ဘာဂါမိုမှဒေသတွင်းအာဏာပိုင်များဟာအတ္တလန္တာနှင့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အတွက်
လာရောက်မယ့်မန်ချက်စတာပရိသတ်များအားအကြီးအကျယ်စိုးရိမ်နေပြီး
အရက်သေစာရောင်းချမှုပိတ်ပင်လိုက်ကြောင်းသိရပါတယ်။
မန်ယူပရိသတ်များဟာလာမယ့်အင်္ဂါနေ့တွင် Gewiss Stadium တွင်
ကစားမယ့်အတ္တလန္တာနှင့်ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်ကို
လာရောက်ကြည့်ကြပါမယ်။အတ္တလန္တာဟာအိုးထရက်ဖို့ဒ်မှာကစားတုန်းက
မန်ယူကို၃-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။
ဒေသတွင်းအာဏာပိုင်များဟာမန်ယူပရိသတ်များဆူပူသောင်းကျန်းမှုများ
ဖြစ်လာနိုင်တဲ့အခြေအနေကိုတားဆီးရန်အတွက်လုံခြုံရေး
တင်းကြပ်မှုပြုလုပ်နေတာလည်းဖြစ်ပါတယ်။
အင်္ဂါနေ့နံနက်ပိုင်းမှဗုဒ္ဓဟူးနေ့နံနက်ပိုင်းအထိကွင်းပတ်ဝန်းကျင်နှင့်
သမိုင်းအဆောက်အဦရှိရာ ဘာဂါမိုအယ်လ်တာတို့ရှိဘားများ၊စားသောက်ဆိုင်များ၊
ဆိုင်များတွင်အယ်ကိုဟော၅ရာခိုင်နှုန်းအထက်ပါဝင်တဲ့အရက်များရောင်းချခြင်း
ပိတ်ပင်မှုပြုလုပ်ထားပါတယ်။ဒါ့အပြင်ဝိုင်များကိုလည်းရောင်းချမှုကိုပိတ်ပင်ထားပါတယ်။
zawgyi
သရဲနီပရိသတ်များ ဘာဂါမိုတွင် လုံခြုံရေးတင်းကြပ်မှုများနှင့်ကြုံရနိုင်