သမိုင်းဝင် FA ဖလားကို မန်စီးတီးအသင်းပိုင်ရှင် ဝယ်ယူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

FA Cup final live - watch Man City v Watford - Live - BBC Sport

ပရီးမီးယားလိဂ် ကလပ်အသင်းအများစုဟာ ငွေကြေးတွေကို အောင်မြင်မှုရရှိဖို့ အဓိက အသုံချနေပေမယ့် မန်စီးတီးအသင်းကတော့ တစ်ဆင့်ကျော်လွန်ပြီး FA ဖလားကို ဝယ်ယူလိုက်ပါတယ်။

Sport: Man City owner Sheikh Mansour buys oldest surviving FA Cup at £760,000 - PressFrom - Australia

မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်ဟာ ( ၁၈၉၆ ) ကနေ ( ၁၉၁၀ ) ခုနှစ်အတွင်းက ကမ္ဘာ့ ရှေးအကျဆုံး ပြည်တွင်း အမှတ်ပေးပြိုင်ပွဲ ချန်ပီယံအသင်းတွေကို ပေးအပ်တဲ့ ဆုဖလားကို ဝယ်ယူလိုက်ပါတယ်။

Man City owner Mansour spends £380k on fuel for his luxury yacht - Manchester Evening News

လေလံတင် ရောင်းချခဲ့တဲ့ အဆိုပါ ဆုဖလားကို ရှိတ်မန်ဆော်က ဝယ်ယူခဲ့ပြီး အမျိုးသားဘောလုံးပြတိုက် ( National Football Museum ) မှာ မန်စီးတီးအသင်းရဲ့ လှူဒါန်းမှုတစ်ခုအဖြစ် ဆက်လက်ခင်းကျင်းပြသထားမှာ ဖြစ်ပါတယ်။

Inside crazy life of Manchester City owner Sheikh Mansour - including two wives and an eight floor megayacht - Daily Record

အဆိုပါ ဆုဖလားဟာ ( ၂၀၀၅ ) ခုနှစ်ကတည်းက ပြတိုက်မှာ ရှိနေခဲ့ပေမယ့် ( ၂၀၁၉ ) စက်တင်ဘာလမှာတော့ ယခင်ပိုင်ရှင်ဟောင်းက ဖယ်ရှားပြီး လေလံတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလိပ်ဘောလုံးလောကရဲ့ ရှေးအကျဆုံးဆုတံဆိပ်ဖြစ်ပြီး လက်ရှိ FA ဖလားနဲ့ ပုံသဏ္ဍာန် တူပါတယ်။

အဆိုပါ ဆုဖလားက မန်စီးတီးအသင်းရဲ့ ပထမဆုံး ဆုဖလားဖြစ်ပြီး 1904 FA Cup ဗိုလ်လုပွဲမှာ ဘော်လ်တန်အသင်းကို ( 1-0 ) ရလာဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်း ဥက္ကဌက အသင်း ဝက်ဆိုက်ဒ်ကနေ ” ဒီဆုဖလားက သမိုင်းကြောင်း အစဉ်အလာကြီးမားတဲ့ အင်္ဂလန်ဘောလုံးလောကရဲ့ အမှတ်တရ တစ်ခုဖြစ်ပြီး မန်စီးတီးအသင်းအတွက် လွမ်းစရာလည်း ဖြစ်ပါတယ်။ ” ” ( ၁၉၀၄ ) ခုနှစ် ဒီဆုဖလားကို ရရှိတာက မန်စီးတီး အသင်း နှင့် ဘောလုံးကို ချစ်မြတ်နိုးတဲ့ မန်ချက်စတာမြို့အတွက် အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။ ” လို့ ဆိုသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ယခုတစ်ပတ်မှာ FA ဖလားပြိုင်ပွဲ တတိယအဆင့် ပွဲစဉ်အနေနဲ့ ချန်ပီယံရှစ် ကလပ် ဘာမင်ဟန်စီးတီးအသင်းနဲ့ ကစားရဖို့ရှိနေတယ်။ ပက်ဂွာဒီယိုလာရဲ့ အသင်းက ဒီဆုဖလားကို ( ၆ ) ကြိမ် ရရှိထားပြီး နောက်ဆုံးအနေနဲ့ ( ၂၀၁၉ ) ခုနှစ်က ရရှိခဲ့တာ ဖြစ်ပါတယ်။

