သူကျော်ဖြတ်ဖို့ ခက်ခဲတဲ့ ဂိုးသမားရဲ့နာမည်ကို မက်ဆီဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီက သူကျော်ဖြတ်ဖို့အခက်ခဲဆုံးနဲ့ အကောင်းဆုံးဂိုးသမားတွေထဲမှာ အပါအဝင်ဖြစ်တဲ့သူက အက်သလက်တီကိုအသင်း ဂိုးသမား ဂျန်အိုဘလက်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဆလိုဗေးနီးယားလက်ရွေးစင်ဖြစ်တဲ့ အိုဘလက်ဟာ အက်သလက်တီကိုအတွက် အဓိကကျတဲ့ဂိုးသမားဖြစ်ပြီး ဒီရာသီ လာလီဂါမှာ အက်သလက်တီကိုထိပ်ဆုံးက ရပ်တည်နေရာမှာသူ့လက်စွမ်းက အများကြီးအရေးပါခဲ့တာပါ။ အိုဘလက်ဟာ

၂၀၁၄ ကဘင်ဖီကာကနေပြောင်းရွှေ့လာပြီးနောက် လက်စွမ်းတိုးတက်လာပြီး အက်သလက်တီကိုအတွက် အရေးပါတဲ့သူဖြစ်လာတဲ့ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲကတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ အခုနှစ်အစောပိုင်းကလည်း လာလီဂါမှ ပေးဂိုးမရှိမှုပွဲ (၁၀၀) စံချိန်ကို ပွဲအနည်းဆုံးနဲ့ ပြည့်ခဲ့သူအဖြစ် စံချိန်တင်ခဲ့ပါသေးတယ်။

အရင်စံချိန်ရှင်က မင်ဂွဲလ်ရေနာဖြစ်ပြီး ၂၂၂ ပွဲအထိ ကစားခဲ့ရေ ပမယ့် အိုဘလက်က ၁၈၂ ပွဲနဲ့ဒီစံချိန်တင်ခဲ့တာပါ။ ဒီရာသီမှာလည်း အက်သလက်တီကိုဟာ လာလီဂါ ၁၃ ပွဲကစားပြီးချိန်မှာ ၅ ဂိုးသာပေးခဲ့ရသေးပြီး သူကကာကွယ်မှုပေါင်း ၃၉ ကြိမ်လုပ်ဆောင်ထားပါတယ်။

ဒါကြောင့် ကာကွယ်မှုနဲ့ ပေးရတဲ့ဂိုး အရေအတွကိုတွက်ကြည့်ရင် အိုဘလက်ဟာ တစ်ပွဲပျမ်းမျှ ၈၈.၁ ရာခိုင်နှုန်းရှိလို့ လက်ရှိလာလီဂါရဲ့အကောင်းဆုံးမှတ်တမ်းဖြစ်နေတာပါ။ ပြီးခဲ့တဲ့နိုဝင်ဘာ ၂၂ က အက်သလက်တီကိုက ဘာစီလိုနာကို ၁-၀ နဲ့နိုင်ခဲ့တော့လည်း သူဟာအရေးပါတဲ့ကာကွယ်မှု ၄ ကြိမ်လုပ်နိုင်ခဲ့ပြီး မက်ဆီရဲ့အားထုတ်မှုအချို့ဟာလည်း သူ့ကိုကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။

မက်ဆီဟာ ပြိုင်ဘက်တွေနဲ့ပတ်သက်လာရင် ထုတ်ဖော်ချီးကျူးလေ့မရှိပေမယ့် အိုဘလက်ကိုတော့ မချီးကျူးဘဲ မနေနိုင်အောင်ဖြစ်ခဲ့တာပါ။

သူက” အိုဘလက်နဲ့ရင်ဆိုင်ရတာ သိပ်ကောင်းပေမယ့် သူဟာကျွန်တော် ကျော်ဖြတ်ဖို့ အခက်ခဲဆုံးဖြစ်သလို သူ့ကိုကျော်ဖြတ်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေသေးတာပါ။ သူဟာလက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်သလို ပြိုင်ဘက်ကောင်းတွေနဲ့တွေ့ရင်လည်းအမြဲတမ်း လက်စွမ်းကောင်းတဲ့သူပါ။

သူ့ကိုဂိုးသွင်းဖို့အမြဲတမ်း စိတ်အားထက်သန်ပေမယ့် သူကလည်း တကယ့် လက်စွမ်းကောင်းရှိတယ်ဆိုတာ အမြဲတမ်းသက်သေပြနေတာပါ။ ဒါကြောင့် အပြင်မှာသာမက ကွင်းထဲမှာ သူနဲ့ ရင်ဆိုင်ရရင်လည်း စိတ်လှုပ်ရှားရတာပါ” လို့ပြောသွားပါတယ်။

မကြာသေးခင်က မက်ဆီဟာ ဘာစီလိုနာအတွက် ၆၄၄ ဂိုးမြောက်ကိုသွင်းယူပြီး ကလပ်တစ်ခုတည်းအတွက် ပီလီရဲ့စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့ပြီးနောက် အိုဘလက်ကလည် မက်ဆီကို ချီးကျူးဂုဏ်ပြုခဲ့သေးတယ်လို့ သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သူေက်ာ္ျဖတ္ဖို႔ ခက္ခဲတဲ့ ဂိုးသမားရဲ႕နာမည္ကို မက္ဆီဖြင့္ဟ

