သူတို့ရဲ့ Lamborghini တွေကို အရောင်းစာရင်းတင်လိုက်တဲ့  ဝိန်းရွန်းနီနှင့် အဂွဲရိုး

ဝိန်းရွန်းနီနှင့်ဆာဂျီယိုအဂွဲရိုးတို့ဟာသူတို့ရဲ့ Lamborghini ကားများကို

ပရိသတ်များပိုင်ဆိုင်နိုင်မယ့်အခွင့်အရေးရရှိလာပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နှင့်မန်စီးတီးဂန္ထဝင်တို့ပိုင်ဆိုင်ခဲ့ဖူးတဲ့

စူပါကားများကို နာမည်ကျော်ကားအရောင်းဝက်ဘ်ဆိုက် AutoTrader မှာ

အရောင်းစာရင်းတင်လာတာဖြစ်ပြီးသက်သာတဲ့နှုန်းထားဖြင့်ဝယ်ယူနိုင်ပါမယ်။

အင်္ဂလန်နှင့်ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဝိန်းရွန်းနီရဲ့အနက်ရောင်

Gallardo Spyder ကိုပေါင်၆၉၉၅၀ဖြင့်အရောင်းစာရင်းတင်လာပါတယ်။

ယင်းကားက အမြင့်မားဆုံးမြန်နှုန်း 197mph ဖြင့်မောင်းနှင်နိုင်ပြီး

အပူပေးထိုင်ခုံ၊လျှပ်စစ်မှန်စနစ်၊ဂြိုလ်တုလမ်းညွှန်စနစ်တို့ပါဝင်ပါတယ်။

ယင်းကားကို၂၇၃၆၁မိုင်သာမောင်းနှင်ထားရာနောက်ထပ်များစွာ

မောင်းနှင်နိုင်ပါသေးတယ်။

မန်စီးတီးဂန္ထဝင်တိုက်စစ်မှူးဆာဂျီယိုအဂွဲရိုးရဲ့

အနက်ရောင် Aventador ကိုတော့ပေါင်၁၈၉၉၅၀ ဖြင့်အရောင်းစာရင်း

တင်ထားပါတယ်။ဒီကားကရွန်းနီရဲ့ကားထက်ကောင်းတဲ့ကားဖြစ်ပြီး

217mph အထိမောင်းနှင်နိုင်ပါတယ်။ပိုပြီးတော့စိတ်ဝင်စားဖို့

ကောင်းတာကတော့ ၂၆၂၉မိုင်တည်းသာမောင်းနှင်ရပါသေးတယ်။

ယခုနှစ်အစောပိုင်းတုန်းကအင်တာဗျူးတစ်ခုတွင်ဆာဂျီယိုအဂွဲရိုးက

ယင်းကားကိုသူဘာကြောင့်ဝယ်ဖြစ်ခဲ့လဲဆိုတာစဉ်းစားလို့မရကြောင်း

ဖွင့်ဟခဲ့ဖူးပါတယ်။

zawgyi

သူတို႔ရဲ႕ Lamborghini ေတြကို အေရာင္းစာရင္းတင္လိုက္တဲ့  ဝိန္း႐ြန္းနီႏွင့္ အဂြဲ႐ိုး

ဝိန္း႐ြန္းနီႏွင့္ဆာဂ်ီယိုအဂြဲ႐ိုးတို႔ဟာသူတို႔ရဲ႕ Lamborghini ကားမ်ားကို

ပရိသတ္မ်ားပိုင္ဆိုင္ႏိုင္မယ့္အခြင့္အေရးရရွိလာပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ႏွင့္မန္စီးတီးဂႏၴဝင္တို႔ပိုင္ဆိုင္ခဲ့ဖူးတဲ့

စူပါကားမ်ားကို နာမည္ေက်ာ္ကားအေရာင္းဝက္ဘ္ဆိုက္ AutoTrader မွာ

အေရာင္းစာရင္းတင္လာတာျဖစ္ၿပီးသက္သာတဲ့ႏႈန္းထားျဖင့္ဝယ္ယူႏိုင္ပါမယ္။

အဂၤလန္ႏွင့္ယူႏိုက္တက္ဂႏၴဝင္တိုက္စစ္မႉးဝိန္း႐ြန္းနီရဲ႕အနက္ေရာင္

Gallardo Spyder ကိုေပါင္၆၉၉၅၀ျဖင့္အေရာင္းစာရင္းတင္လာပါတယ္။

ယင္းကားက အျမင့္မားဆုံးျမန္ႏႈန္း 197mph ျဖင့္ေမာင္းႏွင္ႏိုင္ၿပီး

အပူေပးထိုင္ခုံ၊လွ်ပ္စစ္မွန္စနစ္၊ၿဂိဳလ္တုလမ္းၫႊန္စနစ္တို႔ပါဝင္ပါတယ္။

ယင္းကားကို၂၇၃၆၁မိုင္သာေမာင္းႏွင္ထားရာေနာက္ထပ္မ်ားစြာ

ေမာင္းႏွင္ႏိုင္ပါေသးတယ္။ မန္စီးတီးဂႏၴဝင္တိုက္စစ္မႉးဆာဂ်ီယိုအဂြဲ႐ိုးရဲ႕

အနက္ေရာင္ Aventador ကိုေတာ့ေပါင္၁၈၉၉၅၀ ျဖင့္အေရာင္းစာရင္း

တင္ထားပါတယ္။ဒီကားက႐ြန္းနီရဲ႕ကားထက္ေကာင္းတဲ့ကားျဖစ္ၿပီး

217mph အထိေမာင္းႏွင္ႏိုင္ပါတယ္။ပိုၿပီးေတာ့စိတ္ဝင္စားဖို႔

ေကာင္းတာကေတာ့ ၂၆၂၉မိုင္တည္းသာေမာင္းႏွင္ရပါေသးတယ္။

ယခုႏွစ္အေစာပိုင္းတုန္းကအင္တာဗ်ဴးတစ္ခုတြင္ဆာဂ်ီယိုအဂြဲ႐ိုးက

ယင္းကားကိုသူဘာေၾကာင့္ဝယ္ျဖစ္ခဲ့လဲဆိုတာစဥ္းစားလို႔မရေၾကာင္း

ဖြင့္ဟခဲ့ဖူးပါတယ္။