
အိုင်ယာလန်နဲ့ပေါ်တူဂီတို့ ဂိုးမရှိသရေကျခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲဟာ
၁၃ နှစ်အရွယ် အက်ဒီဆန်ဝှီလန်အတွက်တော့ မှတ်မှတ်ရရပွဲတစ်ပွဲဖြစ်သွားခဲ့ပါတယ်။
သူမဟာ စီရော်နယ်ဒိုနဲ့တွေ့ဆုံရဖို့ ပွဲအပြီးမှာ ကွင်းထဲကို ပြေးဝင်ခဲ့တာဖြစ်ပြီး
ဘဝမှာ တစ်ခါသာကြုံရနိုင်မယ့်အခွင့်အရေးအတွက် ကွင်းလုံခြုံရေးတွေရဲ့
ငြင်းပယ်ခြင်းကို ခံရလုနီးပါးဖြစ်ခဲ့တာပါ။
ဒါပေမဲ့ စီရော်နယ်ဒိုက သူမကို ဆွဲခေါ်မသွားဖို့ ပြောခဲ့ပြီး ငယ်ရွယ်သေးတဲ့
အက်ဒီဆန်ကို ပွေ့ဖက်ခဲ့ကာ ပွဲမှာသူဝတ်ခဲ့တဲ့အင်္ကျီကို သူမထံ ပေးခဲ့ပါတယ်။
အဲဒီအကြောင်းကို အက်ဒီဆန်က အိုင်ယာလန်ရုပ်သံတစ်ခုမှာ ဖွင့်ဟခဲ့ပြီး
ဒီပေါ်တူဂီစူပါစတားနဲ့တွေ့ခွင့်ရပြီးတဲ့နောက် သူမရဲ့အိပ်မက်တွေ
တကယ်ဖြစ်လာခဲ့ကြောင်း ဆိုခဲ့တာပါ။
”ပထမဆုံးအနေနဲ့ အကာအရံတွေကို ခုန်ကျော်လိုက်ပါတယ်။ အဲဒီနောက်
ကွင်းထဲကို ပြေးဝင်ခဲ့တာပါ။ ဒါပေမဲ့ သမီးနောက်မှာ လုံခြုံရေးအစောင့်တွေ
လိုက်လာပြီး အခြားတစ်နေရာကနေ လိုက်ဖမ်းတဲ့နှစ်ယောက်လည်း ရှိပါတယ်။
သူတို့နှစ်ယောက်ကိုမြင်တာနဲ့ ကွင်းလယ်စက်ဝိုင်းဆီ သမီးပြေးလိုက်ပါတယ်။
ဒါမှလည်း သူတို့ကို ရှောင်နိုင်မှာပါ။ သူတို့ဖမ်းမိတဲ့အချိန်မှာ စီရော်နယ်ဒိုရဲ့
နာမည်ကို သမီးလှမ်းအော်လိုက်ပါတယ်။ သူက လှည့်ကြည့်ပြီး သမီးကိုမြင်တာနဲ့
လွှတ်ပေးဖို့ ပြောပါတယ်။ သူ သမီးဆီရောက်လာတော့ မယုံနိုင်ဖြစ်သွားတယ်။
ကျေးဇူးပြုပြီး ဂျာစီရနိုင်မလား သမီးက ဦးရဲ့ပရိသတ်အကြီးစားတစ်ယောက်ပါလို့
ပြောလိုက်တော့ သူက အဆင်ပြေရဲ့လားလို့ ပြန်ပြောပါတယ်။
စီရော်နယ်ဒို အင်္ကျီချွတ်ပေးတာကို အဖေက မြင်လိုက်တဲ့အချိန်မှာ
မယုံနိုင်ဖြစ်သွားတယ်။ သမီးကိုယ်တိုင်ကလည်း အိုဘရားရေ ငါ့အိပ်မက်တွေ
တကယ်ဖြစ်လာတာပဲလို့ ရေရွတ်မိလိုက်တယ်”လို့ အက်ဒီဆန်က ဖွင့်ဟခဲ့တာပါ။
အက်ဒီဆန်ကိုယ်တိုင်က ဘောလုံးကို ရူးသွပ်သူတစ်ယောက်ဖြစ်ပြီး
ဒေသတွင်း မိန်းကလေးယူ-၁၃ အသင်းတစ်သင်းမှာ ကစားနေတာပါ။
zawgyi
