သူသာဂျူဗင်တပ်စ်နည်းပြဖြစ်ဆိုရင် ဒိုင်ဘားလားကို ဟယ်ရီကိန်းနဲ့သာ လဲချင်တယ်လို့ ကာပယ်လို အခိုင်အမာပြောကြား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်အသင်းမှာ ဒိုင်ဘားလားတစ်ယောက် ခြေစွမ်းကောင်းတွေပျောက်ဆုံးနေပေမယ့်လည်း သူသာ ဂျူဗင်တပ်စ်နည်းပြဖြစ်လာခဲ့ရင် ဒိုင်ဘားလားကို ဟယ်ရီကိန်းတစ်ဦးတည်းနဲ့သာ အလဲအထပ်လုပ်ချင်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ဒိုင်ဘားလားဟာ ဒီရာသီ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေရပြီး စီးရီးအေ ၈ ပွဲမှာ ၁ ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

အာဂျင်တိုင်းသားဟာ ဒီနှစ်မှာ မိုရာတာ ၊ ရော်နယ်ဒိုတို့ လောင်းရိပ်အောက်ရောက်နေပေမယ့် အင်္ဂလန်နည်းပြဟောင်းကတော့ ဒိုင်ဘားလားရဲ့အမာခံပရိသတ်အဖြစ် ရှိနေတာဖြစ်ပါတယ်။
ဒါ့အပြင် ဂျူဗင်တပ်စ်အနေနဲ့ ပေါ့ဂ်ဘာကိုခေါ်ယူဖို့ ဒိုင်ဘားလားနဲ့ အလဲအထပ်မလုပ်သင့်ဘူးလို့လည်း ဆိုခဲ့ပါတယ်။

“ကျွန်တော်သာဆို ပေါ့ဂ်ဘာကို ဒိုင်ဘားလားနဲ့ အလဲအထပ်လုပ်မှာမဟုတ်ပါဘူး။ ဒိုင်ဘားလားကို ကျွန်တော်က တော့တင်ဟမ်စတား ဟယ်ရီကိန်းနဲ့ပဲ အလဲအထပ်လုပ်ချင်ပါတယ်”လို့ ကာပယ်လိုက ပြောကြားခဲ့ပါတယ်။

၁၉၉၀ မှာ အေစီမီလန်အသင်းကိုကိုင်တွယ်ခဲ့ဖူးတဲ့ ကာပယ်လိုက ဒိုင်ဘားလား ဒီရာသီစွမ်းဆောင်ရည်ကျဆင်းနေတာဟာ ကိုဗစ်ရောဂါခံစားနေခဲ့ရတာကြောင့်ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

“ကိုဗစ်က ဒိုင်ဘားလားအတွက် အဓိကပြဿနာဖြစ်နေတာပါ။ သူ့လိုကစားသမားမျိုးက ခြေစွမ်းအလွယ်တကူကျတတ်တဲ့သူမျိုးမဟုတ်ပါဘူး။ သူ့ရဲ့အကောင်းဆုံးအနေထားပြန်ရဖို့ အချိန်ပေးဖို့ လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာသာ ၁၀၀ % ကြံ့ခိုင်နေမယ်ဆိုရင် သူဟာအကောင်းဆုံးကစားသမားပါပဲ။ ပြီးတော့ ကွင်းထဲမှာလည်း ဘာမဆိုလုပ်ပြနိုင်မယ့်သူပါ”လို့ ကာပယ်လိုက ပြောကြားခဲ့ပါတယ်။

ကာပယ်လိုရဲ့ပြောကြားချက်ထွက်ပေါ်လာပြီးနောက် ဂျူဗင်တပ်စ်အသင်းဟာ ဒိုင်ဘားလားကို တစ်နှစ်လုပ်ခယူရို ၉ သန်းနဲ့ ၂၀၂၅ အထိ စာချုပ်သစ်ကမ်းလှမ်းထားခဲ့ပါတယ်။ ဂျူဗင်တပ်စ်နည်းပြ ပရာတီချီကလည်း သူတို့ဟာ ဒိုင်ဘားလားအေးဂျင့်ရဲ့တုံ့ပြန်မှုကို စောင့်ဆိုင်းနေတယ်လို့ ဆိုခဲ့ပါတယ်။ စကိုင်းစပေါ့တ်အီတာလီယာသတင်းဌာနကလည်း ဂျူဗင်တပ်စ်ဟာ ဒိုင်ဘားလားကိုစာချုပ်သစ်ချုပ်ဆိုပြီး အသင်းမှာဆက်ထိန်းဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

သူသာဂ်ဴဗင္တပ္စ္နည္းျပျဖစ္ဆိုရင္ ဒိုင္ဘားလားကို ဟယ္ရီကိန္းနဲ႔သာ လဲခ်င္တယ္လို႔ ကာပယ္လို အခိုုင္အမာေျပာၾကား

