သရဲနီဟောင်း ကာဂါဝါရဲ့ ကောင်းကင်ဟာ မှောင်မည်းလို့…

မန်ချက်စတာယူနိုက်တက်နာမည်ကျော်ကစားသမားဟောင်းကာဂါဝါဟာ

အခုဆိုရင် ဂရိထိပ်သီးကလပ်ဖြစ်တဲ့ PAOK အသင်းနဲ့

နှစ်ဦးနှစ်ဖက်သဘောတူညီမှုအရ စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်တာကြောင့်

အသင်းလက်မဲ့ဖြစ်သွားပါပြီ။ကာဂါဝါဟာ အခုနှစ်၊ ဇန်နဝါရီလကမှ

PAOK အသင်းဆီ (၁)နှစ်ခွဲစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပေမယ့်

ပုံမှန်ကစားခွင့်မရခဲ့ဘဲ (၁)နှစ်နီးပါးကာလအတွင်းစုစုပေါင်း(၁၂)ပွဲသာ

ကစားခွင့်ရခဲ့သလို တစ်ဂိုးမှမသွင်းနိုင်ခဲ့ဘဲ

ကာဂါဝါက စာချုပ်လက်ကျန်(၆)လကို ဖျက်သိမ်းဖို့အတွက်တာဝန်ရှိသူတွေနဲ့

သဘောတူညီမှုရယူခဲ့တာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်တုန်းက ယူနိုက်တက်ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ရဲ့ခေါ်ဆောင်မှုနဲ့အတူ

ပရီးမီးယားလိဂ်မြေကို ခြေချခွင့်ရခဲ့ပြီးနောဝစ်ချ်ကို ဟက်ထရစ်သွင်းယူခဲ့လို့

ပရီးမီးယားလိဂ်မှာ ဟက်ထရစ်သွင်းခဲ့တဲ့

ပထမဆုံးအာရှကစားသမား၊ ပထမဆုံးဂျပန်ကစားသမားစတဲ့

စံချိန်တွေပိုင်ဆိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဖာဂူဆန်မရှိတော့တဲ့နောက်

ကာဂါဝါလည်း ယူနိုက်တက်မှာရုန်းကန်လာရပြီး ၂၀၁၄ ခုနှစ်မှာ

အသင်းဟောင်းဒေါ့မွန်ဆီပြန်လည်ပြောင်းရွှေ့ခဲ့ပေမယ့်

(၅)နှစ်အကြာမှာပဲ ဇာရာဂိုဇာ၊ PAOK စတဲ့အသင်းတွေဆီ

ပြောင်းရွှေ့ကစားခဲ့ပါတယ်။အသက်(၃၂)နှစ်အရွယ်ဆိုတာ

ဘောလုံးသမားတစ်ဦးအတွက် အတွေ့အကြုံ၊

ခြေစွမ်းပိုင်းအရ ရင့်ကျက်တဲ့အရွယ်လို့သတ်မှတ်ရမှာဖြစ်ပေမယ့်

ကာဂါဝါကတော့ အသင်းလက်မဲ့ဖြစ်နေပြီး အနာဂတ်လမ်းပျောက်နေပြီပဲဖြစ်ပါတယ်။

zawgyi

သရဲနီေဟာင္း ကာဂါဝါရဲ႕ ေကာင္းကင္ဟာ ေမွာင္မည္းလို႔…

မန္ခ်က္စတာယူႏိုက္တက္နာမည္ေက်ာ္ကစားသမားေဟာင္းကာဂါဝါဟာ

အခုဆိုရင္ ဂရိထိပ္သီးကလပ္ျဖစ္တဲ့ PAOK အသင္းနဲ႔

ႏွစ္ဦးႏွစ္ဖက္သေဘာတူညီမႈအရ စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီျဖစ္တာေၾကာင့္

အသင္းလက္မဲ့ျဖစ္သြားပါၿပီ။ကာဂါဝါဟာ အခုႏွစ္၊ ဇန္နဝါရီလကမွ

PAOK အသင္းဆီ (၁)ႏွစ္ခြဲစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္

ပုံမွန္ကစားခြင့္မရခဲ့ဘဲ (၁)ႏွစ္နီးပါးကာလအတြင္းစုစုေပါင္း(၁၂)ပြဲသာ

ကစားခြင့္ရခဲ့သလို တစ္ဂိုးမွမသြင္းႏိုင္ခဲ့ဘဲ

ကာဂါဝါက စာခ်ဳပ္လက္က်န္(၆)လကို ဖ်က္သိမ္းဖို႔အတြက္တာဝန္ရွိသူေတြနဲ႔

သေဘာတူညီမႈရယူခဲ့တာျဖစ္ပါတယ္။၂၀၁၂ ခုႏွစ္တုန္းက

ယူႏိုက္တက္ဂႏၴဝင္နည္းျပႀကီးဖာဂူဆန္ရဲ႕ေခၚေဆာင္မႈနဲ႔အတူ

ပရီးမီးယားလိဂ္ေျမကို ေျခခ်ခြင့္ရခဲ့ၿပီးေနာဝစ္ခ်္ကို ဟက္ထရစ္သြင္းယူခဲ့လို႔

ပရီးမီးယားလိဂ္မွာ ဟက္ထရစ္သြင္းခဲ့တဲ့

ပထမဆုံးအာရွကစားသမား၊ ပထမဆုံးဂ်ပန္ကစားသမားစတဲ့

စံခ်ိန္ေတြပိုင္ဆိုင္ခဲ့ပါတယ္။ဒါေပမဲ့လည္း ဖာဂူဆန္မရွိေတာ့တဲ့ေနာက္

ကာဂါဝါလည္း ယူႏိုက္တက္မွာ႐ုန္းကန္လာရၿပီး ၂၀၁၄ ခုႏွစ္မွာ

အသင္းေဟာင္းေဒါ့မြန္ဆီျပန္လည္ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္

(၅)ႏွစ္အၾကာမွာပဲ ဇာရာဂိုဇာ၊ PAOK စတဲ့အသင္းေတြဆီ

ေျပာင္းေ႐ႊ႕ကစားခဲ့ပါတယ္။အသက္(၃၂)ႏွစ္အ႐ြယ္ဆိုတာ

ေဘာလုံးသမားတစ္ဦးအတြက္ အေတြ႕အႀကဳံ၊

ေျခစြမ္းပိုင္းအရ ရင့္က်က္တဲ့အ႐ြယ္လို႔သတ္မွတ္ရမွာျဖစ္ေပမယ့္

ကာဂါဝါကေတာ့ အသင္းလက္မဲ့ျဖစ္ေနၿပီး အနာဂတ္လမ္းေပ်ာက္ေနၿပီပဲျဖစ္ပါတယ္။