သမီးက ဦးရဲ႕ပရိသတ္အႀကီးစားတစ္ေယာက္ပါလို႔ ေျပာလိုက္ေတာ့ သူက အဆင္ေျပရဲ႕လားလို႔ ျပန္ေျပာပါတယ္ – စီေရာ္နယ္ဒိုရဲ႕ ပရိသတ္ ကြင္းထဲဝင္ေရာက္လာသူ မိန္းကေလးငယ္
အိုင္ယာလန္နဲ႔ေပၚတူဂီတို႔ ဂိုးမရွိသေရက်ခဲ့တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲဟာ
၁၃ ႏွစ္အ႐ြယ္ အက္ဒီဆန္ဝွီလန္အတြက္ေတာ့ မွတ္မွတ္ရရပြဲတစ္ပြဲျဖစ္သြားခဲ့ပါတယ္။
သူမဟာ စီေရာ္နယ္ဒိုနဲ႔ေတြ႕ဆုံရဖို႔ ပြဲအၿပီးမွာ ကြင္းထဲကို ေျပးဝင္ခဲ့တာျဖစ္ၿပီး
ဘဝမွာ တစ္ခါသာႀကဳံရႏိုင္မယ့္အခြင့္အေရးအတြက္ ကြင္းလုံၿခဳံေရးေတြရဲ႕
ျငင္းပယ္ျခင္းကို ခံရလုနီးပါးျဖစ္ခဲ့တာပါ။
ဒါေပမဲ့ စီေရာ္နယ္ဒိုက သူမကို ဆြဲေခၚမသြားဖို႔ ေျပာခဲ့ၿပီး ငယ္႐ြယ္ေသးတဲ့
အက္ဒီဆန္ကို ေပြ႕ဖက္ခဲ့ကာ ပြဲမွာသူဝတ္ခဲ့တဲ့အက်ႌကို သူမထံ ေပးခဲ့ပါတယ္။
အဲဒီအေၾကာင္းကို အက္ဒီဆန္က အိုင္ယာလန္႐ုပ္သံတစ္ခုမွာ ဖြင့္ဟခဲ့ၿပီး
ဒီေပၚတူဂီစူပါစတားနဲ႔ေတြ႕ခြင့္ရၿပီးတဲ့ေနာက္ သူမရဲ႕အိပ္မက္ေတြ
တကယ္ျဖစ္လာခဲ့ေၾကာင္း ဆိုခဲ့တာပါ။
”ပထမဆုံးအေနနဲ႔ အကာအရံေတြကို ခုန္ေက်ာ္လိုက္ပါတယ္။ အဲဒီေနာက္
ကြင္းထဲကို ေျပးဝင္ခဲ့တာပါ။ ဒါေပမဲ့ သမီးေနာက္မွာ လုံၿခဳံေရးအေစာင့္ေတြ
လိုက္လာၿပီး အျခားတစ္ေနရာကေန လိုက္ဖမ္းတဲ့ႏွစ္ေယာက္လည္း ရွိပါတယ္။
သူတို႔ႏွစ္ေယာက္ကိုျမင္တာနဲ႔ ကြင္းလယ္စက္ဝိုင္းဆီ သမီးေျပးလိုက္ပါတယ္။
ဒါမွလည္း သူတို႔ကို ေရွာင္ႏိုင္မွာပါ။ သူတို႔ဖမ္းမိတဲ့အခ်ိန္မွာ စီေရာ္နယ္ဒိုရဲ႕
နာမည္ကို သမီးလွမ္းေအာ္လိုက္ပါတယ္။ သူက လွည့္ၾကည့္ၿပီး သမီးကိုျမင္တာနဲ႔
လႊတ္ေပးဖို႔ ေျပာပါတယ္။ သူ သမီးဆီေရာက္လာေတာ့ မယုံႏိုင္ျဖစ္သြားတယ္။
ေက်းဇူးျပဳၿပီး ဂ်ာစီရႏိုင္မလား သမီးက ဦးရဲ႕ပရိသတ္အႀကီးစားတစ္ေယာက္ပါလို႔
ေျပာလိုက္ေတာ့ သူက အဆင္ေျပရဲ႕လားလို႔ ျပန္ေျပာပါတယ္။
စီေရာ္နယ္ဒို အက်ႌခြၽတ္ေပးတာကို အေဖက ျမင္လိုက္တဲ့အခ်ိန္မွာ
မယုံႏိုင္ျဖစ္သြားတယ္။ သမီးကိုယ္တိုင္ကလည္း အိုဘရားေရ ငါ့အိပ္မက္ေတြ
တကယ္ျဖစ္လာတာပဲလို႔ ေရ႐ြတ္မိလိုက္တယ္”လို႔ အက္ဒီဆန္က ဖြင့္ဟခဲ့တာပါ။
အက္ဒီဆန္ကိုယ္တိုင္က ေဘာလုံးကို ႐ူးသြပ္သူတစ္ေယာက္ျဖစ္ၿပီး
ေဒသတြင္း မိန္းကေလးယူ-၁၃ အသင္းတစ္သင္းမွာ ကစားေနတာပါ။