သုံးရင်သုံးသလောက်ငွေပေးရမှုနဲ့အတူ ပုံမှန်ပွဲကစားခွင့်မရခဲ့တဲ့ ချမ်ဘာလိန်း

အဲလက်စ်အောက်စ်လိတ်ချမ်ဘာလိန်းဟာအာဆင်နယ်နှင့်

ချုပ်ဆိုခဲ့တဲ့စာချုပ်ပါဝင်တဲ့အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့

အချက်ကြောင့်ပွဲကစားခွင့်အကန့်အသတ်ဘဲရရှိခဲ့ပါတယ်။

အောက်စ်လိတ်ချမ်ဘာလိန်းဟာအာစင်ဝင်းဂါးလက်ထက်မှာ

သူ့ကစားသမားဘဝတိုးတက်နိုင်တဲ့အခြေအနေမရှိမှုနဲ့အတူ၂၀၁၇ခုနှစ်တုန်းက

အာဆင်နယ်ကိုစွန့်ခွာကို လီဗာပူးသို့ပြောင်းရွှေ့သွားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ၂၀၁၁ခုနှစ်တုန်းက

အင်္ဂလန်ရဲ့အလားအလာကောင်းတဲ့လူငယ်တစ်ဦးအဖြစ်

ဆောက်သမ်တန်ကနေ အာဆင်နယ်သို့ပြောင်းခဲ့သူဖြစ်ပါတယ်။

အလန်ဂါနွန်ရေးသားတဲ့ The Transfer Market: The Inside Stories စာအုပ်မှာ

ရေးသားထားမှုအရ ချမ်ဘာလိန်းဟာသူ့စာချုပ်အတွင်းမှာပါဝင်တဲ့အချက်ကြောင့်

အာဆင်နယ်မှာပွဲကစားခွင့်အကန့်အသတ်သာရရှိခဲ့ပြီးသူ့အလားအလာတွေ

ရပ်တန့်ခဲ့ရကြောင်းသိရပါတယ်။

ချမ်ဘာလိန်းရဲ့အာဆင်နယ်နှင့်ချုပ်ဆိုထားတဲ့

စာချုပ်အတွင်းမှာသူ့ကိုပွဲကစားခွင့်အကန့်အသတ်ဖြစ်စေတဲ့

စိတ်ဝင်စားစရာအချက်ကဘာလဲ?

ချမ်ဘာလိန်းရဲ့စာချုပ်မှာ သူမိနစ်၂၀နှင့်အထက်ကစားရတိုင်း

အာဆင်နယ်ကဆောက်သမ်တန်ကို ပေါင်၁၀၀၀၀ပေးရတဲ့အချက်

ပါဝင်နေတာဖြစ်ပါတယ်။ဒါကြောင့်လည်းကော်တရာကပ်စေးနဲအာစင်ဝင်းဂါးဟာ

ချမ်ဘာလိန်းကို သုံးရင်သုံးသလောက်ငွေပေးရမှုနဲ့အတူ ပုံမှန်ပွဲကစားခွင့်မပေးခဲ့ပါဘူး။

