သရဲနီတွေနဲ့ နေ့လည်စာအတူစားရာက PARKING TICKET အကပ်ခံလိုက်ရတဲ့ ရော်နယ်ဒို

အိုလီဂန်းနားဆိုးလ်ရှားရဲ့ရုန်းကန်နေရတဲ့အသင်းဟာစနေနေ့မန်ချက်စတာဒါဘီ

ပွဲမတိုင်မီကစားသမားများအားလုံးစုဖွဲ့ပြီးနေ့လည်စာအတူသွားရောက်စားသောက်

ခဲ့ကြပါတယ်။ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုကတော့စိတ်မချမ်းသာစရာ

အဖြစ်အပျက်တစ်ခုနဲ့ကြုံခဲ့ရပါတယ်။ အသက်၃၆နှစ်ရှိပေါ်တူဂီစူပါစတားဟာလည်း

မန်ချက်စတာယူနိုက်တက်ကစားသမားများနှင့်အတူအယ်ထရင်ချမ်ရှိ

ဟေးလ်မှ Cibo စားသောက်ဆိုင်တွင်အတူပါဝင်စားသောက်ခဲ့ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားကတော့ယခုအပတ်အရေးပါတဲ့ပွဲမတိုင်မီကစားသမားများ

အကြားစည်းလုံးမှုပိုဖြစ်စေမယ့်ယင်းနေ့လည်စာစားပွဲအတွက်ကျေနပ်နေမှာသေချာပါတယ်။

ရော်နယ်ဒိုဟာနေ့လည်စာအတူစားပွဲသို့ဘလေဇာကုတ်ဝတ်ဆင်တက်ရောက်ခဲ့ပြီး

အခြားမန်ယူကစားသမားများဖြစ်ကြတဲ့ကာဗာနီ၊မက်ဂွိုင်းယား၊ဂျူအန်မာတာ၊

ဂျက်စီလင်ဂတ်၊စကော့မက်တိုမီနေးတို့ကတော့သက်တောင့်သက်သာရှိတဲ့

အပြင်ထွက်ဝတ်စုံတွေဝတ်ဆင်ခဲ့ကြပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာစားသောက်ဆိုင်မှာမန်ယူကစားဖော်များနှင့်အတူ

ပျော်ရွှင်စွာစားသောက်ခဲ့ရပေမယ့်လည်းပြန်ထွက်လာချိန်မှာတော့

စိတ်အနှောက်အယှက်ဖြစ်စရာကြုံခဲ့ရပါတယ်။

ရော်နယ်ဒိုရဲ့ Range Rover ကားမှာ Parking Ticket ကပ်ခံထားရတာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာယာဉ်မရပ်ရနေရာမှာရပ်နားထားမှုအတွက်ဒဏ်ကြေးပေးဆောင်

ရတော့မှာဖြစ်ပါတယ်။ဒါ့အပြင်ဖရက်ရဲ့Bentley ကားမှာလည်း Parking Ticket

ကပ်ထားရပါတယ်။

Zawgyi

သရဲနီေတြနဲ႔ ေန႔လည္စာအတူစားရာက PARKING TICKET အကပ္ခံလိုက္ရတဲ့ ေရာ္နယ္ဒို
အိုလီဂန္းနားဆိုးလ္ရွားရဲ႕႐ုန္းကန္ေနရတဲ့အသင္းဟာစေနေန႔မန္ခ်က္စတာဒါဘီ

ပြဲမတိုင္မီကစားသမားမ်ားအားလုံးစုဖြဲ႕ၿပီးေန႔လည္စာအတူသြားေရာက္စားေသာက္

ခဲ့ၾကပါတယ္။ဒါေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုကေတာ့စိတ္မခ်မ္းသာစရာ

အျဖစ္အပ်က္တစ္ခုနဲ႔ႀကဳံခဲ့ရပါတယ္။ အသက္၃၆ႏွစ္ရွိေပၚတူဂီစူပါစတားဟာလည္း

မန္ခ်က္စတာယူႏိုက္တက္ကစားသမားမ်ားႏွင့္အတူအယ္ထရင္ခ်မ္ရွိ

ေဟးလ္မွ Cibo စားေသာက္ဆိုင္တြင္အတူပါဝင္စားေသာက္ခဲ့ပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားကေတာ့ယခုအပတ္အေရးပါတဲ့ပြဲမတိုင္မီကစားသမားမ်ား

အၾကားစည္းလုံးမႈပိုျဖစ္ေစမယ့္ယင္းေန႔လည္စာစားပြဲအတြက္ေက်နပ္ေနမွာေသခ်ာပါတယ္။

ေရာ္နယ္ဒိုဟာေန႔လည္စာအတူစားပြဲသို႔ဘေလဇာကုတ္ဝတ္ဆင္တက္ေရာက္ခဲ့ၿပီး

အျခားမန္ယူကစားသမားမ်ားျဖစ္ၾကတဲ့ကာဗာနီ၊မက္ဂြိဳင္းယား၊ဂ်ဴအန္မာတာ၊

ဂ်က္စီလင္ဂတ္၊စေကာ့မက္တိုမီေနးတို႔ကေတာ့သက္ေတာင့္သက္သာရွိတဲ့

အျပင္ထြက္ဝတ္စုံေတြဝတ္ဆင္ခဲ့ၾကပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာစားေသာက္ဆိုင္မွာမန္ယူကစားေဖာ္မ်ားႏွင့္အတူ

ေပ်ာ္႐ႊင္စြာစားေသာက္ခဲ့ရေပမယ့္လည္းျပန္ထြက္လာခ်ိန္မွာေတာ့

စိတ္အေႏွာက္အယွက္ျဖစ္စရာႀကဳံခဲ့ရပါတယ္။

ေရာ္နယ္ဒိုရဲ႕ Range Rover ကားမွာ Parking Ticket ကပ္ခံထားရတာျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာယာဥ္မရပ္ရေနရာမွာရပ္နားထားမႈအတြက္ဒဏ္ေၾကးေပးေဆာင္

ရေတာ့မွာျဖစ္ပါတယ္။ဒါ့အျပင္ဖရက္ရဲ႕Bentley ကားမွာလည္း Parking Ticket

ကပ္ထားရပါတယ္။