သမီးဖြစ်သူရဲ့ ၄ နှစ်ပြည့်မွေးနေ့မှာ အမှတ်တရစကားတွေ အင်စတာဂရမ်ကနေ ဖွင့်ဟလာတဲ့ ဖာနန်ဒက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က သူ့သမီးမွေးနေ့ ၄ နှစ်ပြည့် အမှတ်တရစကားတွေ အင်စတာဂရမ်ကနေ ပြန်လည်ဖွင့်ဟလာခဲ့ပါတယ်။

ေပါ်တူဂီသားဟာ ယူနိုက်တက်ကို စပို့တင်းကနေ ပေါင် ၄၆.၆ သန်း ၅ နှစ်ခွဲစာချုပ်ချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ဆိုးလ်ရှားရဲ့လူစာရင်းထဲကို ဝုဗ်အသင်းနဲ့ပွဲမှာ စတင်ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပြီး ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။

ဒါ့ပြင် ဖာနန်ဒက်စ်ဟာ သူ့သမီးဖြစ်သူ မာတယ်ဒီနဲ့ ၄ နှစ်ပြည့်မွေးနေ့ကိုဆင်နွှဲခဲ့ပြီး အင်စတာဂရမ်ကနေ တင်ခဲ့ပါတယ်။

သမီးဖြစ်သူရဲ့မွေးနေ့အကြောင်း အင်စတာဂရမ်မှာ ရေးသားခဲ့ရာမှာတော့ “သမီးလေးကို ပထမဆုံးတွေ့ဆုံခဲ့တဲ့နေ့ကတွက်မယ်ဆိုရင် ၄ နှစ်ပြည့်ခဲ့တာကို မယုံနိုင်ပါဘူး။

ဖေဖေ့ ဘဝထဲကို သမီး ရောက်လာတာဖေဖေ့အတွက်က ရတနာတစ်ပါးလိုပါပဲ။ နေ့ရက်တွေက အရင်ကနဲ့မတူပဲကိုပိုပြီးသာယာလာပါတယ်။

သမီးက ဖေဖေ့ အတွက် လမ်းမောင်းတစ်ခုလိုပါပဲ။ အချိန်တွေက သတိမထားမိဘဲ လျင်လျင်မြန်မြန်ပဲ ကုန်ဆုံးသွားခဲ့ပါတယ်။ ဒါပေမဲ့ ဖေဖေ့အချစ်တွေကတော့ သမီးလေး အပေါ် ဘယ်တော့မှ မပြောင်းလဲပါဘူး။

ဒီနေ့ဆို သမီးရဲ့အသက်တစ်နှစ်ကြီးလာခဲ့ပါပြီ။ သမီး လိုချင်သလိုမျိုး အဖိုး ၊ အဘွား ၊ မောင်နှမ ၊ ဦးလေး ၊ သူငယ်ချင်းတွေနဲ့ မွေးနေ့ပွဲမကျင်းပပေးနိုင်ခဲ့တဲ့အတွက်တော့ ဖေဖေ စိတ်မကောင်းပါဘူး။

ဒါပေမဲ့ ဒီနေ့မှာ ဖေဖေ နဲ့ မေမေက သမီးအတွက်အထူးနေ့လေးတစ်ခုဖန်တီးပေးထားပါတယ်။ သမီးနှစ်သက်သဘောကျလိမ့်မယ်လို့ ဖေဖေ မျှော်လင့်ပါတယ်။

မိန်းမရေ….သမီးလေးကို မွေးဖွားပေးလို့လည်း ကျေးဇူးတင်ပါတယ်။ မင်းက ငါ့ဘဝထဲကို ရတနာတစ်ပါးယူဆောင်လာပေးခဲ့ပါတယ်”လို့ ရေးသားတင်ခဲ့ပါတယ်။


M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

သမီးျဖစ္သူရဲဲ႕ ၄ ႏွစ္ျပည့္ေမြးေန႔မွာ အမွတ္တရစကားေတြ အင္စတာဂရမ္ကေန ဖြင့္ဟလာတဲ့ ဖာနန္ဒက္စ္