ဂ်ဴဗင္တပ္စ္အသင္းမွာ ဒိုင္ဘားလားတစ္ေယာက္ ေျခစြမ္းေကာင္းေတြေပ်ာက္ဆံုးေနေပမယ့္လည္း သူသာ ဂ်ဴဗင္တပ္စ္နည္းျပျဖစ္လာခဲ့ရင္ ဒိုင္ဘားလားကို ဟယ္ရီကိန္းတစ္ဦးတည္းနဲ႔သာ အလဲအထပ္လုပ္ခ်င္တယ္လို႔ အခိုင္အမာေျပာၾကားလိုက္ပါတယ္။ ဒိုင္ဘားလားဟာ ဒီရာသီ ဒဏ္ရာျပႆနာေတြေၾကာင့္ ရုန္းကန္ေနရျပီး စီးရီးေအ ၈ ပြဲမွာ ၁ ဂုိးသာ သြင္းယူေပးထားႏိုင္ခဲ့ပါတယ္။ အာဂ်င္တိုင္းသားဟာ ဒီႏွစ္မွာ မိုရာတာ ၊ ေရာ္နယ္ဒိုတို႔ ေလာင္းရိပ္ေအာက္ေရာက္ေနေပမယ့္ အဂၤလန္နည္းျပေဟာင္းကေတာ့ ဒိုင္ဘားလားရဲ႕အမာခံပရိသတ္အျဖစ္ ရွိေနတာျဖစ္ပါတယ္။

ဒါ့အျပင္ ဂ်ဴဗင္တပ္စ္အေနနဲ႔ ေပါ့ဂ္ဘာကိုေခၚယူဖို႔ ဒိုင္ဘားလားနဲ႔ အလဲအထပ္မလုပ္သင့္ဘူးလို႔လည္း ဆိုခဲ့ပါတယ္။ “ကြ်န္ေတာ္သာဆို ေပါ့ဂ္ဘာကို ဒိုင္ဘားလားနဲ႔ အလဲအထပ္လုပ္မွာမဟုတ္ပါဘူး။ ဒိုင္ဘားလားကို ကြ်န္ေတာ္က ေတာ့တင္ဟမ္စတား ဟယ္ရီကိန္းနဲ႔ပဲ အလဲအထပ္လုပ္ခ်င္ပါတယ္”လို႔ ကာပယ္လိုက ေျပာၾကားခဲ့ပါတယ္။ ၁၉၉၀ မွာ ေအစီမီလန္အသင္းကိုကိုင္တြယ္ခဲ့ဖူးတဲ့ ကာပယ္လိုက ဒိုင္ဘားလား ဒီရာသီစြမ္းေဆာင္ရည္က်ဆင္းေနတာဟာ ကိုဗစ္ေရာဂါခံစားေနခဲ့ရတာေၾကာင့္ျဖစ္တယ္လို႔ ယံုၾကည္ေနပါတယ္။

“ကိုဗစ္က ဒိုင္ဘားလားအတြက္ အဓိကျပႆနာျဖစ္ေနတာပါ။ သူ႕လိုကစားသမားမ်ိဳးက ေျခစြမ္းအလြယ္တကူက်တတ္တဲ့သူမ်ိဳးမဟုတ္ပါဘူး။ သူ႕ရဲ႕အေကာင္းဆံုးအေနထားျပန္ရဖို႔ အခ်ိန္ေပးဖို႔ လိုအပ္ပါတယ္။ ရုပ္ပိုင္းဆိုင္ရာသာ ၁၀၀ % ၾကံ့ခိုင္ေနမယ္ဆုိရင္ သူဟာအေကာင္းဆံုးကစားသမားပါပဲ။ ျပီးေတာ့ ကြင္းထဲမွာလည္း ဘာမဆိုလုပ္ျပႏုိင္မယ့္သူပါ”လို႔ ကာပယ္လုိက ေျပာၾကားခဲ့ပါတယ္။

ကာပယ္လိုရဲ႕ေျပာၾကားခ်က္ထြက္ေပၚလာျပီးေနာက္ ဂ်ဴဗင္တပ္စ္အသင္းဟာ ဒိုင္ဘားလားကို တစ္ႏွစ္လုပ္ခယူရို ၉ သန္းနဲ႔ ၂၀၂၅ အထိ စာခ်ဳပ္သစ္ကမ္းလွမ္းထားခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္နည္းျပ ပရာတီခ်ီကလည္း သူတို႔ဟာ ဒိုင္ဘားလားေအးဂ်င့္ရဲ႕တုံ႔ျပန္မႈကို ေစာင့္ဆိုင္းေနတယ္လို႔ ဆိုခဲ့ပါတယ္။ စကိုင္းစေပါ့တ္အီတာလီယာသတင္းဌာနကလည္း ဂ်ဴဗင္တပ္စ္ဟာ ဒိုင္ဘားလားကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုျပီး အသင္းမွာဆက္ထိန္းဖို႔ ျပင္ဆင္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။