သူနဲ့ အတူ မက်ဆီကို ခေါ်ပြီး ပီအက်စ်ဂျီက စူပါအသင်း တည်ဆောက်ဖို့ ပြင်ဆင်နေကြောင်း ရီးရဲလ်ကို ရာမို့စ် အသိပေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်နောက်ခံလူ ဆာဂျီယိုရာမို့စ်က အသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီးနောက် ပီအက်စ်ဂျီဟာ သူနဲ့ မက်ဆီကိုခေါ်ယူပြီး စူပါအသင်းတစ်သင်းတည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ ရီးရဲလ်အသင်းကို သတိပေးလိုက်ပါတယ်။

ရီးရဲလ်အသင်းကတော့ အသင်းခေါင်းဆောင်ရာမို့စ်ကို စာချုပ်သစ်ချုပ်ဖို့ ပြင်ဆင်နေချိန်မှာ အခြားကလပ်အသင်းတစ်သင်းအကြောင်း ထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။

အဆိုပါကလပ်အသင်းကတော့ ပီအက်စ်ဂျီအသင်းဖြစ်ပြီး နောက်ခံလူ ရာမို့စ်အပြင် မက်ဆီကိုပါ ခေါ်ယူဖို့ ချိတ်ဆက်နေတာဖြစ်ပါတယ်။

စပိန်သတင်းဌာနတစ်ခုရဲ့ သတင်းထောက် ဂျိုးဇက်ကတော့ ရာမို့စ်ဟာ အယ်လ်ချီနဲ့ပွဲမတိုင်ခင် ရီးရဲလ်ဥက္ကဌ ပီရက်ဇ်နဲ့ ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေပြီလို့ ဆိုခဲ့ပါတယ်။

ရီးရဲလ်အသင်းကတော့ ရာမို့စ်က ၂၀၂၃ အထိ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ကစားသမားရဲ့တုံ့ပြန်မှုကို စောင့်မျှော်နေတယ်လို့ ဆိုခဲ့ပါတယ်။

metroသတင်းဌာနကတော့ ဇီဒန်း နဲ့ ရီးရဲလ်တာဝန်ရှိသူတွေဟာ ရာမို့စ်ရဲ့ဆန္ဒကို စောင့်မျှော်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ ရီးရဲလ်အသင်းဟာ ရာမို့စ်ကို စာချုပ်သစ်အတွက်သဘောတူညီမှုရရှိထားပြီးဖြစ်ပေမယ့် ငွေကြေးက ပြဿနာဖြစ်လာနိုင်တယ်လို့ သတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။

မက်ဒရစ်ကတော့ ကိုဗစ်အခြေအနေကြောင့် လစာကို လျော့ချချင်ပေမယ့် ကစားသမားက လက်ရှိရရှိနေတဲ့လ စာအတိုင်း ဆက်လက်ရရှိစေချင်နေပါတယ်။ ရီးရဲလ်အသင်းဟာ ရာမို့စ်ကို ဆုံးရှုံးရမှာ စိုးရိမ်နေပြီး တကယ်လို့ လက်လွှတ်ခဲ့ရရင် ပါအူတောရက်စ် ၊ အလာဘာတို့နဲ့ အစားထိုးဖို့ ပြင်ဆင်နေတယ်ဆိုပြီး metroသတင်းဌာနကဖော်ပြထားပါတယ်။

တောရက်စ်ဟာ စပိန်အသင်းမှာ ရာမို့စ်နဲ့အတူတူ ကစားနေတဲ့အသင်းဖော်ဖြစ်ပြီး လက်ရှိ ဗီလာရီးရဲလ်အသင်းမှာ ကစားနေတာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ ရီးရဲလ်အသင်းဟာ နောက်တန်းနေရာအတွက် ဘိုင်ယန်နောက်ခံလူ အလာဘာကိုလည်း ချိတ်ဆက်နေပါတယ်။

မက်ဆီကလည်း ဘာစီလိုနာအသင်းကနေ နွေရာသီမှာထွက်ခွာဖွယ်ရှိနေပြီး ပီအက်စ်ဂျီ နဲ့ မန်စီးတီးတို့က စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

ရီးရဲလ်ဟာ အသင်းခေါင်းဆောင် ရာမို့စ်အပြင် မိုဒရစ် ၊ ဗက်စ်ကွက်တို့ကိုလည်း စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။ ရီးရဲလ်အသင်းကတော့ ပြိုင်ပွဲစုံနောက်ဆုံး ၈ ပွဲမှာ ၇ ပွဲအထိ အနိုင်ရရှိခဲ့ပြီး လာလီဂါအမှတ်ပေးဇယားထိပ်ပိုင်းကို ရောက်ရှိလာခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သူနဲ႔ အတူ မက္ဆီကို ေခၚၿပီး ပီအက္စ္ဂ်ီက စူပါအသင္း တည္ေဆာက္ဖို႔ ျပင္ဆင္ေနေၾကာင္း ရီးရဲလ္ကို ရာမို႔စ္ အသိေပး

