သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်းဂိုးအများဆုံးသွင်းသူဖြစ်ဖို့ တစ်ဂိုးပဲလိုတော့တဲ့ စီရော်နယ်ဒို

မနေ့ညက ဆက်ဆူအိုလိုနဲ့ပွဲမှာ နောက်ကျအနိုင်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် စီရော်နယ်ဒိုဟာ သမိုင်းတစ်လျှောက် ပူးတွဲဂိုးအများဆုံးသွင်းသူ ဖြစ်လာခဲ့ပါတယ်။

၃၅ နှစ်အရွယ် အဲဒီပေါ်တူဂီသားဟာ ကလပ်နဲ့နိုင်ငံအတွက် ၇၅၉ ဂိုးသွင်းပေးထားတဲ့ ဂျိုးဆက်ဘီကန်ရဲ့သွင်းဂိုးစံချိန်ကို လိုက်မီခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ မကြာသေးခင်ကပဲ ဘရာဇီးဂန္ထဝင်ပီလီရဲ့ဂိုးသွင်းစံချိန်ကိုချိုးပြီး  သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူစာရင်းမှာ ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့တာပါ။

အခုတော့ သမိုင်းတစ်လျှောက် ပူးတွဲဂိုးအများဆုံးသွင်းသူဖြစ်လာခဲ့ပြီး သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်းဂိုးသွင်းသူဖြစ်ဖို့အတွက် နောက်ထပ်တစ်ဂိုးသာ လိုတော့တာပါ။

ဆက်ဆူအိုလိုနဲ့ပွဲက သွင်းဂိုးဟာလည်း ဒီရာသီစီးရီးအေမှာ သူ့ရဲ့၁၅ ဂိုးမြောက် သွင်းယူမှုဖြစ်လာခဲ့ပြီး စီးရီးအေဂိုးအများဆုံးသွင်းသူစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နိုင်နေတာပါ။

တစ်နည်းအားဖြင့် စီရော်နယ်ဒိုဟာ နောက်ဆုံး ၁၅ နှစ်အတွင်း ဥရောပထိပ်တန်းလိဂ် ၅ ရပ်ထဲမှာ တစ်ရာသီကို အနိမ့်ဆုံး ၁၅ ဂိုးသွင်းနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒ့ါအပြင် သူဟာ ၂၀၀၅-၀၆ ရာသီက ထရက်ဇီဂေးနောက်ပိုင်း စီးရီးအေ ၁၇ ပွဲအပြီးမှာ ၁၅ ဂိုသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးဂျူဗင်တပ်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

စပို့တင်းအတွက် ၅ ဂိုး၊ မန်ယူအတွက် ၁၁၈ ဂိုး၊ ရီးရဲလ်အတွက် ၄၅၀ ဂိုး၊ ပေါ်တူဂီအတွက် ၁၀၂ ဂိုးသွင်းယူပေးထားတဲ့ စီရော်နယ်ဒိုဟာ အခုဆိုရင် ဂျူဗင်တပ်အတွက် ၈၄ ဂိုးရှိသွားခဲ့ပါပြီ။

Zawgyi

သမိုင္းတစ္ေလွ်ာက္ ၿပိဳင္ဘက္ကင္းဂိုးအမ်ားဆုံးသြင္းသူျဖစ္ဖုိ႔ တစ္ဂိုးပဲလုိေတာ့တဲ့ စီေရာ္နယ္ဒို

မေန႔ညက ဆက္ဆူအုိလိုနဲ႔ပြဲမွာ ေနာက္က်အႏိုင္ဂိုးတစ္ဂိုးသြင္းယူႏို္င္ခဲ့ၿပီးေနာက္ စီေရာ္နယ္ဒိုဟာ သမိုင္းတစ္ေလွ်ာက္ ပူးတြဲဂိုးအမ်ားဆုံးသြင္းသူ ျဖစ္လာခဲ့ပါတယ္။

၃၅ ႏွစ္အရြယ္ အဲဒီေပၚတူဂီသားဟာ ကလပ္နဲ႔ႏိုင္ငံအတြက္ ၇၅၉ ဂိုးသြင္းေပးထားတဲ့ ဂ်ိဳးဆက္ဘီကန္ရဲ႕သြင္းဂိုးစံခ်ိန္ကို လုိက္မီခဲ့တာလည္း ျဖစ္ပါတယ္။

သူဟာ မၾကာေသးခင္ကပဲ ဘရာဇီးဂႏၳ၀င္ပီလီရဲ႕ဂိုးသြင္းစံခ်ိန္ကိုခ်ိဳးၿပီး  သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းသူစာရင္းမွာ ဒုတိယေနရာကို တက္လွမ္းႏိုင္ခဲ့တာပါ။

အခုေတာ့ သမိုင္းတစ္ေလွ်ာက္ ပူးတြဲဂိုးအမ်ားဆုံးသြင္းသူျဖစ္လာခဲ့ၿပီး သမိုင္းတစ္ေလွ်ာက္ ၿပိဳင္ဘက္ကင္းဂိုးသြင္းသူျဖစ္ဖုိ႔အတြက္ ေနာက္ထပ္တစ္ဂိုးသာ လိုေတာ့တာပါ။

ဆက္ဆူအိုလိုနဲ႔ပြဲက သြင္းဂိုးဟာလည္း ဒီရာသီစီးရီးေအမွာ သူ႔ရဲ႕၁၅ ဂိုးေျမာက္ သြင္းယူမႈျဖစ္လာခဲ့ၿပီး စီးရီးေအဂိုးအမ်ားဆုံးသြင္းသူစာရင္းမွာ ထိပ္ဆုံးက ဦးေဆာင္ႏုိင္ေနတာပါ။

တစ္နည္းအားျဖင့္ စီေရာ္နယ္ဒိုဟာ ေနာက္ဆုံး ၁၅ ႏွစ္အတြင္း ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္ထဲမွာ တစ္ရာသီကို အနိမ့္ဆုံး ၁၅ ဂိုးသြင္းႏိုင္ခဲ့တဲ့ တစ္ဦးတည္းေသာ ကစားသမား ျဖစ္လာခဲ့ပါတယ္။

ဒ့ါအျပင္ သူဟာ ၂၀၀၅-၀၆ ရာသီက ထရက္ဇီေဂးေနာက္ပိုင္း စီးရီးေအ ၁၇ ပြဲအၿပီးမွာ ၁၅ ဂိုသြင္းယူႏိုင္ခဲ့တဲ့ ပထမဆုံးဂ်ဴဗင္တပ္ကစားသမားလည္း ျဖစ္လာခဲ့ပါတယ္။

စပို႔တင္းအတြက္ ၅ ဂိုး၊ မန္ယူအတြက္ ၁၁၈ ဂိုး၊ ရီးရဲလ္အတြက္ ၄၅၀ ဂိုး၊ ေပၚတူဂီအတြက္ ၁၀၂ ဂိုးသြင္းယူေပးထားတဲ့ စီေရာ္နယ္ဒိုဟာ အခုဆုိရင္ ဂ်ဴဗင္တပ္အတြက္ ၈၄ ဂိုးရွိသြားခဲ့ပါၿပီ။