သူတို့ရဲ့ကိုယ်ပိုင် ဖာမီနိုကို ရှာဖွေတွေ့ရှိသွားပြီဖြစ်တဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်တိုက်စစ်မှူး မာရှယ်ဟာ ဒီရာသီမှာ ဝေဖန်မှုတွေနဲ့ မကြာခဏရင်ဆိုင်ရလေ့ရှိပေမယ့် ခရစ္စမတ်ကာလမတိုင်ခင်မှာ အထူးခြေစွမ်းပြလာပြီး ကြာသပတေးနေ့က သူ့အတွက် ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုး ရယူနိုင်ခဲ့သလို တနင်္ဂနွေနေ့ကလည်း နောက်ထပ်ယော့ခ်ရှိုင်းယားအခြေစိုက်အသင်းနဲ့ပွဲမှာ ခြေစွမ်းပြသွားပါတယ်။

လိဒ်ယူနိုက်တက်နဲ့ပွဲမှာ မာရှယ်ရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ တစ်ခုတည်းသောပြောစရာက ဂိုးမသွင်းနိုင်ခဲ့တဲ့အချက်ဖြစ်ပြီး false nine အဖြစ် အကောင်းဆုံးကစားသွားနိုင်ခဲ့သလို ကွင်းလယ်အထိ ဆင်းကာ အသင်းဖော်တွေအတွက် နေရာလွတ်တွေရှာဖွေပေးနိုင်ခဲ့ကာ all-around ပုံစံမျိုးကစားသွားပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ မာရှယ်ဟာ ယူနိုက်တက်အသင်း ရရှိခဲ့တဲ့ ၆ဂိုးအနက် ၂ဂိုးကို တိုက်ရိုက်ဖန်တီးပေးခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်သွင်းသွားတဲ့ ၂ဂိုးစလုံးမှာလည်း သူ့ကဏ္ဍပါဝင်ခဲ့ပါတယ်။

ဖာနန်ဒက်စ်သွင်းယူသွားတဲ့ပထမဂိုးက မာရှယ်ရဲ့ထိုးဖောက်မှုကနေ ထွက်လာတာကို အပြင်းကန်သွင်းသွားတာဖြစ်သလို ဖာနန်ဒက်စ်ရဲ့ပင်နယ်တီသွင်းဂိုးကလည်း မာရှယ်ကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။

မာရှယ်ဟာ ရှက်ဖီးယူနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာမှန်ပေမယ့် ယခုရာသီ သူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကတော့ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ပြသနိုင်ခဲ့ပြီး တကယ်လို့ မက်တိုမီနေးသာ အရမ်းခြေစွမ်းမပြနိုင်ခဲ့ဘူးဆိုရင် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို မာရှယ်ရသွားနိုင်ပါတယ်။

မာရှယ်ဟာ လိဒ်နဲ့ပွဲမှာ အခွင့်အရေးတွေလည်းရရှိခဲ့ပြီး သူ့အနေနဲ့ အနည်းဆုံး ၂ဂိုးလောက် သွင်းယူနိုင်ခဲ့သင့်ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာက သူ့ရဲ့စွမ်းဆောင်ရည်ကို မဖုံးလွှမ်းသင့်ပါဘူး။

ဖာမီနိုဟာ ပြီးခဲ့တဲ့ရာသီစတင်ချိန်ကတည်းက လီဗာပူးအတွက် ၁ဂိုးသွင်းနိုင်ဖို့ ပျမ်းမျှ ၄ပွဲအချိန်ယူခဲ့ရပေမယ့် (မာရှယ်က အဲဒီကာလအတွင်း ပျမ်းမျှ ၂.၃၈ပွဲမှာ ၁ဂိုးသွင်း) လီဗာပူးနည်းပြကလော့ပ်ရဲ့အဓိကကစားသမားတစ်ဦးအဖြစ် ရပ်တည်နေရာ အသင်းရဲ့နည်းဗျူဟာမှာ ဖာမီနိုကဘယ်လောက်အရေးပါနေလဲဆိုတာ သိနိုင်ပါတယ်။

ဘရာဇီးလက်ရွေးစင် ဖာမီနိုရဲ့ တစ်ကိုယ်ကောင်းမဆန်တဲ့ကစားပုံတွေကြောင့် ဘယ်ညာတောင်ပံတိုက်စစ်မှူးတွေဖြစ်တဲ့ ဆာလာနဲ့ မာနေးတို့အတွက် ကစားရပိုလွယ်သွားပြီး ဂိုးတွေလည်း ပိုမိုသွင်းလာနိုင်ပါတယ်။

လိဒ်ယူနိုက်တက်နဲ့ပွဲမှာ မာရှယ်ရဲ့ နေရာသစ်ကြောင့် အများဆုံးအကျိုးခံစားနိုင်ခဲ့သူကတော့ ကွင်းလယ်လူ မက်တိုမီနေးဖြစ်ပြီး သူက မာရှယ်ရဲ့အနောက်ကနေ လိုက်ပါကစားကာ နေရာလွတ်တွေကနေ ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

သူတုိ႔ရဲ႕ကုိယ္ပိုင္ ဖာမီႏိုကို ရွာေဖြေတြ႕ရွိသြားၿပီျဖစ္တဲ့ ယူႏုိက္တက္

ယူႏုိက္တက္တုိက္စစ္မွဴး မာရွယ္ဟာ ဒီရာသီမွာ ေ၀ဖန္မႈေတြနဲ႔ မၾကာခဏရင္ဆုိင္ရေလ့ရိွေပမယ့္ ခရစၥမတ္ကာလမတုိင္ခင္မွာ အထူးေျခစြမ္းျပလာၿပီး ၾကာသပေတးေန႔က သူ႕အတြက္ ပထမဆုံးပရီးမီးယားလိဂ္သြင္းဂိုး ရယူႏုိင္ခဲ့သလုိ တနဂၤေႏြေန႔ကလည္း ေနာက္ထပ္ေယာ့ခ္႐ိႈင္းယားအေျခစိုက္အသင္းနဲ႔ပြဲမွာ ေျခစြမ္းျပသြားပါတယ္။

