သရဲနီတွေရဲ့ဒဏ်ရာကို ဆားသိပ်ပေးဖို့ကြိုးစားမယ့် အာဆင်နယ်အတွက် သတင်းကောင်းတစ်ရပ် ထွက်ပေါ်လာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းကွင်းလယ်လူ သောမတ်စ်ပါတေးဟာ စနေနေ့မှာကစားရမယ့် ယူနိုက်တက်နဲ့ပွဲကြီးပွဲကောင်းအမီ ကြံ့ခိုင်မှုအပြည့် ပြန်လည်ရရှိဖွယ်ရှိနေပါတယ်။

ဂါနာလက်ရွေးစင် ပါတေးဟာ ဆောက်သမ်တန်ကို ၁-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဒဏ်ရာကြောင့် ဒုတိယပိုင်းမှာ လူစားထိုးခံခဲ့ရရာ အိမ်ကွင်းမှာ ဧည့်ခံကစားရမယ့် ယူနိုက်တက်နဲ့ပွဲကို လွဲချော်ဖွယ်ရှိတယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။

ကြာသပတေးနေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အာဆင်နယ်အသင်းနည်းပြ အာတီတာက ဆောက်သမ်တန်နဲ့ပွဲမှာ အသေးစားဒဏ်ရာရခဲ့တဲ့ ကွင်းလယ်လူ စမစ်ရိုဝီရော ပါတေးပါ ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်နိုင်မလားဆိုတာ သူကိုယ်တိုင်လည်း မသိကြောင်း ဝန်ခံခဲ့ပါတယ်။

”ယူနိုက်တက်နဲ့ပွဲမှာ ပါတေးနဲ့ စမစ်ရိုဝီတု့ိ ပါဝင်နိုင်မလားဆိုတာ ကျွန်တော်လည်း သေချာမသိသေးပါဘူး။ သူတို့ဟာ နည်းနည်းနာကျင်နေပြီး သူတို့ရဲ့ဒဏ်ရာအခြေအနေတိုးတက်မှုကို စောင့်ကြည့်ရမှာပါ။ ပွဲကစားဖို့ လိုသေးပေမယ့် သူတို့ရဲ့အခြေအနေသိရဖို့ သိပ်မလိုတော့ပါဘူး”လို့ အာတီတာက ပြောခဲ့ပါတယ်။

ယခုအခါ Goal သတင်းဌာနက ပါတေးအနေနဲ့ ဒဏ်ရာကနေ အကောင်းဆုံးပြန်လည်သက်သာနေတယ်လို့ ရေးသားဖော်ပြခဲ့ပြီး ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်နိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း သူနဲ့နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နွေရာသီက အက်သလက်တီကိုကနေ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ပါတေးဟာ ယနေ့မှာ နောက်ဆုံးအကြိမ် စစ်ဆေးမှုခံယူရမှာဖြစ်ပြီး ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့ ဆေးအဖွဲ့ကလည်း သူ့ကို မီးစိမ်းပြဖွယ်ရှိနေပါတယ်။

ပါတေး ပါဝင်လာနိုင်တာက နည်းပြအာတီတာအတွက် ကြီးမားတဲ့သတင်းကောင်းတစ်ရပ်ဖြစ်ပြီး အသင်းခေါင်ေးဆာင် အူဘာမီယန်ကတော့ ဆက်လက်လွဲချော်ဦးမှာဖြစ်ပါတယ်။

တိုက်စစ်မှူး အူဘာမီယန်ဟာ မိခင်ဖြစ်သူရဲ့ကျန်းမာရေးအခြေအနေကြောင့် အသင်းရဲ့နောက်ဆုံး ၂ပွဲကို လွဲချော်ခဲ့ရပြီး တကယ်လို့ အသင်နဲ့ပြန်လည်ပူးပေါင်းမယ်ဆိုရင်လည်း ကိုဗစ်-၁၉ စစ်ဆေးမှု အရင်ခံယူရဦးမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

သရဲနီေတြရဲ႕ဒဏ္ရာကို ဆားသိပ္ေပးဖို႔ႀကိဳးစားမယ့္ အာဆင္နယ္အတြက္ သတင္းေကာင္းတစ္ရပ္ ထြက္ေပၚလာ

