သားရဲ့အရည်အချင်းကို အမေ လုံးဝယုံကြည်ထားပြီးသားပါ –  ဒါလောရက်စ်

ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲမှာ

ဆားဘီးယားအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မယ့်

အခွင့်အရေးဆုံးရှုံးသွားပြီဖြစ်ပြီး ဒါက နာမည်ကျော်ကစားသမား

စီရော်နယ်လ်ဒိုအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့တဲ့အတွက်

မိခင်ဖြစ်သူဒါလောရက်စ်အဗယ်ရိုက သားဖြစ်သူကို

နှစ်သိမ့်အားပေးစကားပြောကြားခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ

အိမ်ကွင်းမှာ သရေတစ်မှတ်ရရုံနဲ့ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပေမယ့်

ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာကြောင့် အုပ်စုဒုတိယအဖြစ် Play-offs

ဆက်ကစားရမှာဖြစ်ပြီး ပွဲအပြီးမှာ စီရော်နယ်လ်ဒိုဟာ စိတ်ပျက်လက်နဲ့

ငိုကြွေးခဲ့သလို ရှုံးပွဲအတွက်မကျေမနပ်ဖြစ်တာကနေ နည်းပြဖာနန်ဆန်းတို့စ်နဲ့

အပြန်အလှန်စကားများခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဒါလောရက်စ်ကတော့ သားဖြစ်သူကို

အပြည့်အဝယုံကြည်ထားပြီး ပေါ်တူဂီအသင်းနဲ့အတူ

(၅)ကြိမ်မြောက်ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ဆင်နွှဲခွင့်ရမယ်လို့

မျှော်လင့်ထားဆဲဖြစ်ပါတယ်။ ဆားဘီးယားနဲ့ပွဲအပြီးမှာ ဒါလောရက်စ်က

စီရော်နယ်လ်ဒိုနဲ့အတူရိုက်ထားတဲ့ဓာတ်ပုံနဲ့ ‘သားရဲ့အရည်အချင်းကို အမေ

လုံးဝယုံကြည်ထားပြီးသားပါ’လို့ စာရေးသားပြီးတော့ Instagram မှာ

Post တင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား

တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့တာကြောင့်

စီရော်နယ်လ်ဒိုရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ(၅)ကြိမ်ဆက်ပါဝင်ကစားခွင့်ရရေး

မျှော်လင့်ချက်ကလည်း စိုးရိမ်စရာဖြစ်နေပါပြီ။ စီရော်နယ်လ်ဒိုဟာ

ပေါ်တူဂီအသင်းနဲ့အတူ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှ

ာပါဝင်ကစားခဲ့ပြီး တကယ်လို့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ

ပါဝင်ယှဉ်ပြိုင်ခွင့်ရမယ်ဆိုရင်တော့ ပြိုင်ပွဲသမိုင်းတစ်လျှောက်

ကမ္ဘာ့ဖလား(၅)ကြိမ်ဆက်ကစားခဲ့တဲ့ စတုတ္ထမြောက်ကစားသမားဖြစ်လာမှာပါ။

စီရော်နယ်လ်ဒိုမတိုင်ခင်က ဂျာမနီဂန္ထဝင်ကစားသမားလိုသာမားသီးယက်စ်၊

မက္ကဆီကိုဂန္ထဝင်တွေဖြစ်တဲ့ အန်တိုနီယိုကာဗာဟယ်လ်၊ ရာဖေးလ်မားကွက်ဇ်တို့က

ကမ္ဘာ့ဖလား(၅)ကြိမ်ဆက်ကစားခဲ့သူတွေအဖြစ် ရပ်တည်နေပြီး

ဒီကစားသမားတွေလိုစွမ်းဆောင်နိုင်ဖို့ ပေါ်တူဂီအသင်းအတွက်

စီရော်နယ်လ်ဒို Play-offs မှာ ရလဒ်ကောင်းရယူပေးဖို့လိုအပ်နေပါပြီ။

zawgyi

သားရဲ႕အရည္အခ်င္းကို အေမ လုံးဝယုံၾကည္ထားၿပီးသားပါ –  ဒါေလာရက္စ္

ေပၚတူဂီအသင္းဟာ ကမာၻ႔ဖလားေျခစစ္ပြဲအုပ္စုေနာက္ဆုံးပြဲမွာ

ဆားဘီးယားအသင္းကို ရႈံးနိမ့္ခဲ့တာေၾကာင့္ တိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္မယ့္

