သရဲနီဘဝမရောက်ခဲ့တဲ့ ဆန်ချိုရဲ့ ခက်ခဲခဲ့တဲ့ နေ့စွဲများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆန်ချို နဲ့ ယူနိုက်တက်၊ ယူနိုက်တက်နဲ့ ဆန်ချို စတဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတုန်းက လှိုင်လှိုင်ကြီး ထွက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ သင်္ကြန် အမြောက် ဖြစ်သွားခဲ့ရပါတယ်။ ဒေါ့မွန် တောင်ပံ ကစား သမားလေး ဂျေဒန် ဆန်ချို တစ်ယောက် နာမည်ကြီး ထမင်း ငတ်ဖြစ်ပြီး ၊ နောက်ဆုံး ခြေစွမ်း ကောင်းပြသနိုင်ဖို့တောင် ရုန်းကန်ရပါတော့တယ်။

အခုတော့ ဆန်ချိုက ယူနိုက်တက်အသင်းဆီသူ့အနေနဲ့ မပြောင်းရွှေ့ ဖြစ်ခဲ့တာနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ ကို ပြည်ဖုံးကားချလိုက်ပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို လာပါတယ်။“ဒီရာသီ က ကျွန်တော့ ဘ၀ မှာ အခက်ခဲဆုံး ဆိုတာ ငြင်းစရာကို မရှိခဲ့ ပါဘူး ။ ဒါပေမယ့် အခု ကျွန်တော် ပြီးခဲ့တာတွေ ကို နောက်မှာ ချန်ထား နိုင်ခဲ့ပြီလို့ ထင်ပါတယ် ။ ကျွန်တော့ရဲ့ ကစားပွဲတွေအတွက်ပဲ အာရုံစိုက်ပြီး ရှေ့ဆက်သွားတော့မှာပါ”

“ကျွန်တော့်ရဲ့စွမ်းဆောင်ရည်တွေ ကျဆင်းနေပြီဆိုတာ သတိထားမိမိချင်းမှာပဲ ပွဲတိုင်းကို အာရုံပိုစိုက်လာခဲ့ပါတယ်။ အရင်လို ပုံစံကောင်းမျိုး ပြန်လည်ပြသနိုင်ဖို့အတွက်လည်း ကြိုးစားခဲ့ပါတယ်။ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာရော ပွဲစဉ်တွေအတွင်းမှာပါ ကျွန်တော်နေ့စဉ်တိုင်း ကြိုးစားနေပါတယ်။” “အခု အဲဒီ အားထုတ်မှုတွေရဲ့ အကျိုးဆက်ကို ပြန်ရလာပြီလို့လည်း ထင်ပါတယ်။ အဲဒီအတွက်လည်း ကျွန်တော် ပျော်ရွှင်ရပါတယ်။ ဂိုးတွေ သွင်းနိုင်တာ၊ ဂိုးတွေ ပြန်ဖန်တီးနိုင်တာတွေအတွက်လည်း ဝမ်းသာမိပါတယ်” လို့ ဆန်ချိုက ပြောဆိုသွားခဲ့ ပါတယ်။

ယူနိုက်တက်ဟာ ဂျေဒန်ဆန်ချို ကို ခေါ်ယူဖို့ ကြိုးစား ခဲ့ပေမယ့် ကိုဗစ်ကာလအတွင်းမှာ ဒေါ့မွန် အသင်း ဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၀၈ သန်း ကို မပေးချေ လိုခဲ့တာ ကြောင့် အပြောင်း အရွှေ့ မဖြစ်မြောက် လာခဲ့ ပါဘူး ။ အဲဒီနောက်ပိုင်း ဆန်ချို တစ်ယောက် ကစားသမားဘ၀ ဖိစီးထိခိုက်မှုတွေခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဆန်ချို ဟာ ၂၀၂၀ ကုန်ဆုံး ခါနီးမှာ ပုံစံကောင်းတွေ ပြန်လည် ရရှိ လာခဲ့ပြီး လိုက်ပ်ဇစ် ကို ၃ – ၁ နဲ့ အနိုင် ရခဲ့တဲ့ ပွဲ အပါအဝင် နောက်ဆုံး ၃ ပွဲမှာ ဂိုးတွေ ဆက်တိုက် သွင်းနိုင် လာခဲ့ ပါတယ်။

ဒါပေမယ့် တစ်ဖက်မှာတော့ ယူနိုက်တက်ဘက်ကဆန်ချိုကို ခေါ်ယူသွားဖို့ လက်မလျော့သေးပါဘူး။ ဒါ့အပြင် ဆန်ချိုရဲ့အသင်းဖော် တိုက်စစ်မှူးဟာလန်းကိုပါ ယူနိုက်တက် အသင်းက ပစ်မှတ်ထားထားတာပါ။ ဇန်နဝါရီ ဈေးကွက်မှာ ယူနိုက်တက် ရွှေ့မယ့် အကွက်တွေကို ဆက်လက်စောင့်ကြည့်ကြရအောင်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆန္ခ်ိဳ နဲ႔ ယူႏိုက္တက္၊ ယူႏိုက္တက္နဲ႔ ဆန္ခ်ိဳ စတဲ့ အေျပာင္းအေ႐ႊ႕ သတင္းေတြဟာ ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ကာလတုန္းက လႈိင္လႈိင္ႀကီး ထြက္ခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ သၾကၤန္ အေျမာက္ ျဖစ္သြားခဲ့ရပါတယ္။ ေဒါ့မြန္ ေတာင္ပံ ကစား သမားေလး ေဂ်ဒန္ ဆန္ခ်ိဳ တစ္ေယာက္ နာမည္ႀကီး ထမင္း ငတ္ျဖစ္ၿပီး ၊ ေနာက္ဆုံး ေျခစြမ္း ေကာင္းျပသႏိုင္ဖို႔ေတာင္ ႐ုန္းကန္ရပါေတာ့တယ္။