အာဆင္နယ္အသင္းကြင္းလယ္လူ ေသာမတ္စ္ပါေတးဟာ စေနေန႔မွာကစားရမယ့္ ယူႏိုက္တက္နဲ႔ပြဲႀကီးပြဲေကာင္းအမီ ႀကံ့ခိုင္မႈအျပည့္ ျပန္လည္ရရွိဖြယ္ရွိေနပါတယ္။ ဂါနာလက္ေ႐ြးစင္ ပါေတးဟာ ေဆာက္သမ္တန္ကို ၁-၃ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ ဒဏ္ရာေၾကာင့္ ဒုတိယပိုင္းမွာ လူစားထိုးခံခဲ့ရရာ အိမ္ကြင္းမွာ ဧည့္ခံကစားရမယ့္ ယူႏိုက္တက္နဲ႔ပြဲကို လြဲေခ်ာ္ဖြယ္ရွိတယ္ဆိုတဲ့ စိုးရိမ္မႈေတြလည္း ထြက္ေပၚလာပါတယ္။ ၾကာသပေတးေန႔က ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ အာဆင္နယ္အသင္းနည္းျပ အာတီတာက ေဆာက္သမ္တန္နဲ႔ပြဲမွာ အေသးစားဒဏ္ရာရခဲ့တဲ့ ကြင္းလယ္လူ စမစ္႐ိုဝီေရာ ပါေတးပါ ယူႏိုက္တက္နဲ႔ပြဲမွာ ပါဝင္ႏိုင္မလားဆိုတာ သူကိုယ္တိုင္လည္း မသိေၾကာင္း ဝန္ခံခဲ့ပါတယ္။

”ယူႏိုက္တက္နဲ႔ပြဲမွာ ပါေတးနဲ႔ စမစ္႐ိုဝီတု႔ိ ပါဝင္ႏိုင္မလားဆိုတာ ကြၽန္ေတာ္လည္း ေသခ်ာမသိေသးပါဘူး။ သူတို႔ဟာ နည္းနည္းနာက်င္ေနၿပီး သူတို႔ရဲ႕ဒဏ္ရာအေျခအေနတိုးတက္မႈကို ေစာင့္ၾကည့္ရမွာပါ။ ပြဲကစားဖို႔ လိုေသးေပမယ့္ သူတို႔ရဲ႕အေျခအေနသိရဖို႔ သိပ္မလိုေတာ့ပါဘူး”လို႔ အာတီတာက ေျပာခဲ့ပါတယ္။ ယခုအခါ Goal သတင္းဌာနက ပါေတးအေနနဲ႔ ဒဏ္ရာကေန အေကာင္းဆုံးျပန္လည္သက္သာေနတယ္လို႔ ေရးသားေဖာ္ျပခဲ့ၿပီး ကစားသမားကိုယ္တိုင္ကလည္း ယူႏိုက္တက္နဲ႔ပြဲမွာ ပါဝင္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ထားေၾကာင္း သူနဲ႔နီးစပ္သူေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီက အက္သလက္တီကိုကေန စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၄၅ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ ပါေတးဟာ ယေန႔မွာ ေနာက္ဆုံးအႀကိမ္ စစ္ေဆးမႈခံယူရမွာျဖစ္ၿပီး ယူႏိုက္တက္နဲ႔ပြဲမွာ ပါဝင္ႏိုင္ဖို႔ ေဆးအဖြဲ႕ကလည္း သူ႔ကို မီးစိမ္းျပဖြယ္ရွိေနပါတယ္။ ပါေတး ပါဝင္လာႏိုင္တာက နည္းျပအာတီတာအတြက္ ႀကီးမားတဲ့သတင္းေကာင္းတစ္ရပ္ျဖစ္ၿပီး အသင္းေခါင္ေးဆာင္ အူဘာမီယန္ကေတာ့ ဆက္လက္လြဲေခ်ာ္ဦးမွာျဖစ္ပါတယ္။ တိုက္စစ္မႉး အူဘာမီယန္ဟာ မိခင္ျဖစ္သူရဲ႕က်န္းမာေရးအေျခအေနေၾကာင့္ အသင္းရဲ႕ေနာက္ဆုံး ၂ပြဲကို လြဲေခ်ာ္ခဲ့ရၿပီး တကယ္လို႔ အသင္နဲ႔ျပန္လည္ပူးေပါင္းမယ္ဆိုရင္လည္း ကိုဗစ္-၁၉ စစ္ေဆးမႈ အရင္ခံယူရဦးမွာျဖစ္ပါတယ္။