လိဒ္ယူႏုိက္တက္နဲ႔ပြဲမွာ မာရွယ္ရဲ႕ေျခစြမ္းနဲ႔ပတ္သက္လုိ႔ တစ္ခုတည္းေသာေျပာစရာက ဂိုးမသြင္းႏိုင္ခဲ့တဲ့အခ်က္ျဖစ္ၿပီး false nine အျဖစ္ အေကာင္းဆုံးကစားသြားႏုိင္ခဲ့သလို ကြင္းလယ္အထိ ဆင္းကာ အသင္းေဖာ္ေတြအတြက္ ေနရာလြတ္ေတြရွာေဖြေပးႏုိင္ခဲ့ကာ all-around ပံုစံမ်ိဳးကစားသြားပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ရွိ မာရွယ္ဟာ ယူႏုိက္တက္အသင္း ရရွိခဲ့တဲ့ ၆ဂိုးအနက္ ၂ဂိုးကို တုိက္႐ိုက္ဖန္တီးေပးခဲ့ၿပီး ဘ႐ူႏုိဖာနန္ဒက္စ္သြင္းသြားတဲ့ ၂ဂုိးစလုံးမွာလည္း သူ႕က႑ပါ၀င္ခဲ့ပါတယ္။ ဖာနန္ဒက္စ္သြင္းယူသြားတဲ့ပထမဂိုးက မာရွယ္ရဲ႕ထိုးေဖာက္မႈကေန ထြက္လာတာကို အျပင္းကန္သြင္းသြားတာျဖစ္သလုိ ဖာနန္ဒက္စ္ရဲ႕ပင္နယ္တီသြင္းဂိုးကလည္း မာရွယ္ေၾကာင့္ ရရွိခ့ဲတာျဖစ္ပါတယ္။

မာရွယ္ဟာ ရွက္ဖီးယူနဲ႔ပြဲမွာ ဂိုးသြင္းယူႏုိင္ခဲ့တာမွန္ေပမယ့္ ယခုရာသီ သူ႕ရဲ႕အေကာင္းဆုံးစြမ္းေဆာင္ရည္ကေတာ့ လိဒ္ယူႏုိက္တက္နဲ႔ပြဲမွာ ျပသႏိုင္ခဲ့ၿပီး တကယ္လုိ႔ မက္တုိမီေနးသာ အရမ္းေျခစြမ္းမျပႏိုင္ခဲ့ဘူးဆုိရင္ ပြဲစဥ္အလုိက္အေကာင္းဆံုးကစားသမားဆုကို မာရွယ္ရသြားႏိုင္ပါတယ္။

မာရွယ္ဟာ လိဒ္နဲ႔ပြဲမွာ အခြင့္အေရးေတြလည္းရရွိခဲ့ၿပီး သူ႕အေနနဲ႔ အနည္းဆုံး ၂ဂိုးေလာက္ သြင္းယူႏုိင္ခဲ့သင့္ေပမယ့္ ဂိုးမသြင္းႏိုင္ခဲ့တာက သူ႕ရဲ႕စြမ္းေဆာင္ရည္ကို မဖုံးလႊမ္းသင့္ပါဘူး။ ဖာမီႏိုဟာ ၿပီးခဲ့တဲ့ရာသီစတင္ခ်ိန္ကတည္းက လီဗာပူးအတြက္ ၁ဂိုးသြင္းႏုိင္ဖုိ႔ ပ်မ္းမွ် ၄ပြဲအခ်ိန္ယူခဲ့ရေပမယ့္ (မာရွယ္က အဲဒီကာလအတြင္း ပ်မ္းမွ် ၂.၃၈ပြဲမွာ ၁ဂိုးသြင္း) လီဗာပူးနည္းျပကေလာ့ပ္ရဲ႕အဓိကကစားသမားတစ္ဦးအျဖစ္ ရပ္တည္ေနရာ အသင္းရဲ႕နည္းဗ်ဴဟာမွာ ဖာမီႏုိကဘယ္ေလာက္အေရးပါေနလဲဆုိတာ သိႏိုင္ပါတယ္။

ဘရာဇီးလက္ေရြးစင္ ဖာမီႏိုရဲ႕ တစ္ကိုယ္ေကာင္းမဆန္တဲ့ကစားပုံေတြေၾကာင့္ ဘယ္ညာေတာင္ပံတုိက္စစ္မွဴးေတြျဖစ္တဲ့ ဆာလာနဲ႔ မာေနးတုိ႔အတြက္ ကစားရပိုလြယ္သြားၿပီး ဂိုးေတြလည္း ပိုမိုသြင္းလာႏိုင္ပါတယ္။ လိဒ္ယူႏုိက္တက္နဲ႔ပြဲမွာ မာရွယ္ရဲ႕ ေနရာသစ္ေၾကာင့္ အမ်ားဆုံးအက်ိဳးခံစားႏိုင္ခဲ့သူကေတာ့ ကြင္းလယ္လူ မက္တိုမီေနးျဖစ္ၿပီး သူက မာရွယ္ရဲ႕အေနာက္ကေန လုိက္ပါကစားကာ ေနရာလြတ္ေတြကေန ဂိုးေတြသြင္းယူႏုိင္ခဲ့ပါတယ္။