ရီးရဲလ္ေနာက္ခံလူ ဆာဂ်ီယိုရာမို႔စ္က အသင္းရဲ႕စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီဟာ သူနဲ႔ မက္ဆီကိုေခၚယူၿပီး စူပါအသင္းတစ္သင္းတည္ေဆာက္ဖို႔ ျပင္ဆင္ေနတယ္လို႔ ရီးရဲလ္အသင္းကို သတိေပးလိုက္ပါတယ္။ ရီးရဲလ္အသင္းကေတာ့ အသင္းေခါင္းေဆာင္ရာမို႔စ္ကို စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ျပင္ဆင္ေနခ်ိန္မွာ အျခားကလပ္အသင္းတစ္သင္းအေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာခဲ့တာျဖစ္ပါတယ္။ အဆိုပါကလပ္အသင္းကေတာ့ ပီအက္စ္ဂ်ီအသင္းျဖစ္ၿပီး ေနာက္ခံလူ ရာမို႔စ္အျပင္ မက္ဆီကိုပါ ေခၚယူဖို႔ ခ်ိတ္ဆက္ေနတာျဖစ္ပါတယ္။

စပိန္သတင္းဌာနတစ္ခုရဲ႕ သတင္းေထာက္ ဂ်ိဳးဇက္ကေတာ့ ရာမို႔စ္ဟာ အယ္လ္ခ်ီနဲ႔ပြဲမတိုင္ခင္ ရီးရဲလ္ဥကၠဌ ပီရက္ဇ္နဲ႔ ေဆြးေႏြးခဲ့ေပမယ့္ အဆင္မေျပခဲ့တာေၾကာင့္ ကမ္းလွမ္းမႈေတြကို ေစာင့္ေမွ်ာ္ေနၿပီလို႔ ဆိုခဲ့ပါတယ္။ ရီးရဲလ္အသင္းကေတာ့ ရာမို႔စ္က ၂၀၂၃ အထိ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းခဲ့တာျဖစ္ၿပီး ကစားသမားရဲ႕တုံ႔ျပန္မႈကို ေစာင့္ေမွ်ာ္ေနတယ္လို႔ ဆိုခဲ့ပါတယ္။

metroသတင္းဌာနကေတာ့ ဇီဒန္း နဲ႔ ရီးရဲလ္တာဝန္ရွိသူေတြဟာ ရာမို႔စ္ရဲ႕ဆႏၵကို ေစာင့္ေမွ်ာ္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ အျခားတစ္ဖက္မွာေတာ့ ရီးရဲလ္အသင္းဟာ ရာမို႔စ္ကို စာခ်ဳပ္သစ္အတြက္သေဘာတူညီမႈရရွိထားၿပီးျဖစ္ေပမယ့္ ေငြေၾကးက ျပႆနာျဖစ္လာႏိုင္တယ္လို႔ သတင္းဌာနတစ္ခုက ေဖာ္ျပခဲ့ပါတယ္။ မက္ဒရစ္ကေတာ့ ကိုဗစ္အေျခအေနေၾကာင့္ လစာကို ေလ်ာ့ခ်ခ်င္ေပမယ့္ ကစားသမားက လက္ရွိရရွိေနတဲ့လ စာအတိုင္း ဆက္လက္ရရွိေစခ်င္ေနပါတယ္။ ရီးရဲလ္အသင္းဟာ ရာမို႔စ္ကို ဆုံးရႈံးရမွာ စိုးရိမ္ေနၿပီး တကယ္လို႔ လက္လႊတ္ခဲ့ရရင္ ပါအူေတာရက္စ္ ၊ အလာဘာတို႔နဲ႔ အစားထိုးဖို႔ ျပင္ဆင္ေနတယ္ဆိုၿပီး metroသတင္းဌာနကေဖာ္ျပထားပါတယ္။ ေတာရက္စ္ဟာ စပိန္အသင္းမွာ ရာမို႔စ္နဲ႔အတူတူ ကစားေနတဲ့အသင္းေဖာ္ျဖစ္ၿပီး လက္ရွိ ဗီလာရီးရဲလ္အသင္းမွာ ကစားေနတာျဖစ္ပါတယ္။ အျခားတစ္ဖက္မွာေတာ့ ရီးရဲလ္အသင္းဟာ ေနာက္တန္းေနရာအတြက္ ဘိုင္ယန္ေနာက္ခံလူ အလာဘာကိုလည္း ခ်ိတ္ဆက္ေနပါတယ္။

မက္ဆီကလည္း ဘာစီလိုနာအသင္းကေန ေႏြရာသီမွာထြက္ခြာဖြယ္ရွိေနၿပီး ပီအက္စ္ဂ်ီ နဲ႔ မန္စီးတီးတို႔က စိတ္ဝင္စားေနၾကတာျဖစ္ပါတယ္။ ရီးရဲလ္ဟာ အသင္းေခါင္းေဆာင္ ရာမို႔စ္အျပင္ မိုဒရစ္ ၊ ဗက္စ္ကြက္တို႔ကိုလည္း စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ေနပါတယ္။ ရီးရဲလ္အသင္းကေတာ့ ၿပိဳင္ပြဲစုံေနာက္ဆုံး ၈ ပြဲမွာ ၇ ပြဲအထိ အႏိုင္ရရွိခဲ့ၿပီး လာလီဂါအမွတ္ေပးဇယားထိပ္ပိုင္းကို ေရာက္ရွိလာခဲ့ပါတယ္။