ပွဲအစ ၅ စက္ကန့်အတွင်း ဂိုးသွင်းစံချိန်ကို ပိုင်ဆိုင်ထားတဲ့ သရဲနီ ညာနောက်ခံလူငယ်လေး မာ့ခ်ဟူရာဒို

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်က ဘာစီလိုနာအသင်းရဲ့

လူငယ်ကြယ်ပွင့်ကစားသမားဖြစ်သူ မာ့ခ်ဟူရာဒိုကို ပေါင်(၁.၅)သန်းနဲ့ခေါ်ယူခဲ့ပြီး

သူ့အရည်အချင်းအရ ဒီပမာဏက ပေးပျော်တယ်လို့သတ်မှတ်ရမှာပါ။

အသက်(၁၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ဟူရာဒိုဟာ အခုဆိုရင် ယူနိုက်တက်ယူ-၁၈

အသင်းမှာ ပုံမှန်ကစားခွင့်ရနေပြီး ဘာစီလိုနာအသင်းက သူတို့လူငယ်ကြယ်ပွင့်ကို

လက်မလွှတ်လိုဘဲ (၃)နှစ်စာချုပ်ချုပ်ဖို့ကြိုးစားခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က

ယူနိုက်တက်ဆီပြောင်းရွှေ့ချင်တာကြောင့် ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

ညာနောက်ခံလူဖြစ်ပေမယ့် တိုက်စစ်လိုက်ပါမှုကောင်းမွန်ပြီး ပြိုင်ဘက်တွေကို

ပြေးအားကောင်းကောင်းနဲ့ကျော်ဖြတ်ကစားနိုင်တာကြောင့် မကြာခင်

ယူနိုက်တက်အသင်းကြီးမှာ သူ့ကို မြင်တွေ့ရဖို့ရှိနေပါပြီ။ ဟူရာဒိုအတွက်

ဂုဏ်ယူစရာကောင်းတဲ့မှတ်တမ်းက ဘာစီလိုနာလူငယ်အသင်းမှာကစားခဲ့ချိန်က

ပွဲစဉ်တစ်ပွဲမှာ ပွဲအစ(၅)စက္ကန့်မှာပဲဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ဒါက

လူငယ်ပြိုင်ပွဲတွေမှာ အမြန်ဆုံးဂိုးအဖြစ် စံချိန်တင်ထားတာဖြစ်ပါတယ်။

ဘာစီလိုနာမြို့နဲ့(၁၈)မိုင်အကွာ Sabadell အရပ်မှာမွေးဖွားခဲ့သူ ဟူရာဒိုဟာ

အသက်(၇)နှစ်အရွယ်မှာပဲ ဘာစီလိုနာရဲ့နာမည်ကျော်လာမာစီယာအကယ်ဒမီကို

ရောက်ရှိခဲ့သူပါ။ ဘာစီလိုနာတာဝန်ရှိသူတွေက ဟူရာဒိုကို အသင်းအနာဂတ်မှာ

အားထားရမယ့်ကစားသမားအဖြစ် သတ်မှတ်ခဲ့ပြီး အန်ဆုဖာတီ၊ မော်ရီဘာတို့ကို

နှစ်ရှည်စာချုပ်သက်တမ်းချုပ်ဆိုခဲ့ပြီးတဲ့နောက် ဟူရာဒိုကိုလည်း စာချုပ်

သက်တမ်းတိုးဖို့ကြိုးပမ်းခဲ့ပေမယ့် သူက အနာဂတ်မှာ ပွဲထွက်ခွင့်တစ်နေရာရဖို့ဆိုရင်

ယူနိုက်တက်အသင်းက အသင့်တော်ဆုံးလို့ယူဆခဲ့တာကြောင့် ဘာစီလိုနာ

အသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာ ယူနိုက်တက်အသင်းရဲ့ညာနောက်ခံလူအဖြစ် ဘစ်ဆာကာက

ပုံမှန်ကစားခွင့်ရနေပေမယ့် တိုက်စစ်လိုက်ပါမှုအားနည်းတဲ့အပြင်

အခုနောက်ပိုင်းပွဲတွေမှာ စွမ်းဆောင်ရည်ကျဆင်းနေတယ်လို့ ဝေဖန်ခံနေရ

တာကြောင့် မကြာခင်ကာလအတွင်း ဟူရာဒိုဟာ ယူနိုက်တက်စီနီယာ

အသင်းမှာပါဝင်ကစားခွင့်ရမလားဆိုတာကတော့ . . .

zawgyi

ပြဲအစ ၅ စကၠန႔္အတြင္း ဂိုးသြင္းစံခ်ိန္ကို ပိုင္ဆိုင္ထားတဲ့ သရဲနီ ညာေနာက္ခံလူငယ္ေလး မာ့ခ္ဟူရာဒို