ဘာစီလိုနာအသင္းတိုက္စစ္မႉး မက္ဆီက သူေက်ာ္ျဖတ္ဖို႔အခက္ခဲဆုံးနဲ႔ အေကာင္းဆုံးဂိုးသမားေတြထဲမွာ အပါအဝင္ျဖစ္တဲ့သူက အက္သလက္တီကိုအသင္း ဂိုးသမား ဂ်န္အိုဘလက္ျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။ ဆလိုေဗးနီးယားလက္ေ႐ြးစင္ျဖစ္တဲ့ အိုဘလက္ဟာ အက္သလက္တီကိုအတြက္ အဓိကက်တဲ့ဂိုးသမားျဖစ္ၿပီး ဒီရာသီ လာလီဂါမွာ အက္သလက္တီကိုထိပ္ဆုံးက ရပ္တည္ေနရာမွာသူ႔လက္စြမ္းက အမ်ားႀကီးအေရးပါခဲ့တာပါ။ အိုဘလက္ဟာ

၂၀၁၄ ကဘင္ဖီကာကေနေျပာင္းေ႐ႊ႕လာၿပီးေနာက္ လက္စြမ္းတိုးတက္လာၿပီး အက္သလက္တီကိုအတြက္ အေရးပါတဲ့သူျဖစ္လာတဲ့ ကမာၻ႔အေကာင္းဆုံးဂိုးသမားေတြထဲကတစ္ဦးလည္းျဖစ္ပါတယ္။ သူဟာ အခုႏွစ္အေစာပိုင္းကလည္း လာလီဂါမွ ေပးဂိုးမရွိမႈပြဲ (၁၀၀) စံခ်ိန္ကို ပြဲအနည္းဆုံးနဲ႔ ျပည့္ခဲ့သူအျဖစ္ စံခ်ိန္တင္ခဲ့ပါေသးတယ္။ အရင္စံခ်ိန္ရွင္က မင္ဂြဲလ္ေရနာျဖစ္ၿပီး ၂၂၂ ပြဲအထိ ကစားခဲ့ရေ ပမယ့္ အိုဘလက္က ၁၈၂ ပြဲနဲ႔ဒီစံခ်ိန္တင္ခဲ့တာပါ။ ဒီရာသီမွာလည္း အက္သလက္တီကိုဟာ လာလီဂါ ၁၃ ပြဲကစားၿပီးခ်ိန္မွာ ၅ ဂိုးသာေပးခဲ့ရေသးၿပီး သူကကာကြယ္မႈေပါင္း ၃၉ ႀကိမ္လုပ္ေဆာင္ထားပါတယ္။

ဒါေၾကာင့္ ကာကြယ္မႈနဲ႔ ေပးရတဲ့ဂိုး အေရအတြကိုတြက္ၾကည့္ရင္ အိုဘလက္ဟာ တစ္ပြဲပ်မ္းမွ် ၈၈.၁ ရာခိုင္ႏႈန္းရွိလို႔ လက္ရွိလာလီဂါရဲ႕အေကာင္းဆုံးမွတ္တမ္းျဖစ္ေနတာပါ။ ၿပီးခဲ့တဲ့ႏိုဝင္ဘာ ၂၂ က အက္သလက္တီကိုက ဘာစီလိုနာကို ၁-၀ နဲ႔ႏိုင္ခဲ့ေတာ့လည္း သူဟာအေရးပါတဲ့ကာကြယ္မႈ ၄ ႀကိမ္လုပ္ႏိုင္ခဲ့ၿပီး မက္ဆီရဲ႕အားထုတ္မႈအခ်ိဳ႕ဟာလည္း သူ႔ကိုေက်ာ္ျဖတ္ႏိုင္ျခင္းမရွိခဲ့ပါဘူး။ မက္ဆီဟာ ၿပိဳင္ဘက္ေတြနဲ႔ပတ္သက္လာရင္ ထုတ္ေဖာ္ခ်ီးက်ဴးေလ့မရွိေပမယ့္ အိုဘလက္ကိုေတာ့ မခ်ီးက်ဴးဘဲ မေနႏိုင္ေအာင္ျဖစ္ခဲ့တာပါ။ သူက” အိုဘလက္နဲ႔ရင္ဆိုင္ရတာ သိပ္ေကာင္းေပမယ့္ သူဟာကြၽန္ေတာ္ ေက်ာ္ျဖတ္ဖို႔ အခက္ခဲဆုံးျဖစ္သလို သူ႔ကိုေက်ာ္ျဖတ္ဖို႔ဆိုတာ စိန္ေခၚမႈတစ္ရပ္အျဖစ္ရွိေနေသးတာပါ။ သူဟာလက္ရွိမွာ ကမာၻ႔အေကာင္းဆုံးေတြထဲက တစ္ဦးျဖစ္သလို ၿပိဳင္ဘက္ေကာင္းေတြနဲ႔ေတြ႕ရင္လည္းအၿမဲတမ္း လက္စြမ္းေကာင္းတဲ့သူပါ။

သူ႔ကိုဂိုးသြင္းဖို႔အၿမဲတမ္း စိတ္အားထက္သန္ေပမယ့္ သူကလည္း တကယ့္ လက္စြမ္းေကာင္းရွိတယ္ဆိုတာ အၿမဲတမ္းသက္ေသျပေနတာပါ။ ဒါေၾကာင့္ အျပင္မွာသာမက ကြင္းထဲမွာ သူနဲ႔ ရင္ဆိုင္ရရင္လည္း စိတ္လႈပ္ရွားရတာပါ” လို႔ေျပာသြားပါတယ္။ မၾကာေသးခင္က မက္ဆီဟာ ဘာစီလိုနာအတြက္ ၆၄၄ ဂိုးေျမာက္ကိုသြင္းယူၿပီး ကလပ္တစ္ခုတည္းအတြက္ ပီလီရဲ႕စံခ်ိန္ကိုေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီးေနာက္ အိုဘလက္ကလည္ မက္ဆီကို ခ်ီးက်ဴးဂုဏ္ျပဳခဲ့ေသးတယ္လို႔ သိရပါတယ္။