နောက်ဆုံးမှာဝင်းဂါးဟာချမ်ဘာလိန်းကိုလီဗာပူးသို့ပေါင်၃၅သန်းဖြင့်ရောင်းချခဲ့ပါတယ်။

ချမ်ဘာလိန်းဟာလီဗာပူးသို့စရောက်တဲ့ပထမရာသီမှာပုံမှန်ကစားခွင့်ရရှိခဲ့ပေမယ့်

နောက်ပိုင်းမှာဒဏ်ရာပြဿနာများကြုံရမှု၊အလယ်တန်းကစားသမားသစ်တွေ

ရောက်လာမှုနဲ့အတူပုံမှန်ကစားခွင့်ရရှိဖို့ရုန်းကန်လာခဲ့ရပါတယ်။

zawgyi

သုံးရင္သုံးသေလာက္ေငြေပးရမႈနဲ႔အတူ ပုံမွန္ပြဲကစားခြင့္မရခဲ့တဲ့ ခ်မ္ဘာလိန္း

အဲလက္စ္ေအာက္စ္လိတ္ခ်မ္ဘာလိန္းဟာအာဆင္နယ္ႏွင့္

ခ်ဳပ္ဆိုခဲ့တဲ့စာခ်ဳပ္ပါဝင္တဲ့အလြန္စိတ္ဝင္စားဖို႔ေကာင္းတဲ့

အခ်က္ေၾကာင့္ပြဲကစားခြင့္အကန႔္အသတ္ဘဲရရွိခဲ့ပါတယ္။

ေအာက္စ္လိတ္ခ်မ္ဘာလိန္းဟာအာစင္ဝင္းဂါးလက္ထက္မွာ

သူ႔ကစားသမားဘဝတိုးတက္ႏိုင္တဲ့အေျခအေနမရွိမႈနဲ႔အတူ၂၀၁၇ခုႏွစ္တုန္းက

အာဆင္နယ္ကိုစြန႔္ခြာကို လီဗာပူးသို႔ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ကစားသမားဟာ၂၀၁၁ခုႏွစ္တုန္းက

အဂၤလန္ရဲ႕အလားအလာေကာင္းတဲ့လူငယ္တစ္ဦးအျဖစ္

ေဆာက္သမ္တန္ကေန အာဆင္နယ္သို႔ေျပာင္းခဲ့သူျဖစ္ပါတယ္။

အလန္ဂါႏြန္ေရးသားတဲ့ The Transfer Market: The Inside Stories စာအုပ္မွာ

ေရးသားထားမႈအရ ခ်မ္ဘာလိန္းဟာသူ႔စာခ်ဳပ္အတြင္းမွာပါဝင္တဲ့အခ်က္ေၾကာင့္

အာဆင္နယ္မွာပြဲကစားခြင့္အကန႔္အသတ္သာရရွိခဲ့ၿပီးသူ႔အလားအလာေတြ

ရပ္တန႔္ခဲ့ရေၾကာင္းသိရပါတယ္။ခ်မ္ဘာလိန္းရဲ႕အာဆင္နယ္ႏွင့္ခ်ဳပ္ဆိုထားတဲ့

စာခ်ဳပ္အတြင္းမွာသူ႔ကိုပြဲကစားခြင့္အကန႔္အသတ္ျဖစ္ေစတဲ့

စိတ္ဝင္စားစရာအခ်က္ကဘာလဲ?

ခ်မ္ဘာလိန္းရဲ႕စာခ်ဳပ္မွာ သူမိနစ္၂၀ႏွင့္အထက္ကစားရတိုင္း

အာဆင္နယ္ကေဆာက္သမ္တန္ကို ေပါင္၁၀၀၀၀ေပးရတဲ့အခ်က္

ပါဝင္ေနတာျဖစ္ပါတယ္။ဒါေၾကာင့္လည္းေကာ္တရာကပ္ေစးနဲအာစင္ဝင္းဂါးဟာ

ခ်မ္ဘာလိန္းကို သုံးရင္သုံးသေလာက္ေငြေပးရမႈနဲ႔အတူ ပုံမွန္ပြဲကစားခြင့္မေပးခဲ့ပါဘူး။

ေနာက္ဆုံးမွာဝင္းဂါးဟာခ်မ္ဘာလိန္းကိုလီဗာပူးသို႔ေပါင္၃၅သန္းျဖင့္ေရာင္းခ်ခဲ့ပါတယ္။

ခ်မ္ဘာလိန္းဟာလီဗာပူးသို႔စေရာက္တဲ့ပထမရာသီမွာပုံမွန္ကစားခြင့္ရရွိခဲ့ေပမယ့္

ေနာက္ပိုင္းမွာဒဏ္ရာျပႆနာမ်ားႀကဳံရမႈ၊အလယ္တန္းကစားသမားသစ္ေတြ

ေရာက္လာမႈနဲ႔အတူပုံမွန္ကစားခြင့္ရရွိဖို႔႐ုန္းကန္လာခဲ့ရပါတယ္။