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္က ဘာစီလိုနာအသင္းရဲ႕

လူငယ္ၾကယ္ပြင့္ကစားသမားျဖစ္သူ မာ့ခ္ဟူရာဒိုကို ေပါင္(၁.၅)သန္းနဲ႔ေခၚယူခဲ့ၿပီး

သူ႔အရည္အခ်င္းအရ ဒီပမာဏက ေပးေပ်ာ္တယ္လို႔သတ္မွတ္ရမွာပါ။

အသက္(၁၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ဟူရာဒိုဟာ အခုဆိုရင္ ယူႏိုက္တက္ယူ-၁၈

အသင္းမွာ ပုံမွန္ကစားခြင့္ရေနၿပီး ဘာစီလိုနာအသင္းက သူတို႔လူငယ္ၾကယ္ပြင့္ကို

လက္မလႊတ္လိုဘဲ (၃)ႏွစ္စာခ်ဳပ္ခ်ဳပ္ဖို႔ႀကိဳးစားခဲ့ေပမယ့္ ကစားသမားကိုယ္တိုင္က

ယူႏိုက္တက္ဆီေျပာင္းေ႐ႊ႕ခ်င္တာေၾကာင့္ ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။

ညာေနာက္ခံလူျဖစ္ေပမယ့္ တိုက္စစ္လိုက္ပါမႈေကာင္းမြန္ၿပီး ၿပိဳင္ဘက္ေတြကို

ေျပးအားေကာင္းေကာင္းနဲ႔ေက်ာ္ျဖတ္ကစားႏိုင္တာေၾကာင့္ မၾကာခင္

ယူႏိုက္တက္အသင္းႀကီးမွာ သူ႔ကို ျမင္ေတြ႕ရဖို႔ရွိေနပါၿပီ။ ဟူရာဒိုအတြက္

ဂုဏ္ယူစရာေကာင္းတဲ့မွတ္တမ္းက ဘာစီလိုနာလူငယ္အသင္းမွာကစားခဲ့ခ်ိန္က

ပြဲစဥ္တစ္ပြဲမွာ ပြဲအစ(၅)စကၠန႔္မွာပဲဂိုးသြင္းႏိုင္ခဲ့တာျဖစ္ၿပီး ဒါက

လူငယ္ၿပိဳင္ပြဲေတြမွာ အျမန္ဆုံးဂိုးအျဖစ္ စံခ်ိန္တင္ထားတာျဖစ္ပါတယ္။

ဘာစီလိုနာၿမိဳ႕နဲ႔(၁၈)မိုင္အကြာ Sabadell အရပ္မွာေမြးဖြားခဲ့သူ ဟူရာဒိုဟာ

အသက္(၇)ႏွစ္အ႐ြယ္မွာပဲ ဘာစီလိုနာရဲ႕နာမည္ေက်ာ္လာမာစီယာအကယ္ဒမီကို

ေရာက္ရွိခဲ့သူပါ။ ဘာစီလိုနာတာဝန္ရွိသူေတြက ဟူရာဒိုကို အသင္းအနာဂတ္မွာ

အားထားရမယ့္ကစားသမားအျဖစ္ သတ္မွတ္ခဲ့ၿပီး အန္ဆုဖာတီ၊ ေမာ္ရီဘာတို႔ကို

ႏွစ္ရွည္စာခ်ဳပ္သက္တမ္းခ်ဳပ္ဆိုခဲ့ၿပီးတဲ့ေနာက္ ဟူရာဒိုကိုလည္း စာခ်ဳပ္

သက္တမ္းတိုးဖို႔ႀကိဳးပမ္းခဲ့ေပမယ့္ သူက အနာဂတ္မွာ ပြဲထြက္ခြင့္တစ္ေနရာရဖို႔ဆိုရင္

ယူႏိုက္တက္အသင္းက အသင့္ေတာ္ဆုံးလို႔ယူဆခဲ့တာေၾကာင့္ ဘာစီလိုနာ

အသင္းရဲ႕စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။

အခုအခ်ိန္မွာ ယူႏိုက္တက္အသင္းရဲ႕ညာေနာက္ခံလူအျဖစ္ ဘစ္ဆာကာက

ပုံမွန္ကစားခြင့္ရေနေပမယ့္ တိုက္စစ္လိုက္ပါမႈအားနည္းတဲ့အျပင္

အခုေနာက္ပိုင္းပြဲေတြမွာ စြမ္းေဆာင္ရည္က်ဆင္းေနတယ္လို႔ ေဝဖန္ခံေနရ

တာေၾကာင့္ မၾကာခင္ကာလအတြင္း ဟူရာဒိုဟာ ယူႏိုက္တက္စီနီယာ

အသင္းမွာပါဝင္ကစားခြင့္ရမလားဆိုတာကေတာ့ . . .