အခုေတာ့ ဆန္ခ်ိဳက ယူႏိုက္တက္အသင္းဆီသူ႔အေနနဲ႔ မေျပာင္းေ႐ႊ႕ ျဖစ္ခဲ့တာနဲ႔ ပတ္သက္တဲ့ ကိစၥရပ္ေတြ ကို ျပည္ဖုံးကားခ်လိုက္ၿပီ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆို လာပါတယ္။“ဒီရာသီ က ကြၽန္ေတာ့ ဘ၀ မွာ အခက္ခဲဆုံး ဆိုတာ ျငင္းစရာကို မရွိခဲ့ ပါဘူး ။ ဒါေပမယ့္ အခု ကြၽန္ေတာ္ ၿပီးခဲ့တာေတြ ကို ေနာက္မွာ ခ်န္ထား ႏိုင္ခဲ့ၿပီလို႔ ထင္ပါတယ္ ။ ကြၽန္ေတာ့ရဲ႕ ကစားပြဲေတြအတြက္ပဲ အာ႐ုံစိုက္ၿပီး ေရွ႕ဆက္သြားေတာ့မွာပါ”

“ကြၽန္ေတာ့္ရဲ႕စြမ္းေဆာင္ရည္ေတြ က်ဆင္းေနၿပီဆိုတာ သတိထားမိမိခ်င္းမွာပဲ ပြဲတိုင္းကို အာ႐ုံပိုစိုက္လာခဲ့ပါတယ္။ အရင္လို ပုံစံေကာင္းမ်ိဳး ျပန္လည္ျပသႏိုင္ဖို႔အတြက္လည္း ႀကိဳးစားခဲ့ပါတယ္။ အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္ေတြမွာေရာ ပြဲစဥ္ေတြအတြင္းမွာပါ ကြၽန္ေတာ္ေန႔စဥ္တိုင္း ႀကိဳးစားေနပါတယ္။” “အခု အဲဒီ အားထုတ္မႈေတြရဲ႕ အက်ိဳးဆက္ကို ျပန္ရလာၿပီလို႔လည္း ထင္ပါတယ္။ အဲဒီအတြက္လည္း ကြၽန္ေတာ္ ေပ်ာ္႐ႊင္ရပါတယ္။ ဂိုးေတြ သြင္းႏိုင္တာ၊ ဂိုးေတြ ျပန္ဖန္တီးႏိုင္တာေတြအတြက္လည္း ဝမ္းသာမိပါတယ္” လို႔ ဆန္ခ်ိဳက ေျပာဆိုသြားခဲ့ ပါတယ္။

ယူႏိုက္တက္ဟာ ေဂ်ဒန္ဆန္ခ်ိဳ ကို ေခၚယူဖို႔ ႀကိဳးစား ခဲ့ေပမယ့္ ကိုဗစ္ကာလအတြင္းမွာ ေဒါ့မြန္ အသင္း ဘက္က ေတာင္းဆိုတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၀၈ သန္း ကို မေပးေခ် လိုခဲ့တာ ေၾကာင့္ အေျပာင္း အေ႐ႊ႕ မျဖစ္ေျမာက္ လာခဲ့ ပါဘူး ။ အဲဒီေနာက္ပိုင္း ဆန္ခ်ိဳ တစ္ေယာက္ ကစားသမားဘ၀ ဖိစီးထိခိုက္မႈေတြခံခဲ့ရပါတယ္။ ေနာက္ဆုံးမွာေတာ့ ဆန္ခ်ိဳ ဟာ ၂၀၂၀ ကုန္ဆုံး ခါနီးမွာ ပုံစံေကာင္းေတြ ျပန္လည္ ရရွိ လာခဲ့ၿပီး လိုက္ပ္ဇစ္ ကို ၃ – ၁ နဲ႔ အႏိုင္ ရခဲ့တဲ့ ပြဲ အပါအဝင္ ေနာက္ဆုံး ၃ ပြဲမွာ ဂိုးေတြ ဆက္တိုက္ သြင္းႏိုင္ လာခဲ့ ပါတယ္။ ဒါေပမယ့္ တစ္ဖက္မွာေတာ့ ယူႏိုက္တက္ဘက္ကဆန္ခ်ိဳကို ေခၚယူသြားဖို႔ လက္မေလ်ာ့ေသးပါဘူး။ ဒါ့အျပင္ ဆန္ခ်ိဳရဲ႕အသင္းေဖာ္ တိုက္စစ္မႉးဟာလန္းကိုပါ ယူႏိုက္တက္ အသင္းက ပစ္မွတ္ထားထားတာပါ။ ဇန္နဝါရီ ေဈးကြက္မွာ ယူႏိုက္တက္ ေ႐ႊ႕မယ့္ အကြက္ေတြကို ဆက္လက္ေစာင့္ၾကည့္ၾကရေအာင္ပါ။