ယူႏုိက္တက္ကြင္းလယ္လူ ဘရူႏုိဖာနန္ဒက္စ္က သူ႕သမီးေမြးေန႔ ၄ ႏွစ္ျပည့္ အမွတ္တရစကားေတြ အင္စတာဂရမ္ကေန ျပန္လည္ဖြင့္ဟလာခဲ့ပါတယ္။ေ ပၚတူဂီသားဟာ ယူႏုိက္တက္ကို စပို႔တင္းကေန ေပါင္ ၄၆.၆ သန္း ၅ ႏွစ္ခြဲစာခ်ုပ္ခ်ုပ္နဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ ဆုိးလ္ရွားရဲ႕လူစာရင္းထဲကို ၀ုဗ္အသင္းနဲ႔ပြဲမွာ စတင္ပါ၀င္ခြင့္ရရွိခဲ့တာျဖစ္ျပီး ေျခစြမ္းေကာင္းေတြျပသႏိုင္ခဲ့ပါတယ္။ ဒါ့ျပင္ ဖာနန္ဒက္စ္ဟာ သူ႕သမီးျဖစ္သူ မာတယ္ဒီနဲ႔ ၄ ႏွစ္ျပည့္ေမြးေန႔ကိုဆင္ႏႊဲခဲ့ျပီး အင္စတာဂရမ္ကေန တင္ခဲ့ပါတယ္။

သမီးျဖစ္သူရဲ႕ေမြးေန႔အေၾကာင္း အင္စတာဂရမ္မွာ ေရးသားခဲ့ရာမွာေတာ့ “သမီးေလးကို ပထမဆံုးေတြ႕ဆံုခဲ့တဲ့ေန႔ကတြက္မယ္ဆိုရင္ ၄ ႏွစ္ျပည့္ခဲ့တာကို မယံုႏုိင္ပါဘူး။ ေဖေဖ့ ဘ၀ထဲကို သမီး ေရာက္လာတာေဖေဖ့အတြက္က ရတနာတစ္ပါးလိုပါပဲ။ ေန႔ရက္ေတြက အရင္ကနဲ႔မတူပဲကိုိပိုျပီးသာယာလာပါတယ္။ သမီးးက ေဖေဖ့ အတြက္ လမ္းေမာင္းတစ္ခုလိုပါပဲ။ အခ်ိန္ေတြက သတိမထားမိဘဲ လ်င္လ်င္ျမန္ျမန္ပဲ ကုန္ဆံုးသြားခဲ့ပါတယ္။ ဒါေပမဲ့ ေဖေဖ့အခ်စ္ေတြကေတာ့ သမီးေလး အေပၚ ဘယ္ေတာ့မွ မေျပာင္းလဲပါဘူး။

ဒီေန႔ဆို သမီးရဲ႕အသက္တစ္ႏွစ္ၾကီးလာခဲ့ပါျပီ။ သမီး လိုခ်င္သလိုမ်ိဳး အဖိုး ၊ အဘြား ၊ ေမာင္ႏွမ ၊ ဦးေလး ၊ သူငယ္ခ်င္းေတြနဲ႔ ေမြးေန႔ပြဲမက်င္းပေပးႏုိင္ခဲ့တဲ့အတြက္ေတာ့ ေဖေဖ စိတ္မေကာင္းပါဘူး။ ဒါေပမဲ့ ဒီေန႔မွာ ေဖေဖ နဲ႔ ေမေမက သမီးအတြက္အထူးေန႔ေလးတစ္ခုဖန္တီးေပးထားပါတယ္။ သမီးႏွစ္သက္သေဘာက်လိမ့္မယ္လို႔ ေဖေဖ ေမွ်ာ္လင့္ပါတယ္။

မိန္းမေရ….သမီးေလးကို ေမြးဖြားေပးလို႕လည္း ေက်းဇူးတင္ပါတယ္။ မင္းက ငါ့ဘ၀ထဲကို ရတနာတစ္ပါးယူေဆာင္လာေပးခဲ့ပါတယ္”လို႔ ေရးသားတင္ခဲ့ပါတယ္။