Source : Goal

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရီးမီးယားလိဂ္ ကလပ္အသင္းအမ်ားစုဟာ ေငြေၾကးေတြကို ေအာင္ျမင္မႈရရွိဖို႔ အဓိက အသုံခ်ေနေပမယ့္ မန္စီးတီးအသင္းကေတာ့ တစ္ဆင့္ေက်ာ္လြန္ၿပီး FA ဖလားကို ဝယ္ယူလိုက္ပါတယ္။ မန္စီးတီးအသင္းပိုင္ရွင္ ရွိတ္မန္ေဆာ္ဟာ ( ၁၈၉၆ ) ကေန ( ၁၉၁၀ ) ခုႏွစ္အတြင္းက ကမာၻ႔ ေရွးအက်ဆုံး ျပည္တြင္း အမွတ္ေပးၿပိဳင္ပြဲ ခ်န္ပီယံအသင္းေတြကို ေပးအပ္တဲ့ ဆုဖလားကို ဝယ္ယူလိုက္ပါတယ္။ ေလလံတင္ ေရာင္းခ်ခဲ့တဲ့ အဆိုပါ ဆုဖလားကို ရွိတ္မန္ေဆာ္က ဝယ္ယူခဲ့ၿပီး အမ်ိဳးသားေဘာလုံးျပတိုက္ ( National Football Museum ) မွာ မန္စီးတီးအသင္းရဲ႕ လႉဒါန္းမႈတစ္ခုအျဖစ္ ဆက္လက္ခင္းက်င္းျပသထားမွာ ျဖစ္ပါတယ္။

အဆိုပါ ဆုဖလားဟာ ( ၂၀၀၅ ) ခုႏွစ္ကတည္းက ျပတိုက္မွာ ရွိေနခဲ့ေပမယ့္ ( ၂၀၁၉ ) စက္တင္ဘာလမွာေတာ့ ယခင္ပိုင္ရွင္ေဟာင္းက ဖယ္ရွားၿပီး ေလလံတင္ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။ အဂၤလိပ္ေဘာလုံးေလာကရဲ႕ ေရွးအက်ဆုံးဆုတံဆိပ္ျဖစ္ၿပီး လက္ရွိ FA ဖလားနဲ႔ ပုံသ႑ာန္ တူပါတယ္။ အဆိုပါ ဆုဖလားက မန္စီးတီးအသင္းရဲ႕ ပထမဆုံး ဆုဖလားျဖစ္ၿပီး 1904 FA Cup ဗိုလ္လုပြဲမွာ ေဘာ္လ္တန္အသင္းကို ( 1-0 ) ရလာဒ္နဲ႔ အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။

မန္စီးတီးအသင္း ဥကၠဌက အသင္း ဝက္ဆိုက္ဒ္ကေန ” ဒီဆုဖလားက သမိုင္းေၾကာင္း အစဥ္အလာႀကီးမားတဲ့ အဂၤလန္ေဘာလုံးေလာကရဲ႕ အမွတ္တရ တစ္ခုျဖစ္ၿပီး မန္စီးတီးအသင္းအတြက္ လြမ္းစရာလည္း ျဖစ္ပါတယ္။ ” ” ( ၁၉၀၄ ) ခုႏွစ္ ဒီဆုဖလားကို ရရွိတာက မန္စီးတီး အသင္း ႏွင့္ ေဘာလုံးကို ခ်စ္ျမတ္ႏိုးတဲ့ မန္ခ်က္စတာၿမိဳ႕အတြက္ အလွည့္အေျပာင္းျဖစ္ခဲ့ပါတယ္။ ” လို႔ ဆိုသြားခဲ့ပါတယ္။

မန္စီးတီးအသင္းဟာ ယခုတစ္ပတ္မွာ FA ဖလားၿပိဳင္ပြဲ တတိယအဆင့္ ပြဲစဥ္အေနနဲ႔ ခ်န္ပီယံရွစ္ ကလပ္ ဘာမင္ဟန္စီးတီးအသင္းနဲ႔ ကစားရဖို႔ရွိေနတယ္။ ပက္ဂြာဒီယိုလာရဲ႕ အသင္းက ဒီဆုဖလားကို ( ၆ ) ႀကိမ္ ရရွိထားၿပီး ေနာက္ဆုံးအေနနဲ႔ ( ၂၀၁၉ ) ခုႏွစ္က ရရွိခဲ့တာ ျဖစ္ပါတယ္။ Source : Goal