။

ဒါပေမဲ့ ရေးဖ်ရန်းနစ်ခ်ဟာလည်း ဆိုးရှားလက်ထက်တုန်းကကဲ့သို့ပင်

ကစားသမားများအကြား သဘောထားကွဲလွဲမှုများနှင့် ရင်ဆိုင်နေရပါတယ်။

ယင်းသို့ ကစားသမားများအကြား သဘောထားကွဲလွဲမှု၊ စည်းလုံးမှု မရှိတော့မှုနဲ့အတူ

ကစားသမား ၁၁ ဦးအထိ အိုးထရက်ဖို့ဒ်မှ ထွက်ခွာလိုလျက်ရှိနေကြပါတယ်။

တဖက်တွင် ကစားသမားများဟာ ရေးဖ်ရန်းနစ်ခ်ရဲ့နည်းဗျူဟာအပေါ်တွင်လည်း

မကျေမနပ်ဖြစ်နေကြောင်း The Mirror ကဖော်ပြသွားပါတယ်။

ယင်းကစားသမားများထဲမှ အဲရစ်ဘိုင်လီ၊ ဂျက်စီလင်ဂတ်၊ ဒွန်နီဗန်ဒီဘိခ်၊

ဒိန်းဟင်ဒါဆင်နှင့် အန်တိုနီမာရှယ်တို့မှာ ရန်းနစ်ခ်လက်အောက်တွင်လည်း

နေရာမရရှိမှုနဲ့အတူ ဇန်နဝါရီအပြောင်းအရွှေ့တွင်ပင် ထွက်ခွာလိုနေကြတာပါ။

ယူနိုက်တက်အတွင်းလူတစ်ဦးက “အခြေအနေမကောင်းပါဘူး။

ရင်းနှီးချစ်ကြည်မှုက အရမ်းဆိုးရွားနေတယ်။ မကြာခင်မှာ ယူနိုက်တက်မှာ

ပြဿနာကြီးကြီးမားမား တက်တော့မယ့်ပုံမျိုးပဲ”လို့ပြောကြားခဲ့ပါတယ်။

ဝုဗ်ကို ရှုံးနိမ့်တဲ့ပွဲအပြီးတွင် လုခ်ရှောကိုယ်တိုင်ကလည်း

ယူနိုက်တက်ကစားသမားများအကြား စည်းလုံးမှုပြိုကွဲနေကြောင်းဝန်ခံသွားပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၇နေရာတွင်ရပ်တည်နေတဲ့

ယူနိုက်တက်ဟာဇန်နဝါရီလ၁၀ရက်နေ့မှာအိုးထရက်ဖို့ဒ်တွင် ဗီလာကို

အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်အဖြစ်ဧည့်ခံကစားရပါမယ်။

zawgyi

သေဘာထားကြဲလြဲမႈ၊ စည္းလုံးမႈ မရွိေတာ့မႈနဲ႔အတူ ကစားသမား ၁၁ ဦးအထိ အိုးထရက္ဖို႔ဒ္မွ ထြက္ခြာလိုလ်က္ရွိ

မန္ခ်က္စတာယူႏိုက္တက္အဝတ္အစားလဲခန္းအတြင္းမွာစိတ္ဝမ္းကြဲမႈမ်ားျဖစ္ေပၚေနၿပီး

ကစားသမား ၁၁ ဦးအထိ ယခုေဆာင္းရာသီအေျပာင္းအေ႐ႊ႕

ေဈးကြက္တြင္ပင္ ထြက္ခြာလိုေနေၾကာင္းသိရပါတယ္။

ယာယီနည္းျပေရးဖ္ရန္းနစ္ခ္ဟာ တနလၤာေန႔တုန္းက အိုးထရက္ဖို႔ဒ္တြင္

ဝုဗ္ကို ၁-၀ ဂိုးျဖင့္ရႈံးနိမ့္ကာ ပထမဆုံးယူႏိုက္တက္ရႈံးပြဲႀကဳံေတြ႕ခဲ့ရပါတယ္။

ေရးဖ္ရန္းနစ္ခ္ဟာႏိုဝင္ဘာလတုန္းက ဆိုးလ္ရွားေနရာတြင္ အစားထိုးခန႔္အပ္ျခင္းခံခဲ့ရပါတယ္။

ရန္းနစ္ခ္ဟာ သူ႔လက္ထက္မွာ ယူႏိုက္တက္ကစားသမားမ်ားကို

စည္းစည္းလုံးလုံးျဖစ္ရန္ ႀကိဳးပမ္းေနၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္

ထိပ္ဆုံးေလးသင္းစာရင္းဝင္ေရးႀကိဳးပမ္းေနပါတယ္။

ဒါေပမဲ့ ေရးဖ္ရန္းနစ္ခ္ဟာလည္း ဆိုးရွားလက္ထက္တုန္းကကဲ့သို႔ပင္

ကစားသမားမ်ားအၾကား သေဘာထားကြဲလြဲမႈမ်ားႏွင့္ ရင္ဆိုင္ေနရပါတယ္။

ယင္းသို႔ ကစားသမားမ်ားအၾကား သေဘာထားကြဲလြဲမႈ၊ စည္းလုံးမႈ မရွိေတာ့မႈနဲ႔အတူ

ကစားသမား ၁၁ ဦးအထိ အိုးထရက္ဖို႔ဒ္မွ ထြက္ခြာလိုလ်က္ရွိေနၾကပါတယ္။

တဖက္တြင္ ကစားသမားမ်ားဟာ ေရးဖ္ရန္းနစ္ခ္ရဲ႕နည္းဗ်ဴဟာအေပၚတြင္လည္း

မေက်မနပ္ျဖစ္ေနေၾကာင္း The Mirror ကေဖာ္ျပသြားပါတယ္။

ယင္းကစားသမားမ်ားထဲမွ အဲရစ္ဘိုင္လီ၊ ဂ်က္စီလင္ဂတ္၊ ဒြန္နီဗန္ဒီဘိခ္၊

ဒိန္းဟင္ဒါဆင္ႏွင့္ အန္တိုနီမာရွယ္တို႔မွာ ရန္းနစ္ခ္လက္ေအာက္တြင္လည္း

ေနရာမရရွိမႈနဲ႔အတူ ဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ပင္ ထြက္ခြာလိုေနၾကတာပါ။

ယူႏိုက္တက္အတြင္းလူတစ္ဦးက “အေျခအေနမေကာင္းပါဘူး။

ရင္းႏွီးခ်စ္ၾကည္မႈက အရမ္းဆိုး႐ြားေနတယ္။ မၾကာခင္မွာ ယူႏိုက္တက္မွာ

ျပႆနာႀကီးႀကီးမားမား တက္ေတာ့မယ့္ပုံမ်ိဳးပဲ”လို႔ေျပာၾကားခဲ့ပါတယ္။

ဝုဗ္ကို ရႈံးနိမ့္တဲ့ပြဲအၿပီးတြင္ လုခ္ေရွာကိုယ္တိုင္ကလည္း

ယူႏိုက္တက္ကစားသမားမ်ားအၾကား စည္းလုံးမႈၿပိဳကြဲေနေၾကာင္းဝန္ခံသြားပါတယ္။

ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၇ေနရာတြင္ရပ္တည္ေနတဲ့

ယူႏိုက္တက္ဟာဇန္နဝါရီလ၁၀ရက္ေန႔မွာအိုးထရက္ဖို႔ဒ္တြင္ ဗီလာကို

အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္အျဖစ္ဧည့္ခံကစားရပါမယ္။