သားဖြစ်သူကို သူ့ခြေရာနင်းဖို့ ဖိအားပေးမှာ မဟုတ်တဲ့ စီရော်နယ်ဒို

စီရော်နယ်ဒိုဟာ သားဖြစ်သူကို သူ့လိုမျိုး ဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့ ဖိအားပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

အသက် ၁၀ နှစ်အရွယ်သားဖြစ်သူ ခရစ္စတီယာနိုဂျူနီယာဟာ ဂျူဗင်တပ်အကယ်ဒမီမှာ ကစားနေပေမယ့် သူ့ရဲ့ကျော်ကြားတဲ့ ဖခင်ကတော့ သူ့ခြေရာနင်းဖို့ မလိုအပ်ကြောင်း အခိုင်အမာပြောခဲ့တာပါ။

၃၅ နှစ်အရွယ် အဲဒီဂျူဗင်တပ်ကြယ်ပွင့်ဟာ ဒူဘိုင်းမှာကျင်းပခဲ့တဲ့ Globe Soccer Awards ဆုပေးပွဲမှာ ရာစုနှစ်အကောင်းဆုံးကစားသမားဆုကို တက်ရောက်ရယူပြီးနောက် သားဖြစ်သူနဲ့ပတ်သက်ပြီး အခုလို ပြောခဲ့တာပါ။

”ကျွန်တော့်သားက နာမည်ကြီးဘောလုံးသမားတစ်ယောက်ဖြစ်လာမလားဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့။ တစ်ခါတစ်ရံ ကျန်းမာရေးနဲ့မညီညွတ်တဲ့ဟာတွေကို စားရင်၊ သောက်ရင် ကျွန်တော်ဒေါသထွက်တယ်ဆိုတာ သူသိပါတယ်”လို့ စီရော်နယ်ဒိုက ဆိုပါတယ်။

ဆက်လက်ပြီး စီရော်နယ်ဒိုက”တစ်ခါတစ်ရံကျရင်လည်း သူ့ကို ၁၀ နှစ်အရွယ်နဲ့မလိုက်တဲ့ လေ့ကျင့်ခန်းတွေ သူ့ကို ကျွန်တော် လုပ်ခိုင်းတတ်ပါတယ်။ အောင်မြင်ဖို့အတွက်ဆို စူးစူးစိုက်စိုက်လုပ်ရမယ်လို့ သူ့ကို အမြဲပြောပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စီရော်နယ်ဒိုက”ဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့ သူ့ကို ကျွန်တော် ဖိအားပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဖြစ်စေချင်တာပေါ့ဗျာ။ အရေးကြီးဆုံးအရာက ဘောလုံပဲဖြစ်ဖြစ်၊ ဆေးပညာညာပဲဖြစ်ဖြစ် သူ့နယ်ပါယ်မှာ အကောင်းဆုံးဖြစ်ဖို့ပါပဲ”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

ဂျူနီယာလေးကတော့ ဂျူဗင်တပ်က သူ့ရဲ့ပထမဆုံးနှစ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ယူ-၉ အသင်းအတွက် ၂၈  ပွဲမှာ ၅၈ ဂိုးသွင်းခဲ့ကာ ၁၈ ဂိုးဖန်တီးပေးခဲ့ပါတယ်။

၂၀၁၈ စက်တင်ဘာက ဂျူဗင်တပ်အတွက် သူ့ရဲ့ပွဲဦးထွက်မှာဆိုရင် ခရစ္စတီယာနိုဂျူနီယာဟာ ၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂၀၁၉ ဧပြီလက မာရီတီမိုနဲ့ကစားခဲ့တဲ့ပွဲမှာလည်း ပထမပိုင်းမှာတင် တစ်ယောက်တည်း ၇ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

Zawgyi

သားျဖစ္သူကို သူ႔ေျခရာနင္းဖို႔ ဖိအားေပးမွာ မဟုတ္တဲ့ စီေရာ္နယ္ဒို

စီေရာ္နယ္ဒိုဟာ သားျဖစ္သူကုိ သူ႔လိုမ်ိဳး ေဘာလုံးသမားတစ္ေယာက္ျဖစ္လာဖုိ႔ ဖိအားေပးမွာ မဟုတ္ဘူးလုိ႔ သိရပါတယ္။

