သရေကျခဲ့လို့ ပေါက်ကွဲနေတဲ့ တူချယ်
သောမတ်စ်တူချယ်ကချဲလ်ဆီးကစားသမားများအားလာမယ်ပွဲများတွင်
အသင်းဦးဆောင်နေချိန်တွင်စိတ်ဓာတ်မပြောင်းလဲဘဲကစားကြရန် ပြောကြားလာပါတယ်။
ချဲလ်ဆီးဟာမနေ့ညတုန်းကဇင်းနစ်ကိုသုံးဂိုးစီသရေကျပြီးနောက်
ချန်ပီယံလိဂ်အုပ်စုတွင်ဂျူဗင်တပ်နောက်ဒုတိယနေရာဖြင့်သာရပ်တည်ခဲ့ရပါတယ်။
တူချယ်ရဲ့ချဲလ်ဆီးဟာဇင်းနစ်ကိုနှစ်ကြိမ်တိုင်တိုင်ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း
သုံးဂိုးစီသရေဖြင့်ကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။
တူချယ်က “ကျွန်တော့်ကစားသမားတွေကကျွန်တော်ပြောတာနားမထောင်ဘူးလို့
ခင်ဗျား ဆုံးဖြတ်ပြောလာတာကိုဂရုမစိုက်ပါဘူး။ဒါကသိပ်မဟန်ပါဘူး။
ခင်ဗျားနဲ့ခင်ဗျားအမြင်ကို ဒီအတိုင်းပဲထားလိုက်ပါမယ်။ကျွန်တော်တို့ဟာ
ပထမပိုင်း၁၅မိနစ်မှာတော်တော်ကောင်းခဲ့ပါတယ်။ဒါပေမဲ့၁၅မိနစ်လည်းပြီးရေ
ာလုပ်တာတွေကိုရပ်လိုက်ကြတယ်။ဘာကြောင့်ပိုကောင်းတဲ့
အသင်းဖြစ်နေလဲဆိုတဲ့အချက်ကိုမေ့ပစ်လိုက်ကြတယ်။ကျွန်တော်တို့က
အာရုံစိုက်စိုက်မှုနဲ့ကြံ့ခိုင်မှုပိုင်းအရမ်းကောင်းနေလို့ပိုကောင်းတဲ့အသင်းဖြစ်နေတာပါ။
ဒါတွေမရှိတော့ဘူးဆိုရင်၅ရာခိုင်နှုန်းကနေ၁၀ရာခိုင်နှုန်းအထိကျသွားပါပြီ။
နောက်တော့ဂိုးရလဒ်ကိုစဉ်းစားလာကြတယ်။ကိုယ့်ဂိုးကြောင့်ဘဲအပြုအမူတွေ
ပြောင်းလဲသွားခဲ့တယ်။အဲဒီမှာပြစ်ဒဏ်ခတ်ခံရပါတော့တယ်။
ဝက်စ်ဟမ်းပွဲမှာလည်းဖြစ်ပြီးပြီ။ဒီနေ့ထပ်ဖြစ်ပြန်တယ်။ပြန်လည်တုံ့ပြန်လာကတော့
ကောင်းတယ်။နှစ်‌ဂိုးပေးလိုက်ရချိန်မှာချက်ချင်းတုံ့ပြန်လာတယ်။
ဒါပေမဲ့ဦးဆောင်လိုက်တဲ့အချိန်မှာဒါတွေအားလုံး
လွှင့်ပစ်လိုက်ပြန်တယ်”လို့ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးဟာဇင်းနစ်နဲ့ပွဲမှာပွဲအစ၂မိနစ်မှာဝါနာရဲ့ဂိုးဖြင့်
ဦးဆောင်နိုင်ခဲ့ပေမယ့်ပထမပိုင်းမှာ၂-၁ဂိုးဖြင့်ရှုံးနိမ့်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာဝါနာနှင့်လူကာကူတို့ရဲ့ဂိုးနဲ့ပြန်ဦးဆောင်နိုင်ခဲ့ပေမယ့်
နာကျင်အချိန်ပိုမှာချေပဂိုးပေးခဲ့ရပါတယ်။
zawgyi