အခြင့္အေရးဆုံးရႈံးသြားၿပီျဖစ္ၿပီး ဒါက နာမည္ေက်ာ္ကစားသမား

စီေရာ္နယ္လ္ဒိုအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ခဲ့တဲ့အတြက္

မိခင္ျဖစ္သူဒါေလာရက္စ္အဗယ္႐ိုက သားျဖစ္သူကို

ႏွစ္သိမ့္အားေပးစကားေျပာၾကားခဲ့ပါတယ္။ ေပၚတူဂီအသင္းဟာ

အိမ္ကြင္းမွာ သေရတစ္မွတ္ရ႐ုံနဲ႔ေျခစစ္ပြဲေအာင္ျမင္မွာျဖစ္ေပမယ့္

ရႈံးပြဲနဲ႔ရင္ဆိုင္ခဲ့ရတာေၾကာင့္ အုပ္စုဒုတိယအျဖစ္ Play-offs

ဆက္ကစားရမွာျဖစ္ၿပီး ပြဲအၿပီးမွာ စီေရာ္နယ္လ္ဒိုဟာ စိတ္ပ်က္လက္နဲ႔

ငိုေႂကြးခဲ့သလို ရႈံးပြဲအတြက္မေက်မနပ္ျဖစ္တာကေန နည္းျပဖာနန္ဆန္းတို႔စ္နဲ႔

အျပန္အလွန္စကားမ်ားခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း ဒါေလာရက္စ္ကေတာ့

သားျဖစ္သူကို အျပည့္အဝယုံၾကည္ထားၿပီး ေပၚတူဂီအသင္းနဲ႔အတူ

(၅)ႀကိမ္ေျမာက္ကမာၻ႔ဖလားၿပိဳင္ပြဲ ပါဝင္ဆင္ႏႊဲခြင့္ရမယ္လို႔

ေမွ်ာ္လင့္ထားဆဲျဖစ္ပါတယ္။ ဆားဘီးယားနဲ႔ပြဲအၿပီးမွာ ဒါေလာရက္စ္က

စီေရာ္နယ္လ္ဒိုနဲ႔အတူ႐ိုက္ထားတဲ့ဓာတ္ပုံနဲ႔ ‘သားရဲ႕အရည္အခ်င္းကို အေမ

လုံးဝယုံၾကည္ထားၿပီးသားပါ’လို႔ စာေရးသားၿပီးေတာ့ Instagram မွာ

Post တင္ခဲ့ပါတယ္။ ေပၚတူဂီအသင္းဟာ ၂၀၂၂ ကမာၻ႔ဖလား

တိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္မယ့္အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့တာေၾကာင့္

စီေရာ္နယ္လ္ဒိုရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲ(၅)ႀကိမ္ဆက္ပါဝင္ကစားခြင့္ရေရး

ေမွ်ာ္လင့္ခ်က္ကလည္း စိုးရိမ္စရာျဖစ္ေနပါၿပီ။ စီေရာ္နယ္လ္ဒိုဟာ

ေပၚတူဂီအသင္းနဲ႔အတူ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွ

ာပါဝင္ကစားခဲ့ၿပီး တကယ္လို႔ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ

ပါဝင္ယွဥ္ၿပိဳင္ခြင့္ရမယ္ဆိုရင္ေတာ့ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္

ကမာၻ႔ဖလား(၅)ႀကိမ္ဆက္ကစားခဲ့တဲ့ စတုတၳေျမာက္ကစားသမားျဖစ္လာမွာပါ။

စီေရာ္နယ္လ္ဒိုမတိုင္ခင္က ဂ်ာမနီဂႏၴဝင္ကစားသမားလိုသာမားသီးယက္စ္၊

မကၠဆီကိုဂႏၴဝင္ေတြျဖစ္တဲ့ အန္တိုနီယိုကာဗာဟယ္လ္၊ ရာေဖးလ္မားကြက္ဇ္တို႔က

ကမာၻ႔ဖလား(၅)ႀကိမ္ဆက္ကစားခဲ့သူေတြအျဖစ္ ရပ္တည္ေနၿပီး

ဒီကစားသမားေတြလိုစြမ္းေဆာင္ႏိုင္ဖို႔ ေပၚတူဂီအသင္းအတြက္

စီေရာ္နယ္လ္ဒို Play-offs မွာ ရလဒ္ေကာင္းရယူေပးဖို႔လိုအပ္ေနပါၿပီ။