အသက္ ၁၀ ႏွစ္အရြယ္သားျဖစ္သူ ခရစၥတီယာႏိုဂ်ဴနီယာဟာ ဂ်ဴဗင္တပ္အကယ္ဒမီမွာ ကစားေနေပမယ့္ သူ႔ရဲ႕ေက်ာ္ၾကားတဲ့ ဖခင္ကေတာ့ သူ႔ေျခရာနင္းဖို႔ မလိုအပ္ေၾကာင္း အခုိင္အမာေျပာခဲ့တာပါ။

၃၅ ႏွစ္အရြယ္ အဲဒီဂ်ဴဗင္တပ္ၾကယ္ပြင့္ဟာ ဒူဘိုင္းမွာက်င္းပခဲ့တဲ့ Globe Soccer Awards ဆုေပးပြဲမွာ ရာစုႏွစ္အေကာင္းဆုံးကစားသမားဆုကို တက္ေရာက္ရယူၿပီးေနာက္ သားျဖစ္သူနဲ႔ပတ္သက္ၿပီး အခုလုိ ေျပာခဲ့တာပါ။

”ကၽြန္ေတာ့္သားက နာမည္ႀကီးေဘာလုံးသမားတစ္ေယာက္ျဖစ္လာမလားဆုိတာကိုေတာ့ ကၽြန္ေတာ္တုိ႔ ေစာင့္ၾကည့္ၾကတာေပါ့။ တစ္ခါတစ္ရံ က်န္းမာေရးနဲ႔မညီညြတ္တဲ့ဟာေတြကို စားရင္၊ ေသာက္ရင္ ကၽြန္ေတာ္ေဒါသထြက္တယ္ဆိုတာ သူသိပါတယ္”လုိ႔ စီေရာ္နယ္ဒိုက ဆိုပါတယ္။

ဆက္လက္ၿပီး စီေရာ္နယ္ဒိုက”တစ္ခါတစ္ရံက်ရင္လည္း သူ႔ကို ၁၀ ႏွစ္အရြယ္နဲ႔မလိုက္တဲ့ ေလ့က်င့္ခန္းေတြ သူ႔ကို ကၽြန္ေတာ္ လုပ္ခိုင္းတတ္ပါတယ္။ ေအာင္ျမင္ဖုိ႔အတြက္ဆုိ စူးစူးစိုက္စိုက္လုပ္ရမယ္လုိ႔ သူ႔ကို အၿမဲေျပာပါတယ္”လုိ႔ ဆိုပါတယ္။

ဒါ့အျပင္ စီေရာ္နယ္ဒိုက”ေဘာလုံးသမားတစ္ေယာက္ျဖစ္လာဖုိ႔ သူ႔ကို ကၽြန္ေတာ္ ဖိအားေပးမွာ မဟုတ္ပါဘူး။ ကၽြန္ေတာ္ကေတာ့ ျဖစ္ေစခ်င္တာေပါ့ဗ်ာ။ အေရးႀကီးဆုံးအရာက ေဘာလုံပဲျဖစ္ျဖစ္၊ ေဆးပညာညာပဲျဖစ္ျဖစ္ သူ႔နယ္ပါယ္မွာ အေကာင္းဆုံးျဖစ္ဖို႔ပါပဲ”လုိ႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ဂ်ဴနီယာေလးကေတာ့ ဂ်ဴဗင္တပ္က သူ႔ရဲ႕ပထမဆုံးႏွစ္မွာ ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး ယူ-၉ အသင္းအတြက္ ၂၈  ပြဲမွာ ၅၈ ဂိုးသြင္းခဲ့ကာ ၁၈ ဂိုးဖန္တီးေပးခဲ့ပါတယ္။

၂၀၁၈ စက္တင္ဘာက ဂ်ဴဗင္တပ္အတြက္ သူ႔ရဲ႕ပြဲဦးထြက္မွာဆုိရင္ ခရစၥတီယာႏိုဂ်ဴနီယာဟာ ၄ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ၂၀၁၉ ဧၿပီလက မာရီတီမိုနဲ႔ကစားခဲ့တဲ့ပြဲမွာလည္း ပထမပိုင္းမွာတင္ တစ္ေယာက္တည္း ၇ ဂိုးသြင္းယူႏိုင္ခဲ့တာပါ။